အဲရစ်တန်ဟက် လက်ထက်မှာ အမေ့ခံဖြစ်လာနေတဲ့ ယူနိုက်တက်ညာနောက်ခံလူ

ယူနိုက်တက်မှာ အမေ့ခံဖြစ်နေတဲ့ ညာနောက်ခံလူ ဝမ်ဘစ်ဆာကာအတွက်သူ့ရဲ့ ယူနိုက်တက်ကစား

သမားဘဝ ကုန်ဆုံးသွားဖို့ အချိန်တွေနီကပ်လာပြီဆိုတာ ဝက်စ်ဟမ်းနဲ့ပွဲစဉ်အပြီးတန်ဟတ်ရဲ့အင်တာ

ဗျူးကနေ သိသာလာနေပါပြီ။ ဆိုးလ်ရှားလက်ထက်က ပွဲထွက်ခွင့်ပုံမှန်ရခဲ့တဲ့ ဝမ်ဘစ်ဆာကာဟာ

ဒဏ်ရာပြဿနာတွေရှိနေခဲ့ရာကနေ အခုအချိန်မှာတော့ အရံစာရင်းမှာတောင် ပါဝင်ခွင့်မရတာအတော့်

ကိုကြာနေပါပြီ။ယူနိုက်တက်ဟာ ဝက်စ်ဟမ်းကိုအနိုင်ယူခဲ့ပြီးနောက် အိုးလ်ထရက်ဖို့ဒ် မှာ ၈ပွဲဆက်

မရှုံးတဲ့မှတ်တမ်းစိုက်ထူးပြီးချဲလ်ဆီးကိုကျော်ဖြတ်ကာ အမှတ်ပေးဇ ယားအဆင့် ၅နေရာ ရပ်တည်နိုင်

ခဲ့ပါတယ်။ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ ပြိုင်ဘက်ရဲ့အန္တရာယ်ရှိတဲ့ ဖြတ်တင်ဘော နှစ်ကြိမ်ကိုခေါင်းတိုက်ရှင်း

ထုတ်ပြီးကာကွယ်နိုင်ခဲ့သလို တိုးတက်မှုရှိလာခဲ့တဲ့ ဒါလော့နဲ့ပတ်သတ်ပြီး နည်းပြတန်ဟတ် ကိုမေး

မြန်းမှုတွေလုပ်ခဲ့ပါတယ်။အသက် ၂၃နှစ်အရွယ်ဒါလော့ဟာ ဒီရာသီမှာ မန်ယူအတွက်ပြိုင်ပွဲစုံ ၁၇ပွဲအ

ထိပွဲထွက်ပါဝင်ခဲ့ပြီး ဂိုးဖန်တီးမှု ၂ကြိမ်လုပ်ထားနိုင်သူဖြစ်တယ်။ပွဲအပြီး Sky Sports ရုပ်သံနဲ့တွေ့ဆုံ

မှုမှာ နည်းပြတန်ဟတ်က “ဒါလော့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် တကယ်ကိုပျော်ရွှင်မိပါတယ်။ဒီနေရာ

မှာ သူတကယ်ကောင်းပါတယ်။ အတက်အဆင်းနဲ့ ဝင်သက်ထွက်သက်တွေ တကယ်ကိုကောင်းတာပါ”

လို့ ချီးကျူးခဲ့ပါတယ်။တန်ဟတ်ဟာ ဒါလော့နေရာကိုကာမိစေဖို့အတွက် ကစားသမားသစ်တစ်ဦးခေါ်

ယူမယ့် လမ်းကြောင်းမျိုးပေးခဲ့ပြီးဘစ်ဆာကာကိစ္စနဲ့ ပတ်သတ်လို့ ဘာမှမပြောခဲ့တဲ့အတွက် ပဲလေ့စ်

ကစားသမားဟောင်းရဲ့ မန်ယူအနာဂါတ်ကကုန်ဆုံးဖို့နီးစပ်ခဲ့တာဖြစ်တယ်။နည်းပြတိုင်းဟာ ဒီကာလ

မှာ သူတို့အသင်းကစားသမားတွေ ကမ္ဘာ့ဖလားလိုက်ပါနိုင်ဖို့အတွက် အလှည့်ကျသုံးစွဲ ပြီးကြိုးစားခွင့်

ပေးနေကြပေမဲ့ တန်ဟတ်ကတော့ ဘစ်ဆာကာကိုချောင်ထိုးထားခဲ့ တာဖြစ်တယ်။

ယူႏိုက္တက္မွာ အေမ့ခံျဖစ္ေနတဲ့ ညာေနာက္ခံလူ ဝမ္ဘစ္ဆာကာအတြက္သူ႔ရဲ႕ ယူႏိုက္တက္ကစား

သမားဘဝ ကုန္ဆုံးသြားဖို႔ အခ်ိန္ေတြနီကပ္လာၿပီဆိုတာ ဝက္စ္ဟမ္းနဲ႔ပြဲစဥ္အၿပီးတန္ဟတ္ရဲ႕အင္တာ

ဗ်ဴးကေန သိသာလာေနပါၿပီ။ ဆိုးလ္ရွားလက္ထက္က ပြဲထြက္ခြင့္ပုံမွန္ရခဲ့တဲ့ ဝမ္ဘစ္ဆာကာဟာ

ဒဏ္ရာျပႆနာေတြရွိေနခဲ့ရာကေန အခုအခ်ိန္မွာေတာ့ အရံစာရင္းမွာေတာင္ ပါဝင္ခြင့္မရတာအေတာ့္

ကိုၾကာေနပါၿပီ။ယူႏိုက္တက္ဟာ ဝက္စ္ဟမ္းကိုအႏိုင္ယူခဲ့ၿပီးေနာက္ အိုးလ္ထရက္ဖို႔ဒ္ မွာ ၈ပြဲဆက္

မရႈံးတဲ့မွတ္တမ္းစိုက္ထူးၿပီးခ်ဲလ္ဆီးကိုေက်ာ္ျဖတ္ကာ အမွတ္ေပးဇ ယားအဆင့္ ၅ေနရာ ရပ္တည္ႏိုင္

ခဲ့ပါတယ္။ဝက္စ္ဟမ္းနဲ႔ပြဲစဥ္မွာ ၿပိဳင္ဘက္ရဲ႕အႏၲရာယ္ရွိတဲ့ ျဖတ္တင္ေဘာ ႏွစ္ႀကိမ္ကိုေခါင္းတိုက္ရွင္း

ထုတ္ၿပီးကာကြယ္ႏိုင္ခဲ့သလို တိုးတက္မႈရွိလာခဲ့တဲ့ ဒါေလာ့နဲ႔ပတ္သတ္ၿပီး နည္းျပတန္ဟတ္ ကိုေမး

ျမန္းမႈေတြလုပ္ခဲ့ပါတယ္။အသက္ ၂၃ႏွစ္အ႐ြယ္ဒါေလာ့ဟာ ဒီရာသီမွာ မန္ယူအတြက္ၿပိဳင္ပြဲစုံ ၁၇ပြဲအ

ထိပြဲထြက္ပါဝင္ခဲ့ၿပီး ဂိုးဖန္တီးမႈ ၂ႀကိမ္လုပ္ထားႏိုင္သူျဖစ္တယ္။ပြဲအၿပီး Sky Sports ႐ုပ္သံနဲ႔ေတြ႕ဆုံ

မႈမွာ နည္းျပတန္ဟတ္က “ဒါေလာ့ရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ တကယ္ကိုေပ်ာ္႐ႊင္မိပါတယ္။ဒီေနရာ

မွာ သူတကယ္ေကာင္းပါတယ္။ အတက္အဆင္းနဲ႔ ဝင္သက္ထြက္သက္ေတြ တကယ္ကိုေကာင္းတာပါ”

လို႔ ခ်ီးက်ဴးခဲ့ပါတယ္။တန္ဟတ္ဟာ ဒါေလာ့ေနရာကိုကာမိေစဖို႔အတြက္ ကစားသမားသစ္တစ္ဦးေခၚ

ယူမယ့္ လမ္းေၾကာင္းမ်ိဳးေပးခဲ့ၿပီးဘစ္ဆာကာကိစၥနဲ႔ ပတ္သတ္လို႔ ဘာမွမေျပာခဲ့တဲ့အတြက္ ပဲေလ့စ္

ကစားသမားေဟာင္းရဲ႕ မန္ယူအနာဂါတ္ကကုန္ဆုံးဖို႔နီးစပ္ခဲ့တာျဖစ္တယ္။နည္းျပတိုင္းဟာ ဒီကာလ

မွာ သူတို႔အသင္းကစားသမားေတြ ကမာၻ႔ဖလားလိုက္ပါႏိုင္ဖို႔အတြက္ အလွည့္က်သုံးစြဲ ၿပီးႀကိဳးစားခြင့္

ေပးေနၾကေပမဲ့ တန္ဟတ္ကေတာ့ ဘစ္ဆာကာကိုေခ်ာင္ထိုးထားခဲ့ တာျဖစ္တယ္။