
ဘာစီလိုနာမှာ နှစ်ပေါင်းများစွာကြာအောင် ကစားမယ်လို့ ဒီဂျောင်ကထပ်ပြောလိုက်လို့ နယ်သာလန်
လက်ရွေးစင်ကို လက်မလျှော့ချင်သေးတဲ့မန်ယူအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်သွားပါတယ်။မန်ယူ
နည်းပြအဲရစ်တန်ဟက်ဟာ အိုးလ်ထရက်ဖို့ဒ်ကိုစရောက်လာကတည်းက သူ့တပည့်ဟောင်းကို ခေါ်ယူ
ဖို့အစွမ်းကုန်ကြိုးပမ်းခဲ့တာပါ။ ၂၅ နှစ်အရွယ် ကစားသမားကို သူပြန်လည်တည်ဆောက်နေတဲ့မန်ယူရဲ့
အစီအစဉ်ထဲမှာ အရေးပါဆုံးသူအဖြစ်သတ်မှတ်ထားတာပါ။ ဒါပေမဲ့ ကစားသမားကိုယ်တိုင်က ဘာစီလို
နာမှာပဲဆက်ရှိချင်တဲ့အတွက်ကြောင့် ပြီးခဲ့တဲ့အပြောင်းအရွှေ့တွေမှာဒီဂျောင်အတွက် မန်ယူရဲ့ကြိုးပမ်း
မှုမှန်သမျှဟာ သဲထဲရေသွန်ဖြစ်ခဲ့ရပါတယ်။အခုလည်း ဒီဂျောင်က ဘာစီလိုနာမှာ နှစ်ပေါင်းများစွာကြာ
ကစားမယ့်သူ့အစီအစဉ်ကို ဖွင့်ဟလိုက်တာပါ။ ”နူးကမ့်ကွင်းသစ်မှာ ကစားရမယ်လို့ကျွန်တော်မျှော်လင့်
ပါတယ်။ ဘာစီလိုနာဟာ ကျွန်တော့်ရဲ့အိပ်မက်တွေထဲက အသင်းပါ။ဒါကြောင့် ဒီမှာ နှစ်ပေါင်းများစွာ
ကြာဆက်ကစားဖို့ ကျွန်တော်စီစဉ်ထားပါတယ်”လို့ဒီဂျောင်က ရုပ်သံတစ်ခုကို ပြောခဲ့ပါတယ်။ ဘာစီလို
နာဟာ နူးကမ့်ကွင်းကိုပြန်လည်မွမ်းမံမို့ စီစဉ်ထားပြီး ဒီနှစ်နှောင်းပိုင်းမှာ စတင်အကောင်အထည်ဖော်မှာ
ဖြစ်ကာစီမံကိန်းက ၂၀၂၆ အထိကြာမှာပါ။ လာမယ့်နွေမှာ ကက်စမဲရိုးနဲ့အတူတွဲကစားမယ့်ကွင်းလယ်လူ
တစ်ယောက်ရှာဖွေနေတဲ့ တန်ဟက်အတွက် ထိုးနှက်ချက်တစ်ခုဖြစ်သွားပါတယ်။ဒီဂျောင်ဟာ အခုရာသီ
ရောက်မှ ဇာဗီရဲ့အသင်းမှာ ပိုနေရာရလာပြီးပြိုင်ပွဲအရပ်ရပ် ၃၂ ပွဲကစားပေးထားတာပါ။
ဘာစီလိုနာမွာ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ကစားမယ္လို႔ ဒီေဂ်ာင္ကထပ္ေျပာလိုက္လို႔ နယ္သာလန္
လက္ေ႐ြးစင္ကို လက္မေလွ်ာ့ခ်င္ေသးတဲ့မန္ယူအတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္သြားပါတယ္။မန္ယူ
နည္းျပအဲရစ္တန္ဟက္ဟာ အိုးလ္ထရက္ဖို႔ဒ္ကိုစေရာက္လာကတည္းက သူ႔တပည့္ေဟာင္းကို ေခၚယူ
ဖို႔အစြမ္းကုန္ႀကိဳးပမ္းခဲ့တာပါ။ ၂၅ ႏွစ္အ႐ြယ္ ကစားသမားကို သူျပန္လည္တည္ေဆာက္ေနတဲ့မန္ယူရဲ႕
အစီအစဥ္ထဲမွာ အေရးပါဆုံးသူအျဖစ္သတ္မွတ္ထားတာပါ။ ဒါေပမဲ့ ကစားသမားကိုယ္တိုင္က ဘာစီလို
နာမွာပဲဆက္ရွိခ်င္တဲ့အတြက္ေၾကာင့္ ၿပီးခဲ့တဲ့အေျပာင္းအေ႐ႊ႕ေတြမွာဒီေဂ်ာင္အတြက္ မန္ယူရဲ႕ႀကိဳးပမ္း
မႈမွန္သမွ်ဟာ သဲထဲေရသြန္ျဖစ္ခဲ့ရပါတယ္။အခုလည္း ဒီေဂ်ာင္က ဘာစီလိုနာမွာ ႏွစ္ေပါင္းမ်ားစြာၾကာ
ကစားမယ့္သူ႔အစီအစဥ္ကို ဖြင့္ဟလိုက္တာပါ။ ”ႏူးကမ့္ကြင္းသစ္မွာ ကစားရမယ္လို႔ကြၽန္ေတာ္ေမွ်ာ္လင့္
ပါတယ္။ ဘာစီလိုနာဟာ ကြၽန္ေတာ့္ရဲ႕အိပ္မက္ေတြထဲက အသင္းပါ။ဒါေၾကာင့္ ဒီမွာ ႏွစ္ေပါင္းမ်ားစြာ
ၾကာဆက္ကစားဖို႔ ကြၽန္ေတာ္စီစဥ္ထားပါတယ္”လို႔ဒီေဂ်ာင္က ႐ုပ္သံတစ္ခုကို ေျပာခဲ့ပါတယ္။ ဘာစီလို
နာဟာ ႏူးကမ့္ကြင္းကိုျပန္လည္မြမ္းမံမို႔ စီစဥ္ထားၿပီး ဒီႏွစ္ေႏွာင္းပိုင္းမွာ စတင္အေကာင္အထည္ေဖာ္မွာ
ျဖစ္ကာစီမံကိန္းက ၂၀၂၆ အထိၾကာမွာပါ။ လာမယ့္ေႏြမွာ ကက္စမဲ႐ိုးနဲ႔အတူတြဲကစားမယ့္ကြင္းလယ္လူ
တစ္ေယာက္ရွာေဖြေနတဲ့ တန္ဟက္အတြက္ ထိုးႏွက္ခ်က္တစ္ခုျဖစ္သြားပါတယ္။ဒီေဂ်ာင္ဟာ အခုရာသီ
ေရာက္မွ ဇာဗီရဲ႕အသင္းမွာ ပိုေနရာရလာၿပီးၿပိဳင္ပြဲအရပ္ရပ္ ၃၂ ပြဲကစားေပးထားတာပါ။