
မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ကစားသမား ပေါလ်စခိုးလ်ဟာအာဆင်နယ်နဲ့ကစားခဲ့တဲ့ပွဲမှာ ဝါရင့်
ကွင်းလယ်လူ အဲရစ်ဆင်ရဲ့ခြေစွမ်းအပေါ် ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ အာဆင်နယ်နဲ့ပွဲမှာယူနိုက်တက်
အသင်းဟာ (၃-၂)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲစုံ(၁၀)ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းကောင်း ရပ်တန့်သွားသလို အခု
ဆိုရင်အာဆင်နယ်နဲ့ (၁၁)မှတ်အထိ ကွာဟသွားပြီဖြစ်ပါတယ်။ယူနိုက်တက်အသင်းအတွက် ရပ်ရှ်ဖို့ဒ်က
အဖွင့်ဂိုးသွင်းယူခဲ့ပြီးအန်ကီတီယာက ချေပဂိုးသွင်းခဲ့သလို (၅၃)မိနစ်မှာ ဆာကာကဒုတိယဂိုးသွင်းခဲ့ပေ
မယ့် မိနစ်ပိုင်းအကြာမှာပဲ လီဆန်ဒရိုမာတီနက်ဇ်ကချေပဂိုးပြန်သွင်းခဲ့ပါတယ်။ ဒါပေမဲ့ ပွဲပြီးခါနီးမှာ အန်
ကီတီယာကအနိုင်ဂိုးသွင်းခဲ့တာကြောင့် အီမရိတ်စ်မှာ အာဆင်နယ်တို့ယူနိုက်တက်ကို ပထမအကျော့ရှုံး
ကြွေး ပြန်ဆပ်နိုင်ခဲ့ပါတယ်။အာဆင်နယ်အတွက် ဆာကာ သွင်းယူခဲ့တဲ့ ဒုတိယဂိုးနဲ့ ပတ်သက်ပြီးပေါလ်စ
ခိုးလ်က “ဆာကာရဲ့ ဂိုးက နည်းနည်းတော့လွယ်ကူတယ်လို့ ကျွန်တော် ထင်မိပြီး သူ ကန်သွားတာတော့
တကယ်ကောင်းပါတယ်။ အဲရစ်ဆင်အနေနဲ့ ဆာကာကိုအခုထက် ပိုပြီးထိန်းချုပ်နိုင်သင့်တယ်လို့ကျွန်
တော် ယူဆမိပြီးဆာကာကို ဘယ်ခြေနဲ့ကန်ခွင့်ပြုခဲ့ပါတယ်။ အဲဒီအမှားလေးတစ်ချက်ကြောင့်ပဲ တစ်ဂိုး
ပေးခဲ့ရတာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
မန္ခ်က္စတာယူႏိုက္တက္ ဂႏၴဝင္ကစားသမား ေပါလ္စခိုးလ္ဟာအာဆင္နယ္နဲ႔ကစားခဲ့တဲ့ပြဲမွာ ဝါရင့္
ကြင္းလယ္လူ အဲရစ္ဆင္ရဲ႕ေျခစြမ္းအေပၚ ေဝဖန္ျပစ္တင္ခဲ့ပါတယ္။ အာဆင္နယ္နဲ႔ပြဲမွာယူႏိုက္တက္
အသင္းဟာ (၃-၂)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီး ၿပိဳင္ပြဲစုံ(၁၀)ပြဲဆက္ရႈံးပြဲမရွိမွတ္တမ္းေကာင္း ရပ္တန႔္သြားသလို အခု
ဆိုရင္အာဆင္နယ္နဲ႔ (၁၁)မွတ္အထိ ကြာဟသြားၿပီျဖစ္ပါတယ္။ယူႏိုက္တက္အသင္းအတြက္ ရပ္ရွ္ဖို႔ဒ္က
အဖြင့္ဂိုးသြင္းယူခဲ့ၿပီးအန္ကီတီယာက ေခ်ပဂိုးသြင္းခဲ့သလို (၅၃)မိနစ္မွာ ဆာကာကဒုတိယဂိုးသြင္းခဲ့ေပ
မယ့္ မိနစ္ပိုင္းအၾကာမွာပဲ လီဆန္ဒ႐ိုမာတီနက္ဇ္ကေခ်ပဂိုးျပန္သြင္းခဲ့ပါတယ္။ ဒါေပမဲ့ ပြဲၿပီးခါနီးမွာ အန္
ကီတီယာကအႏိုင္ဂိုးသြင္းခဲ့တာေၾကာင့္ အီမရိတ္စ္မွာ အာဆင္နယ္တို႔ယူႏိုက္တက္ကို ပထမအေက်ာ့ရႈံး
ေႂကြး ျပန္ဆပ္ႏိုင္ခဲ့ပါတယ္။အာဆင္နယ္အတြက္ ဆာကာ သြင္းယူခဲ့တဲ့ ဒုတိယဂိုးနဲ႔ ပတ္သက္ၿပီးေပါလ္စ
ခိုးလ္က “ဆာကာရဲ႕ ဂိုးက နည္းနည္းေတာ့လြယ္ကူတယ္လို႔ ကြၽန္ေတာ္ ထင္မိၿပီး သူ ကန္သြားတာေတာ့
တကယ္ေကာင္းပါတယ္။ အဲရစ္ဆင္အေနနဲ႔ ဆာကာကိုအခုထက္ ပိုၿပီးထိန္းခ်ဳပ္ႏိုင္သင့္တယ္လို႔ကြၽန္
ေတာ္ ယူဆမိၿပီးဆာကာကို ဘယ္ေျခနဲ႔ကန္ခြင့္ျပဳခဲ့ပါတယ္။ အဲဒီအမွားေလးတစ္ခ်က္ေၾကာင့္ပဲ တစ္ဂိုး
ေပးခဲ့ရတာျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။