
အဲဗာတန်အသင်းပိုင်ရှင်ဖာဟတ်မိုရှီရီဟာအဲဗာတန်အသင်းကိုအရောင်းစာရင်းတင်လာပြီဖြစ်ပြီးပေါင်
သန်း၅၀၀ရရှိလျှင်ရောင်းချလာတော့မှာလည်းဖြစ်ပါတယ်။အဲဗာတန်ဟာမကြာသေးမီတုန်းကရလဒ်ဆိုး
ရွားပြီးတန်းဆင်းဇုန်အတွင်းရုန်းကန်နေရပြီးနောက်နည်းပြဖရန့်လမ်းပတ်ကိုထုတ်ပယ်ခဲ့တဲ့အသင်းဖြစ်
ပြီးယခုအခါအသင်းပိုင်ရှင်မိုရှီရီဟာအသင်းကိုရောင်းချရန်လုပ်ဆောင်လာပြီဖြစ်ပါတယ်။အင်္ဂလန်-အီရန်
စီးပွားရေးလုပ်ငန်းရှင်မိုရှီရီဟာအဲဗာတန်အသင်းကိုရောင်းချရေးအတွက် ကြားဝင်ဆောင်ရွက်ပေးရန်
Deloitte ကိုငှားရမ်းထားပြီးလည်းဖြစ်ပါတယ်။မိုရှီရီဟာပြီးခဲ့တဲ့လများအတွင်းကတည်းက အသင်းတွင်
ရင်းနှီးမြှပ်နှံ့မှုပြုလုပ်မဲ့ ရင်းနှီးမြှပ်နှံသူများရှာဖွေလာခဲ့သူဖြစ်ပါတယ်။သူဟာအဲဗာတန်အသင်းကိုပိုင်ဆိုင်
လာခဲ့တဲ့ခုနှစ်နှစ်တာကာလအတွင်းတွင်ကစားသမားခေါ်ယူအားဖြည့်ရေးအတွက်ပေါင်သန်း၇၀၀ကျော်
အထိအသုံးပြုလာခဲ့သူဖြစ်ပါတယ်။ဒါ့အပြင်သူဟာအသင်းရဲ့အနာဂတ်အတွက် Bramley-Moore Dock
တွင်ပေါင်သန်း၅၅၀အနည်းဆုံးကုန်ကျမဲ့ကွင်းသစ်လည်းတည်ဆောက်ပေးထားသူလည်းဖြစ်ပါတယ်။
သူဟာအဲဗာတန်အသင်းကိုဦးဆောင်ပြီးနောက်နည်းပြမကြာခဏပြောင်းလဲလာသူအဖြစ်နာမည်ကြီးသူ
ဖြစ်ပြီးသူ့လက်ထက်တွင်ရော်နယ်ကိုးမန်း၊ဆမ်အလာဒွိုက်၊မာကိုဆေးလ်ဗား၊ကာလိုအန်ဆယ်လော့တီ၊
ဘင်နီတက်ဇ်နှင့်လမ်းပတ်တို့အထုတ်ခံခဲ့ရပြီးဖြစ်ပါတယ်။ဒါပေမဲ့သူဟာကိုဗစ်ကာလနောက်ပိုင်းတွင်
အသင်းတွင်များစွာရင်းနှီးမြှပ်နှံမှုမပြုလုပ်နိုင်မှု၊ရလဒ်ဆိုးရွားမှုကြောင့်ပရိသတ်များရဲ့ဆန့်ကျင့်သပိတ်
မှောက်မှုများနှင့်ကြုံလာခဲ့ရပါတယ်။သူနဲ့အဲဗာတန်ဘုတ်အဖွဲ့ဝင်များဟာအဲဗာတန်ပရိသတ်များရဲ့သ
ပိတ်မှောက်မှုကြောင့်လုံခြုံရေးစိုးရိမ်ကာယခုလအစောပိုင်းတုန်းကဆောက်သမ်တန်နှင့်ပွဲကိုကွင်းသို့
သွားရောက်မကြည့်ခဲ့ကြပါဘူး။အဲဗာတန်ဟာလက်ရှိအချိန်တွင်ပရီးမီးယားလိဂ်အမှတ်ပေးဇယားအ
ဆင့်၁၉နေရာတွင်ရပ်တည်နေပါတယ်။၎င်းတို့ဟာလာမယ့်ဖေဖော်ဝါရီလ၄ ရက်နေ့တွင်အမှတ်ပေးဇ
ယားကိုဦးဆောင်နေတဲ့အာဆင်နယ်နှင့်လည်းကောင်း၊ယင်းပွဲအပြီး၉ရက်အကြာတွင်မာဆေးဆိုက်ဒါ
ဘီပွဲအဖြစ်လီဗာပူးနှင့်လည်းကောင်းရင်ဆိုင်ရပါမယ်။
အဲဗာတန္အသင္းပိုင္ရွင္ဖာဟတ္မိုရွီရီဟာအဲဗာတန္အသင္းကိုအေရာင္းစာရင္းတင္လာၿပီျဖစ္ၿပီးေပါင္
သန္း၅၀၀ရရွိလွ်င္ေရာင္းခ်လာေတာ့မွာလည္းျဖစ္ပါတယ္။အဲဗာတန္ဟာမၾကာေသးမီတုန္းကရလဒ္ဆိုး
႐ြားၿပီးတန္းဆင္းဇုန္အတြင္း႐ုန္းကန္ေနရၿပီးေနာက္နည္းျပဖရန႔္လမ္းပတ္ကိုထုတ္ပယ္ခဲ့တဲ့အသင္းျဖစ္
ၿပီးယခုအခါအသင္းပိုင္ရွင္မိုရွီရီဟာအသင္းကိုေရာင္းခ်ရန္လုပ္ေဆာင္လာၿပီျဖစ္ပါတယ္။အဂၤလန္-အီရန္
စီးပြားေရးလုပ္ငန္းရွင္မိုရွီရီဟာအဲဗာတန္အသင္းကိုေရာင္းခ်ေရးအတြက္ ၾကားဝင္ေဆာင္႐ြက္ေပးရန္
Deloitte ကိုငွားရမ္းထားၿပီးလည္းျဖစ္ပါတယ္။မိုရွီရီဟာၿပီးခဲ့တဲ့လမ်ားအတြင္းကတည္းက အသင္းတြင္
ရင္းႏွီးျမႇပ္ႏွံ႔မႈျပဳလုပ္မဲ့ ရင္းႏွီးျမႇပ္ႏွံသူမ်ားရွာေဖြလာခဲ့သူျဖစ္ပါတယ္။သူဟာအဲဗာတန္အသင္းကိုပိုင္ဆိုင္
လာခဲ့တဲ့ခုႏွစ္ႏွစ္တာကာလအတြင္းတြင္ကစားသမားေခၚယူအားျဖည့္ေရးအတြက္ေပါင္သန္း၇၀၀ေက်ာ္
အထိအသုံးျပဳလာခဲ့သူျဖစ္ပါတယ္။ဒါ့အျပင္သူဟာအသင္းရဲ႕အနာဂတ္အတြက္ Bramley-Moore Dock
တြင္ေပါင္သန္း၅၅၀အနည္းဆုံးကုန္က်မဲ့ကြင္းသစ္လည္းတည္ေဆာက္ေပးထားသူလည္းျဖစ္ပါတယ္။
သူဟာအဲဗာတန္အသင္းကိုဦးေဆာင္ၿပီးေနာက္နည္းျပမၾကာခဏေျပာင္းလဲလာသူအျဖစ္နာမည္ႀကီးသူ
ျဖစ္ၿပီးသူ႔လက္ထက္တြင္ေရာ္နယ္ကိုးမန္း၊ဆမ္အလာဒြိဳက္၊မာကိုေဆးလ္ဗား၊ကာလိုအန္ဆယ္ေလာ့တီ၊
ဘင္နီတက္ဇ္ႏွင့္လမ္းပတ္တို႔အထုတ္ခံခဲ့ရၿပီးျဖစ္ပါတယ္။ဒါေပမဲ့သူဟာကိုဗစ္ကာလေနာက္ပိုင္းတြင္
အသင္းတြင္မ်ားစြာရင္းႏွီးျမႇပ္ႏွံမႈမျပဳလုပ္ႏိုင္မႈ၊ရလဒ္ဆိုး႐ြားမႈေၾကာင့္ပရိသတ္မ်ားရဲ႕ဆန႔္က်င့္သပိတ္
ေမွာက္မႈမ်ားႏွင့္ႀကဳံလာခဲ့ရပါတယ္။သူနဲ႔အဲဗာတန္ဘုတ္အဖြဲ႕ဝင္မ်ားဟာအဲဗာတန္ပရိသတ္မ်ားရဲ႕သ
ပိတ္ေမွာက္မႈေၾကာင့္လုံၿခဳံေရးစိုးရိမ္ကာယခုလအေစာပိုင္းတုန္းကေဆာက္သမ္တန္ႏွင့္ပြဲကိုကြင္းသို႔
သြားေရာက္မၾကည့္ခဲ့ၾကပါဘူး။အဲဗာတန္ဟာလက္ရွိအခ်ိန္တြင္ပရီးမီးယားလိဂ္အမွတ္ေပးဇယားအ
ဆင့္၁၉ေနရာတြင္ရပ္တည္ေနပါတယ္။၎တို႔ဟာလာမယ့္ေဖေဖာ္ဝါရီလ၄ ရက္ေန႔တြင္အမွတ္ေပးဇ
ယားကိုဦးေဆာင္ေနတဲ့အာဆင္နယ္ႏွင့္လည္းေကာင္း၊ယင္းပြဲအၿပီး၉ရက္အၾကာတြင္မာေဆးဆိုက္ဒါ
ဘီပြဲအျဖစ္လီဗာပူးႏွင့္လည္းေကာင္းရင္ဆိုင္ရပါမယ္။