အဲဗာတန်နဲ့ပွဲမှာ ယူနိုက်တက် ဘယ်လိုရလဒ်တွေဖြစ်လာမလဲလို့ ပေါလ်မာဆန် နဲ့ လော်ရိုးတို့ကပြောပြီ။

ချန်ပီယံလိဂ်မှာလည်း ဗီလာရီးရဲလ်ရဲ့ ဦးဆောင်ဂိုးသွင်းယူခဲ့တာကိုခံခဲ့ရပြီး သုံးပွဲဆက် အရေးနိမ့်တော့မယ့်အခြေအနေကနေ လွတ်မြောက်လာခဲ့တဲ့ ယူနိုက်တက်ဟာ ဒီတစ်ပတ်မှာလည်း သူနဲ့ ရမှတ်တူ ဇယားအောက်က အဲဗာတန်အသင်းနဲ့ အိမ်ကွင်းအိုးထရက်ဖိုဒ်မှာ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။ စနေနေ့ အစောပိုင်းပွဲစဉ်တစ်ပွဲဖြစ်တဲ့ ယူနိုက်တက်နဲ့ အဲဗာတန်တို့ရဲ့ ပွဲစဉ်ကို နာမည်ကျော် ပွဲခန့်မှန်းသူတွေဖြစ်ကြတဲ့ ပေါလ်မာဆန်နဲ့ လောရိုးတို့ ကသူတို့ရဲ့ အမြင်တွေနဲ့ သုံးသပ်ပြထားကြပါတယ်။ ပေါလ်မာဆန် ကတော့ ယူနိုက်တက်အသင်း ကပ်နိုင်မယ်လို့ ခန့်မှန်းထားပေမယ့် လောရိုးကတော့ (၂)ဂိုးပြတ်နဲ့ အနိုင်ယူသွားမယ်ဆိုပြီး ခန့်မှန်းထားပါတယ်။ ပွဲအဖြေက ဘယ်လိုဖြစ်လာမလဲ…? ဘယ်သူ့ရဲ့ သုံးသပ်မှုက ပွဲပြီးရလဒ်နဲ့ အနီးစပ်ဆုံးဖြစ်လေမလဲ…? ပွဲအပြီးမှာ ပြောင်းပြန်ရလဒ်တွေ ထွက်လာမလားဆိုတာကတော့….

ပေါလ်မာဆန် ရဲ့ ခန့်မှန်းချက်
အိုးထရက်ဖိုဒ်မှာ ဒီတစ်ပတ် စနေနေ့၊ ညနေ ၆ နာရီမှာ အဲဗာတန်နဲ့ ကစားမယ့် ယူနိုက်တက်က ဘယ်လောက် ကံကောင်းနိုင်ဦးမလဲ။ ချန်ပီယံလိဂ်မှာ ဗီလာရီးရဲလ်က သူတို့ကို ဘောလုံးကို ဘယ်လိုကစားရလဲ ဆိုတာ ပြသသွားခဲ့ပါတယ်။ ဒါပေမယ့် သူတို့က ကံကောင်းသွားခဲ့လို့ နောက်ဆုံးမိနစ်မှာ အနိုင်ဂိုး ရသွားခဲ့တာပါ။

ဆုဖလားတွေရယူနိုင်ဖို့ ဆိုရင်တော့ ဒီအချိန်ဟာ ယူနိုက်တက်အသင်းအနေနဲ့ သူတို့ ကစားပုံကို ပြောင်းလဲဖို့ လိုအပ်နေပါပြီ။
သူတို့အသင်းဟာ အချိန်တိုင်း အခြေအနေ ဆိုးနေဖို့တော့ မရှိပါဘူး။ ဒါကြောင့် ကျွန်တော်က ယူနိုက်တက်အနေနဲ့ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲမှာတော့ (၂-၁) ရလဒ် နဲ့ အနိုင်ရသွားလိမ့်မယ်လို့ ထင်ပါတယ်။

အက်စတွန်ဗီလာနဲ့ ပွဲမှာ ကံဆိုးပြီး ပင်နယ်တီ မဝင်ခဲ့လို့ရှုံးနိမ့်ခဲ့ပေမယ့် ချန်ပီယံလိဂ်မှာ ဗီလာရီးရဲလ်ကို အနိုင်ယူခဲ့တာကြောင့် ယူနိုက်တက်ရဲ့ ရလဒ်တွေဟာ ခန့်မှန်းရ ခက်ပါတယ်။

အဲဗာတန်အသင်းကတော့ အမှတ်ပေးဇယားမှာ ယူနိုက်တက်အသင်းနဲ့ရမှတ်တူ ဂိုးကွာခြားချက်အရ အဆင့်(၅)မှာရပ်တည်နေပြီး ဒီရာသီမှာ ရလဒ်ပိုင်းတွေအရ မဆိုးရွားပေမယ့် သူတို့မှာလည်း စိတ်ပူစရာ ဒဏ်ရာ ပြဿနာတွေ ရှိနေပါတယ်။ အသင်းရဲ့ အဓိက ပွဲထွက် ကစားသမား အပြည့်အစုံနဲ့သာ ပွဲထွက်ခဲ့မယ်ဆိုရင်တော့ သူတို့ဟာ ယူနိုက်တက်အသင်းကို ဖိအားတွေ ပေးနိုင်မှာပါ။ ဒါပေမယ့် ဒီတစ်ပတ် အိုးထရက်ဖို့ဒ်မှာ ကန်မယ့် ပွဲမှာတော့ လုပ်နိုင်ဦးမယ်လို့ မထင်ပါဘူး။

ပွဲခန့်မှန်းချက် ယူနိုက်တက် ၂-၁ အဲဗာတန်။

လောရိုးရဲ့ ခန့်မှန်းချက်

ချန်ပီယံလိဂ်မှာ ဗီလာရီးရဲလ်ကို နောက်ကျ အနိုင်ဂိုးသွင်းယူပြီး နိုင်ပွဲရယူနိုင်ခဲ့တာဟာ ယူနိုက်တက်အသင်းအတွက် အရေးပါတဲ့နိုင်ပွဲတစ်ခုဖြစ်ပါတယ်။ ယူနိုက်တက်ဟာ နောက်ကနေ လိုက်ကစားရပြီးနောက် ပွဲအတွင်းမှာ သုံးပွဲဆက် အရေးနိမ့်တော့မှာပဲ ဆိုတဲ့ ဝေဖန်ခံရမှုတွေ ရှိနေခဲ့တာပါ။ နောက်ဆုံးမိနစ်မှာတော့ ရော်နယ်ဒိုရဲ့ ပွဲအပေါ် အာရုံစူးစိုက်တဲ့ နိုင်ပွဲရယူလိုမှုအပေါ်မှာပဲ သူတို့အသင်းအတွက် လိုအပ်တဲ့ ရလဒ်ကို ရယူသွားနိုင်ခဲ့တာပဲဖြစ်ပါတယ်။

ယူနိုက်တက်အသင်းနဲ့ ချန်ပီယံလိဂ်၊ပရီးမီးယားလိဂ်ပြိုင်ပွဲနှစ်ခုမှာ ပွဲထွက်(၅) ကြိမ် ကစားအပြီး (၅) ဂိုး သွင်းယူထားတဲ့ ရော်နယ်ဒိုဟာ အခုကြုံတွေ့နေတဲ့ ယူနိုက်တက်ရဲ့ ကစားကွက် နည်းစနစ် ပြဿနာတွေနဲ့ ကင်းလွတ်နေတဲ့သူပါ။ ဒီတစ်ပတ်မှာ အဲဗာတန်အသင်းနဲ့ တွေဆုံရမှုဟာလည်း ဆိုးလ်ရှားရဲ့ ယူနိုက်တက်အတွက် ခက်ခဲတဲ့ စမ်းသပ်မှု ဖြစ်လာမှာသေချာပါတယ်။ ဘာကြောင့်လည်းဆိုရင် ဘင်နီတက်စ် လက်ထက်မှာ အဲဗာတန်အသင်း ဘယ်လောက်တောင် ကောင်းနေလဲဆိုတာကို ကျွန်တော်တို့ မြင်နေရလို့ပါပဲ။

မနှစ်တုန်းက မက်ဂွိုင်းယား မပါဝင်နိုင်ချိန်မှာ အသင်းရဲ့ ခံစစ်ပိုင်းက အတော့ကို ရုန်းကန်ခဲ့ရသလို အခုအချိန်မှာ ဒဏ်ရာကြောင့်အနားယူနေရတဲ့ မက်ဂွိုင်းယား မပါဝင်ဘဲ အဲဗာတန်အသင်း ကိုရင်ဆိုင်ရဖို့ရှိနေပါတယ်။ ဒါပေမယ့် ဒီနှစ်မှာ ဗာရိန်း ရောက်လာတာကြောင့် သူတို့ခံစစ်က တောင့်တင်းလာနေပြီလို့ ဆိုရမှာပါပဲ။ အဲဗာတန်မှာလည်း ကလိုင်းဗက်လီဝင် မပါဝင်နိုင်သေးတာက ယူနိုက်တက်အသင်းအတွက် ဖိအားလျှော့စေနိုင်သလို မာဆေးဆိုဒ်အသင်းအတွက်လည်း တိုက်စစ်ပိုင်းမှာ အားနည်းချက်ဖြစ်စေပါလိမ့်မယ်။

ပွဲခန့်မှန်းချက် ယူနိုက်တက် (၂-ဝ) အဲဗာတန်။

zawgyi

အဲဗာတန္နဲ႔ပြဲမွာ ယူႏိုက္တက္ ဘယ္လိုရလဒ္ေတြျဖစ္လာမလဲလို႔ ေပါလ္မာဆန္ နဲ႔ ေလာ႐ိုးတို႔ကေျပာၿပီ။

ခ်န္ပီယံလိဂ္မွာလည္း ဗီလာရီးရဲလ္ရဲ႕ ဦးေဆာင္ဂိုးသြင္းယူခဲ့တာကိုခံခဲ့ရၿပီး သုံးပြဲဆက္ အေရးနိမ့္ေတာ့မယ့္အေျခအေနကေန လြတ္ေျမာက္လာခဲ့တဲ့ ယူႏိုက္တက္ဟာ ဒီတစ္ပတ္မွာလည္း သူနဲ႔ ရမွတ္တူ ဇယားေအာက္က အဲဗာတန္အသင္းနဲ႔ အိမ္ကြင္းအိုးထရက္ဖိုဒ္မွာ ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ပါတယ္။ စေနေန႔ အေစာပိုင္းပြဲစဥ္တစ္ပြဲျဖစ္တဲ့ ယူႏိုက္တက္နဲ႔ အဲဗာတန္တို႔ရဲ႕ ပြဲစဥ္ကို နာမည္ေက်ာ္ ပြဲခန႔္မွန္းသူေတြျဖစ္ၾကတဲ့ ေပါလ္မာဆန္နဲ႔ ေလာ႐ိုးတို႔ ကသူတို႔ရဲ႕ အျမင္ေတြနဲ႔ သုံးသပ္ျပထားၾကပါတယ္။ ေပါလ္မာဆန္ ကေတာ့ ယူႏိုက္တက္အသင္း ကပ္ႏိုင္မယ္လို႔ ခန႔္မွန္းထားေပမယ့္ ေလာ႐ိုးကေတာ့ (၂)ဂိုးျပတ္နဲ႔ အႏိုင္ယူသြားမယ္ဆိုၿပီး ခန႔္မွန္းထားပါတယ္။ ပြဲအေျဖက ဘယ္လိုျဖစ္လာမလဲ…? ဘယ္သူ႔ရဲ႕ သုံးသပ္မႈက ပြဲၿပီးရလဒ္နဲ႔ အနီးစပ္ဆုံးျဖစ္ေလမလဲ…? ပြဲအၿပီးမွာ ေျပာင္းျပန္ရလဒ္ေတြ ထြက္လာမလားဆိုတာကေတာ့….

ေပါလ္မာဆန္ ရဲ႕ ခန႔္မွန္းခ်က္
အိုးထရက္ဖိုဒ္မွာ ဒီတစ္ပတ္ စေနေန႔၊ ညေန ၆ နာရီမွာ အဲဗာတန္နဲ႔ ကစားမယ့္ ယူႏိုက္တက္က ဘယ္ေလာက္ ကံေကာင္းႏိုင္ဦးမလဲ။ ခ်န္ပီယံလိဂ္မွာ ဗီလာရီးရဲလ္က သူတို႔ကို ေဘာလုံးကို ဘယ္လိုကစားရလဲ ဆိုတာ ျပသသြားခဲ့ပါတယ္။ ဒါေပမယ့္ သူတို႔က ကံေကာင္းသြားခဲ့လို႔ ေနာက္ဆုံးမိနစ္မွာ အႏိုင္ဂိုး ရသြားခဲ့တာပါ။

ဆုဖလားေတြရယူႏိုင္ဖို႔ ဆိုရင္ေတာ့ ဒီအခ်ိန္ဟာ ယူႏိုက္တက္အသင္းအေနနဲ႔ သူတို႔ ကစားပုံကို ေျပာင္းလဲဖို႔ လိုအပ္ေနပါၿပီ။
သူတို႔အသင္းဟာ အခ်ိန္တိုင္း အေျခအေန ဆိုးေနဖို႔ေတာ့ မရွိပါဘူး။ ဒါေၾကာင့္ ကြၽန္ေတာ္က ယူႏိုက္တက္အေနနဲ႔ ဒီတစ္ပတ္ ပရီးမီးယားလိဂ္ ပြဲမွာေတာ့ (၂-၁) ရလဒ္ နဲ႔ အႏိုင္ရသြားလိမ့္မယ္လို႔ ထင္ပါတယ္။

အက္စတြန္ဗီလာနဲ႔ ပြဲမွာ ကံဆိုးၿပီး ပင္နယ္တီ မဝင္ခဲ့လို႔ရႈံးနိမ့္ခဲ့ေပမယ့္ ခ်န္ပီယံလိဂ္မွာ ဗီလာရီးရဲလ္ကို အႏိုင္ယူခဲ့တာေၾကာင့္ ယူႏိုက္တက္ရဲ႕ ရလဒ္ေတြဟာ ခန႔္မွန္းရ ခက္ပါတယ္။

အဲဗာတန္အသင္းကေတာ့ အမွတ္ေပးဇယားမွာ ယူႏိုက္တက္အသင္းနဲ႔ရမွတ္တူ ဂိုးကြာျခားခ်က္အရ အဆင့္(၅)မွာရပ္တည္ေနၿပီး ဒီရာသီမွာ ရလဒ္ပိုင္းေတြအရ မဆိုး႐ြားေပမယ့္ သူတို႔မွာလည္း စိတ္ပူစရာ ဒဏ္ရာ ျပႆနာေတြ ရွိေနပါတယ္။ အသင္းရဲ႕ အဓိက ပြဲထြက္ ကစားသမား အျပည့္အစုံနဲ႔သာ ပြဲထြက္ခဲ့မယ္ဆိုရင္ေတာ့ သူတို႔ဟာ ယူႏိုက္တက္အသင္းကို ဖိအားေတြ ေပးႏိုင္မွာပါ။ ဒါေပမယ့္ ဒီတစ္ပတ္ အိုးထရက္ဖို႔ဒ္မွာ ကန္မယ့္ ပြဲမွာေတာ့ လုပ္ႏိုင္ဦးမယ္လို႔ မထင္ပါဘူး။

ပြဲခန႔္မွန္းခ်က္ ယူႏိုက္တက္ ၂-၁ အဲဗာတန္။

ေလာ႐ိုးရဲ႕ ခန႔္မွန္းခ်က္

ခ်န္ပီယံလိဂ္မွာ ဗီလာရီးရဲလ္ကို ေနာက္က် အႏိုင္ဂိုးသြင္းယူၿပီး ႏိုင္ပြဲရယူႏိုင္ခဲ့တာဟာ ယူႏိုက္တက္အသင္းအတြက္ အေရးပါတဲ့ႏိုင္ပြဲတစ္ခုျဖစ္ပါတယ္။ ယူႏိုက္တက္ဟာ ေနာက္ကေန လိုက္ကစားရၿပီးေနာက္ ပြဲအတြင္းမွာ သုံးပြဲဆက္ အေရးနိမ့္ေတာ့မွာပဲ ဆိုတဲ့ ေဝဖန္ခံရမႈေတြ ရွိေနခဲ့တာပါ။ ေနာက္ဆုံးမိနစ္မွာေတာ့ ေရာ္နယ္ဒိုရဲ႕ ပြဲအေပၚ အာ႐ုံစူးစိုက္တဲ့ ႏိုင္ပြဲရယူလိုမႈအေပၚမွာပဲ သူတို႔အသင္းအတြက္ လိုအပ္တဲ့ ရလဒ္ကို ရယူသြားႏိုင္ခဲ့တာပဲျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းနဲ႔ ခ်န္ပီယံလိဂ္၊ပရီးမီးယားလိဂ္ၿပိဳင္ပြဲႏွစ္ခုမွာ ပြဲထြက္(၅) ႀကိမ္ ကစားအၿပီး (၅) ဂိုး သြင္းယူထားတဲ့ ေရာ္နယ္ဒိုဟာ အခုႀကဳံေတြ႕ေနတဲ့ ယူႏိုက္တက္ရဲ႕ ကစားကြက္ နည္းစနစ္ ျပႆနာေတြနဲ႔ ကင္းလြတ္ေနတဲ့သူပါ။ ဒီတစ္ပတ္မွာ အဲဗာတန္အသင္းနဲ႔ ေတြဆုံရမႈဟာလည္း ဆိုးလ္ရွားရဲ႕ ယူႏိုက္တက္အတြက္ ခက္ခဲတဲ့ စမ္းသပ္မႈ ျဖစ္လာမွာေသခ်ာပါတယ္။ ဘာေၾကာင့္လည္းဆိုရင္ ဘင္နီတက္စ္ လက္ထက္မွာ အဲဗာတန္အသင္း ဘယ္ေလာက္ေတာင္ ေကာင္းေနလဲဆိုတာကို ကြၽန္ေတာ္တို႔ ျမင္ေနရလို႔ပါပဲ။

မႏွစ္တုန္းက မက္ဂြိဳင္းယား မပါဝင္ႏိုင္ခ်ိန္မွာ အသင္းရဲ႕ ခံစစ္ပိုင္းက အေတာ့ကို ႐ုန္းကန္ခဲ့ရသလို အခုအခ်ိန္မွာ ဒဏ္ရာေၾကာင့္အနားယူေနရတဲ့ မက္ဂြိဳင္းယား မပါဝင္ဘဲ အဲဗာတန္အသင္း ကိုရင္ဆိုင္ရဖို႔ရွိေနပါတယ္။ ဒါေပမယ့္ ဒီႏွစ္မွာ ဗာရိန္း ေရာက္လာတာေၾကာင့္ သူတို႔ခံစစ္က ေတာင့္တင္းလာေနၿပီလို႔ ဆိုရမွာပါပဲ။ အဲဗာတန္မွာလည္း ကလိုင္းဗက္လီဝင္ မပါဝင္ႏိုင္ေသးတာက ယူႏိုက္တက္အသင္းအတြက္ ဖိအားေလွ်ာ့ေစႏိုင္သလို မာေဆးဆိုဒ္အသင္းအတြက္လည္း တိုက္စစ္ပိုင္းမွာ အားနည္းခ်က္ျဖစ္ေစပါလိမ့္မယ္။

ပြဲခန႔္မွန္းခ်က္ ယူႏိုက္တက္ (၂-ဝ) အဲဗာတန္။