အဲဗာတန်နည်းပြအဖွဲ့ဝင်အဖြစ်မှ ဒန်ကင်ဖာဂူဆန် နုတ်ထွက်
ဒန်ကင်ဖာဂူဆန်ဟာနည်းပြဘဝရည်မှန်းချက်ဖြင့်အဲဗာတန်နည်းပြအဖွဲ့ဝင်အဖြစ်မှနုတ်ထွက်
လိုက်ပြီဖြစ်ပါတယ်။စကော့တလန်တိုက်စစ်မှူးဟောင်းဟာပြီးခဲ့တဲ့ဘောလုံးရာသီအပြီးကတည်း
ကအနာဂတ်နှင့်ပတ်သက်ပြီးအလေးအနက်ထားစဉ်းစားလာခဲ့တာဖြစ်ပြီးယခုအခါမှာတော့အဲ
ဗာတန်နည်းပြအဖွဲ့ဝင်အဖြစ်မှနုတ်ထွက်ရန်ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။ဖာဂူဆန်ဟာကစား
သမားဘဝတုန်းကအဲဗာတန်တွင်နှစ်ကြိမ်ကစားခဲ့ဖူးပြီး၂၀၀၆ခုနှစ်တွင်ကစားသမားဘဝမှအနား
ယူခဲ့ပါတယ်။သူဟာယင်းနောက်ငါးနှစ်အကြာတွင်အဲဗာတန်နည်းပြအဖွဲ့ဝင်အဖြစ် ဒေးဗစ်မို
ယက်စ်ရဲ့ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ယင်းနောက်ပိုင်းတွင်သူဟာရော်နယ်ကိုးမန်း၊ဆမ်အလာ
ဒွိုက်၊မာကိုဆေးလ်ဗား၊ကာလိုအန်ဆယ်လော့တီ၊ရာဖေးလ်ဘင်နီတက်ဇ်၊လမ်းပတ်တို့ရဲ့လက်
အောက်တွင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။သူဟာအဲဗာတန်ယာယီနည်းပြအဖြစ်နှစ်ကြိမ်တိုင်
တိုင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ဆန်းဒါးလန်းနှင့်ဘလက်ဘန်းတို့ဟာပြီးခဲ့တဲ့ခြောက်လအ
တွင်းတွင်ဒန်ကင်ဖာဂူဆန်အားနည်းပြအဖြစ်ခန့်အပ်ရန်စဉ်းစားခဲ့ကြဖူးပါတယ်။