
လိဒ်ပိုင်ရှင်အင်ဒရေရာဒရီဇာနီကရာဖင်ညာရဲ့အပြောင်းအရွှေ့အခြေအနေအပြောင်းလဲဖြစ်သွား
ကြောင်း ချဲလ်ဆီးဥက္ကဌတော့ဒ်ဘိုလီအားပြောရချိန်တုန်းက ရှက်သလိုခံစားခဲ့ရကြောင်းဖွင့်ဟ
လာပါတယ်။ပြီးခဲ့တဲ့လတုန်းကရာဖင်ညာဟာချဲလ်ဆီးသို့ပြောင်းရွှေ့ရန်အားလုံးသဘောတူညီမှု
ရရှိခဲ့ပြီးသားဖြစ်ခဲ့ပေမဲ့ဘာစီလိုနာကြားဝင်လာပြီးနောက်ပေါင်၅၅သန်းဖြင့်နူးကမ့်သို့ပြောင်းရွှေ့
သွားခဲ့ပါတယ်။ရာဖင်ညာဟာဘာစီလိုနာသို့မပြောင်းမီချဲလ်ဆီးသို့ပြောင်းရန်အပြီးသတ်လုနီးပါး
အခြေအနေတွင်ရှိနေခဲ့တာလည်းဖြစ်ပါတယ်။ယခုအခါလိဒ်ဥက္ကဌက “ကျွန်တော့်အတွက်တော့
အပြောင်းအရွှေ့ကပြီးသွားပြီပေါ့။ကိုယ့်ကတိကိုဖျက်ခဲ့ရတယ်။တော့ဘိုလီကို အခြေအနေအပြောင်း
းအလဲအကြောင်းပြောရတော့ရှက်သလိုခံစားရတယ်။ချဲလ်ဆီးကသူ့စိတ်ကြိုက်ရွေးချယ်မှုဖြစ်ခဲ့
တာပါ။ဒါပေမဲ့ကံဆိုးစွာဘဲဘာစီလိုနာရဲ့လွမ်းမိုးမှုရှိတော့ကစားသမားက ဘာစီလိုနာဘက်ကအ
ဖြေတစ်ခုရလာတဲ့အထိစောင့်ဆိုင်းနေခဲ့တယ်။ဒါကဒီစနစ်ထဲကကစားသမားနဲ့သူတို့ရဲ့အေးဂျင့်
တွေရဲ့ပါဝါကိုပြသတာပါ။ကျွန်တော်တို့ဟာကလပ်ကိုတည်ဆောက်ဖို့အများကြီးရင်းနှီးမြှပ်နှံမှု
လုပ်ထားရတာပါ။သန်းရာပေါင်းများစွာရင်းနှီးမြှပ်နှံရတယ်။ဒါပေမဲ့ပါဝါကအေးဂျင့်တွေနဲ့ကစား
သမားတွေရဲ့ကိုယ်စားလှယ်တွေအပေါ်မှာပဲရှိနေပါတယ်”လို့ပြောကြားသွားပါတယ်။
လိဒ္ပိုင္ရွင္အင္ဒေရရာဒရီဇာနီကရာဖင္ညာရဲ႕အေျပာင္းအေ႐ႊ႕အေျခအေနအေျပာင္းလဲျဖစ္သြား
ေၾကာင္း ခ်ဲလ္ဆီးဥကၠဌေတာ့ဒ္ဘိုလီအားေျပာရခ်ိန္တုန္းက ရွက္သလိုခံစားခဲ့ရေၾကာင္းဖြင့္ဟ
လာပါတယ္။ၿပီးခဲ့တဲ့လတုန္းကရာဖင္ညာဟာခ်ဲလ္ဆီးသို႔ေျပာင္းေ႐ႊ႕ရန္အားလုံးသေဘာတူညီမႈ
ရရွိခဲ့ၿပီးသားျဖစ္ခဲ့ေပမဲ့ဘာစီလိုနာၾကားဝင္လာၿပီးေနာက္ေပါင္၅၅သန္းျဖင့္ႏူးကမ့္သို႔ေျပာင္းေ႐ႊ႕
သြားခဲ့ပါတယ္။ရာဖင္ညာဟာဘာစီလိုနာသို႔မေျပာင္းမီခ်ဲလ္ဆီးသို႔ေျပာင္းရန္အၿပီးသတ္လုနီးပါး
အေျခအေနတြင္ရွိေနခဲ့တာလည္းျဖစ္ပါတယ္။ယခုအခါလိဒ္ဥကၠဌက “ကြၽန္ေတာ့္အတြက္ေတာ့
အေျပာင္းအေ႐ႊ႕ကၿပီးသြားၿပီေပါ့။ကိုယ့္ကတိကိုဖ်က္ခဲ့ရတယ္။ေတာ့ဘိုလီကို အေျခအေနအေျပာင္း
းအလဲအေၾကာင္းေျပာရေတာ့ရွက္သလိုခံစားရတယ္။ခ်ဲလ္ဆီးကသူ႔စိတ္ႀကိဳက္ေ႐ြးခ်ယ္မႈျဖစ္ခဲ့
တာပါ။ဒါေပမဲ့ကံဆိုးစြာဘဲဘာစီလိုနာရဲ႕လြမ္းမိုးမႈရွိေတာ့ကစားသမားက ဘာစီလိုနာဘက္ကအ
ေျဖတစ္ခုရလာတဲ့အထိေစာင့္ဆိုင္းေနခဲ့တယ္။ဒါကဒီစနစ္ထဲကကစားသမားနဲ႔သူတို႔ရဲ႕ေအးဂ်င့္
ေတြရဲ႕ပါဝါကိုျပသတာပါ။ကြၽန္ေတာ္တို႔ဟာကလပ္ကိုတည္ေဆာက္ဖို႔အမ်ားႀကီးရင္းႏွီးျမႇပ္ႏွံမႈ
လုပ္ထားရတာပါ။သန္းရာေပါင္းမ်ားစြာရင္းႏွီးျမႇပ္ႏွံရတယ္။ဒါေပမဲ့ပါဝါကေအးဂ်င့္ေတြနဲ႔ကစား
သမားေတြရဲ႕ကိုယ္စားလွယ္ေတြအေပၚမွာပဲရွိေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။