အီရန်နိုင်ပွဲအတွက် လူထုနဲ့ အတူအောင်ပွဲခံခဲ့တဲ့ သမ္မတ ဂျိုးဘိုင်ဒန်

သမ္မတ ဂျိုးဘိုင်ဒန်ဟာ အီရန်အသင်းကို အနိုင်ရပြီး အမေရိကန်အသင်းက ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်

တစ်နေရာကို ရရှိခဲ့တဲ့အတွက်သူ့ရဲ့ ခရီးစဉ်တစ်ခုအတွင်း လူထုနဲ့ အတူ အောင်ပွဲခံခဲ့ပါတယ်။သမ္မတ ဘိုင်

ဒန်ဟာ အီရန်အပေါ် အမေရိကန်က အနိုင်ရခဲ့တဲ့အကြောင်းကိုMichigan နည်းပညာစက်ရုံကို ရောက်ရှိ

နေချိန် သိရပြီးနောက်စင်ပေါ်တင်ကာရလဒ်ကို လူထုဆီ ကြေညာပေးခဲ့တာပါ။ “အမေရိကန်က ၁ဂိုး ဂိုး

မရှိနဲ့ပွဲပြီးသွားပါပြီ။ USA! USA! ဒါက ပွဲကြီးတစ်ပွဲပါပဲ ငါ့လူတို့ရေ။ကစားသမားတွေကို ကျွန်တော် စကား

ပြောရတုန်းက‘မင်းတို့ လုပ်နိုင်ပါတယ်ကွာ’လို့ ပြောခဲ့တယ်။ သူတို့က ‘ဟာ’ ဘာညာပေါ့။သူတို့ တကယ်

ပဲ လုပ်နိုင်ခဲ့ပြီ။ ဘုရားသခင်က သူတို့ကို ချစ်တယ်။ဘာပဲဖြစ်ဖြစ် ဒါကမင်းတို့ ကြားချင်လောက်တဲ့ အရာ

ဖြစ်မယ်ထင်တာပဲ”လို့သမ္မတ ဘိုင်ဒန်က ပြောကြားခဲ့တာပါ။ ဘိုင်ဒင်ဟာ နိုဝင်ဘာလ၂၀ ရက်နေ့မတိုင်

ခင်က အမေရိကန်လက်ရွေးစင်အသင်းနဲ့တွေ့ဆုံစကားပြောခဲ့သေးပြီး ဆုမွန်ကောင်းတောင်းပေးခဲ့တာပါ။

အမေရိကန်ဟာ အီရန်ကို အနိုင်ရခဲ့တာကြောင့် အုပ်စုဗိုလ်အင်္ဂလန်ရဲ့နောက် ဒုတိယနေရာ ရရှိခဲ့တာပါ။

ဒါဟာ သူတို့အတွက် ၂၀၁၀ နဲ့ ၂၀၁၄ ခုနှစ်တွေအပြီးတတိယအကြိမ်မြောက် ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်

ကိုတက်ရောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အမေရိကန် အသင်းဟာစနေနေ့မှာ အုပ်စု A ရဲ့ ဗိုလ်ဖြစ်တဲ့

နယ်သာလန်နဲ့ ဆက်လက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

သမၼတ ဂ်ိဳးဘိုင္ဒန္ဟာ အီရန္အသင္းကို အႏိုင္ရၿပီး အေမရိကန္အသင္းက ကမာၻ႔ဖလား ရႈံးထြက္အဆင့္

တစ္ေနရာကို ရရွိခဲ့တဲ့အတြက္သူ႔ရဲ႕ ခရီးစဥ္တစ္ခုအတြင္း လူထုနဲ႔ အတူ ေအာင္ပြဲခံခဲ့ပါတယ္။သမၼတ ဘိုင္

ဒန္ဟာ အီရန္အေပၚ အေမရိကန္က အႏိုင္ရခဲ့တဲ့အေၾကာင္းကိုMichigan နည္းပညာစက္႐ုံကို ေရာက္ရွိ

ေနခ်ိန္ သိရၿပီးေနာက္စင္ေပၚတင္ကာရလဒ္ကို လူထုဆီ ေၾကညာေပးခဲ့တာပါ။ “အေမရိကန္က ၁ဂိုး ဂိုး

မရွိနဲ႔ပြဲၿပီးသြားပါၿပီ။ USA! USA! ဒါက ပြဲႀကီးတစ္ပြဲပါပဲ ငါ့လူတို႔ေရ။ကစားသမားေတြကို ကြၽန္ေတာ္ စကား

ေျပာရတုန္းက‘မင္းတို႔ လုပ္ႏိုင္ပါတယ္ကြာ’လို႔ ေျပာခဲ့တယ္။ သူတို႔က ‘ဟာ’ ဘာညာေပါ့။သူတို႔ တကယ္

ပဲ လုပ္ႏိုင္ခဲ့ၿပီ။ ဘုရားသခင္က သူတို႔ကို ခ်စ္တယ္။ဘာပဲျဖစ္ျဖစ္ ဒါကမင္းတို႔ ၾကားခ်င္ေလာက္တဲ့ အရာ

ျဖစ္မယ္ထင္တာပဲ”လို႔သမၼတ ဘိုင္ဒန္က ေျပာၾကားခဲ့တာပါ။ ဘိုင္ဒင္ဟာ ႏိုဝင္ဘာလ၂၀ ရက္ေန႔မတိုင္

ခင္က အေမရိကန္လက္ေ႐ြးစင္အသင္းနဲ႔ေတြ႕ဆုံစကားေျပာခဲ့ေသးၿပီး ဆုမြန္ေကာင္းေတာင္းေပးခဲ့တာပါ။

အေမရိကန္ဟာ အီရန္ကို အႏိုင္ရခဲ့တာေၾကာင့္ အုပ္စုဗိုလ္အဂၤလန္ရဲ႕ေနာက္ ဒုတိယေနရာ ရရွိခဲ့တာပါ။

ဒါဟာ သူတို႔အတြက္ ၂၀၁၀ နဲ႔ ၂၀၁၄ ခုႏွစ္ေတြအၿပီးတတိယအႀကိမ္ေျမာက္ ကမာၻ႔ဖလား ရႈံးထြက္အဆင့္

ကိုတက္ေရာက္ႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ အေမရိကန္ အသင္းဟာစေနေန႔မွာ အုပ္စု A ရဲ႕ ဗိုလ္ျဖစ္တဲ့

နယ္သာလန္နဲ႔ ဆက္လက္ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။