အီရန်နည်းပြဒရာဂန်စကိုဆစ်ကို ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရန်ငါးလခန့်အလိုတွင် ထုတ်ပယ်

အင်္ဂလန်ရဲ့ကမ္ဘာ့ဖလားအုပ်စုတွင်းပြိုင်ဘက်အီရန်ဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရန်

ငါးလခန့်သာလိုတော့တဲ့အချိန်တွင်နည်းပြဒရာဂန်စကိုဆစ်ကိုရာထူးမှထုတ်ပယ်လိုက်ပါတယ်။

အင်္ဂလန်ဟာလာမယ့်နိုဝင်ဘာလ၂၁ရက်နေ့တွင်ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်အဖြစ်အီရန်နှင့်

ရင်ဆိုင်ကစားရပါမယ်။အင်္ဂလန်ဟာအီရန်အပြင်အုပ်စုတွင်းပြိုင်ဘက်အဖြစ်အမေရိကန်၊ဝေးလ်

တို့နှင့်လည်းရင်ဆိုင်ရပါမယ်။ခရိုအေးရှားလူမျိုးနည်းပြစကိုဆစ်ဟာအီရန်ကိုဆယ်ပွဲဆက်နိုင်ပွဲ

ရရှိအောင်စွမ်းဆောင်ကာကမ္ဘာ့ဖလားပြိုင်ပွဲသို့ပို့ဆောင်ပေးခဲ့သူလည်းဖြစ်ပါတယ်။ဒါပေမဲ့အ

သက်၅၃နှစ်ရှိနည်းပြဟာယခုနှစ်အစောပိုင်းတုန်းကတောင်ကိုရီးဘားနှင့်အယ်လ်ဂျီးရီးယားတို့

ကိုရှုံးနိမ့်ပြီးနောက်ဖိအားများနှင့်ရင်ဆိုင်လာရပါတယ်။အီရန်သတင်းစာများရဲ့ဖော်ပြချက်အရ

အီရန်ဘောလုံးအဖွဲ့ချုပ်မာဟက်မာဂျီဒီဟာစကိုဆစ်နှင့်မိနစ်၉၀ကြာဒေါသတကြီးဆွေးနွေးမှု

များပြုလုပ်ပြီးနောက် ရာထူးမှထုတ်ပယ်လိုက်ကြောင်းသိရပါတယ်။အီရန်ဟာစကိုဆစ်ရဲ့နေ

ရာတွင်အသက်၆၉နှစ်ရှိဝါရင့်နည်းပြကားလို့စ်ကွီရော့ဇ်ကထိပ်ဆုံးမှရေပန်းစားနေပါတယ်။

ယူနိုက်တက်တွင်လက်ထောက်နည်းပြအဖြစ်၈နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့တဲ့ကွီရော့ဇ်ဟာ

ရီးရဲလ်မက်ဒရစ်ကိုကိုင်တွယ်ဖူးတဲ့အပြင်ပေါ်တူဂီ၊စပို့တင်းလစ္စဘွန်း၊ယူအေအီး၊တောင်အာဖ

ရိက၊ကိုလံဘီယာ၊အီဂျစ်တို့ကိုကိုင်တွယ်ခဲ့ဖူးပါတယ်။သူဟာအီရန်အသင်းကို၂၀၁၁ခုနှစ်မှ

၂၀၁၉ခုနှစ်အထိကိုင်တွယ်ဖူးပါတယ်။သူဟာအီဂျစ်အသင်းကိုကမ္ဘာ့ဖလားခြေစစ်ပွဲအောင်

မြင်အောင်မစွမ်းဆောင်နိုင်ပြီးနောက်ရာထူးမှထွက်ခွာခဲ့ရပါတယ်။

အဂၤလန္ရဲ႕ကမာၻ႔ဖလားအုပ္စုတြင္းၿပိဳင္ဘက္အီရန္ဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပရန္

ငါးလခန႔္သာလိုေတာ့တဲ့အခ်ိန္တြင္နည္းျပဒရာဂန္စကိုဆစ္ကိုရာထူးမွထုတ္ပယ္လိုက္ပါတယ္။

အဂၤလန္ဟာလာမယ့္ႏိုဝင္ဘာလ၂၁ရက္ေန႔တြင္ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲစဥ္အျဖစ္အီရန္ႏွင့္

ရင္ဆိုင္ကစားရပါမယ္။အဂၤလန္ဟာအီရန္အျပင္အုပ္စုတြင္းၿပိဳင္ဘက္အျဖစ္အေမရိကန္၊ေဝးလ္

တို႔ႏွင့္လည္းရင္ဆိုင္ရပါမယ္။ခ႐ိုေအးရွားလူမ်ိဳးနည္းျပစကိုဆစ္ဟာအီရန္ကိုဆယ္ပြဲဆက္ႏိုင္ပြဲ

ရရွိေအာင္စြမ္းေဆာင္ကာကမာၻ႔ဖလားၿပိဳင္ပြဲသို႔ပို႔ေဆာင္ေပးခဲ့သူလည္းျဖစ္ပါတယ္။ဒါေပမဲ့အ

သက္၅၃ႏွစ္ရွိနည္းျပဟာယခုႏွစ္အေစာပိုင္းတုန္းကေတာင္ကိုရီးဘားႏွင့္အယ္လ္ဂ်ီးရီးယားတို႔

ကိုရႈံးနိမ့္ၿပီးေနာက္ဖိအားမ်ားႏွင့္ရင္ဆိုင္လာရပါတယ္။အီရန္သတင္းစာမ်ားရဲ႕ေဖာ္ျပခ်က္အရ

အီရန္ေဘာလုံးအဖြဲ႕ခ်ဳပ္မာဟက္မာဂ်ီဒီဟာစကိုဆစ္ႏွင့္မိနစ္၉၀ၾကာေဒါသတႀကီးေဆြးေႏြးမႈ

မ်ားျပဳလုပ္ၿပီးေနာက္ ရာထူးမွထုတ္ပယ္လိုက္ေၾကာင္းသိရပါတယ္။အီရန္ဟာစကိုဆစ္ရဲ႕ေန

ရာတြင္အသက္၆၉ႏွစ္ရွိဝါရင့္နည္းျပကားလို႔စ္ကြီေရာ့ဇ္ကထိပ္ဆုံးမွေရပန္းစားေနပါတယ္။

ယူႏိုက္တက္တြင္လက္ေထာက္နည္းျပအျဖစ္၈ႏွစ္ၾကာတာဝန္ထမ္းေဆာင္ခဲ့တဲ့ကြီေရာ့ဇ္ဟာ

ရီးရဲလ္မက္ဒရစ္ကိုကိုင္တြယ္ဖူးတဲ့အျပင္ေပၚတူဂီ၊စပို႔တင္းလစၥဘြန္း၊ယူေအအီး၊ေတာင္အာဖ

ရိက၊ကိုလံဘီယာ၊အီဂ်စ္တို႔ကိုကိုင္တြယ္ခဲ့ဖူးပါတယ္။သူဟာအီရန္အသင္းကို၂၀၁၁ခုႏွစ္မွ

၂၀၁၉ခုႏွစ္အထိကိုင္တြယ္ဖူးပါတယ္။သူဟာအီဂ်စ္အသင္းကိုကမာၻ႔ဖလားေျခစစ္ပြဲေအာင္

ျမင္ေအာင္မစြမ္းေဆာင္ႏိုင္ၿပီးေနာက္ရာထူးမွထြက္ခြာခဲ့ရပါတယ္။