
မန်ယူကို ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်းဖြစ်လာအောင်ရက်ရှ်ဖို့ဒ်နဲ့အတူ တည်ဆောက်လိုတဲ့အတွက်
အင်္ဂလန်လက်ရွေးစင်ကစားသမားအနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာပဲ ဆက်ရှိနေပေးဖို့နည်းပြ အဲရစ်တန်ဟတ်
က တောင်း ဆိုလိုက်ပါတယ်။အသက် ၂၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ရက်ရှ်ဖို့ဒ်ဟာကမ္ဘာ့ဖလားပြိုင်ပွဲအပြီး
မှာ မန်ယူအတွက် ပွဲအတော်များများကစားပေးထားပြီး ယူနိုက်တက်အတွက် ဒီရာသီ ပရီးမီးယားလိဂ်
၉ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ အပြင် နောက်ဆုံးကစားခဲ့တဲ့အာဆင်နယ်နဲ့ ပွဲစဉ်မှာဆိုရင်လည်း ကမ္ဘာ့အဆင့်
သွင်းဂိုးတစ်ဂိုးကိုသွင်းနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါကြောင့် ငွေအင်အား တောင့်တဲ့ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီ
က စိတ်ဝင်စားမှု အရမ်းကိုမြင့်မားလာတာကြောင့် ကစားသမားရဲ့ အိုးလ်ထရက်ဖို့ဒ်အနာဂတ်ဟာ မရေ
ရာတဲ့ အနေအထားကို ရောက်လာပါတယ်။ရက်ရှ်ဖို့ဒ်ရဲ့ မန်ယူနဲ့ လက်ရှိစာချုပ်ဟာ လက်ကျန် ၁၈ လထဲ
ကိုဝင်လာပြီဖြစ်တာကြောင့် စာချုပ်သက်တမ်းတိုးဖို့ ကိစ္စကလှုပ်ခတ်လာပြီဖြစ်သလို အင်္ဂလန်သားဟာ
မန်ယူမှာ တစ်ပတ်လုပ်ခလစာ ပေါင် ၂၀၀၀၀၀ ပဲ ရနေသူဖြစ်ပါတယ်။ဒါကြောင့် ပီအက်စ်ဂျီလို အသင်း
မျိုးကို ပြောင်းမယ်ဆိုရင်လုပ်ခလစာ နှစ်ဆနီး ပါးလောက် ရနိုင်တဲ့ အခွင့်အရေးမျိုးရှိနေတဲ့အတွက် အ
သင်းမပြောင်းဖို့အ တွက် နည်းပြတန်ဟတ်ကတောင်းဆိုခဲ့တာပါ။ ‘’မန်ယူဟာ သူ့အသင်းပဲဆိုတာသူ
သဘောပေါက်တယ်လို့ ကျွန်တော် ထင်တယ်။ဒါက ပထမတစ်ချက်။ ဒါ့အပြင် ဒီဝန်းကျင်အသိုင်းအဝိုင်း
မှာသူဟာ သူ့ရဲ့ အကောင်းဆုံး ပုံစံနဲ့ ကစားနေတာဖြစ်တယ်။အဲတော့ ဒီနေရာက သူ့အတွက် ရှိသင့်တဲ့
အကောင်းဆုံးနေရာပဲ။ဘာကြောင့်လဲဆိုတော့ အင်္ဂလန်မှာ အ ကောင်းဆုံးအသင်းကိုကျွန်တော်တို့ တည်
ဆောက်ချင်တယ်။ ပြီးရင် ဥရောပမှာအကောင်းဆုံးပေါ့။ အဲဒီနောက်တော့ ကမ္ဘာပေါ်မှာ အကောင်းဆုံး
ပေါ့။သူက တိုးတက်လာနေပါတယ်။ ဒါက အခု သူဖြစ်နေတာ။ဘာကြောင့်လဲဆို တော့ သူက ပါဝါအပြည့်
ပဲလေ။ဒီအသင်းမှာလည်းပဲ သူ့ရဲ့ အရည်အသွေးတွေ အကောင်းဆုံးဖြစ်မှာပဲလို့ ကျွန်တော်ထင်ပါတယ်။
အသင်းက အရည်အသွေးကောင်းအောင် တည်ဆောက်နေတာဖြစ်ပြီး ဒါကိုလည်းသဘော ပေါက်မယ်လို့
ကျွန်တော်ထင်တယ်။ ဒါ့အပြင် သူကကျွန်တော်တို့အတွက် လုံးဝကို အရေးပါတယ်။ ကျွန်တော်တို့ လိုချင်
တဲ့အောင်မြင်မှုတွေ ရချင်တယ် ဆိုရင် သူ့ကို လိုအပ်ပါတယ်’’ လို့တန်ဟတ်က Daily Mail သတင်းစာကို
ပြောဆိုသွားခဲ့ပါတယ်။
မန္ယူကို ကမာၻေပၚမွာ အေကာင္းဆုံးအသင္းျဖစ္လာေအာင္ရက္ရွ္ဖို႔ဒ္နဲ႔အတူ တည္ေဆာက္လိုတဲ့အတြက္
အဂၤလန္လက္ေ႐ြးစင္ကစားသမားအေနနဲ႔ အိုးလ္ထရက္ဖို႔ဒ္မွာပဲ ဆက္ရွိေနေပးဖို႔နည္းျပ အဲရစ္တန္ဟတ္
က ေတာင္း ဆိုလိုက္ပါတယ္။အသက္ ၂၅ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ ရက္ရွ္ဖို႔ဒ္ဟာကမာၻ႔ဖလားၿပိဳင္ပြဲအၿပီး
မွာ မန္ယူအတြက္ ပြဲအေတာ္မ်ားမ်ားကစားေပးထားၿပီး ယူႏိုက္တက္အတြက္ ဒီရာသီ ပရီးမီးယားလိဂ္
၉ ဂိုးအထိ သြင္းယူႏိုင္ခဲ့တဲ့ အျပင္ ေနာက္ဆုံးကစားခဲ့တဲ့အာဆင္နယ္နဲ႔ ပြဲစဥ္မွာဆိုရင္လည္း ကမာၻ႔အဆင့္
သြင္းဂိုးတစ္ဂိုးကိုသြင္းႏိုင္ခဲ့သူျဖစ္ပါတယ္။ ဒါေၾကာင့္ ေငြအင္အား ေတာင့္တဲ့ျပင္သစ္ထိပ္သီး ပီအက္စ္ဂ်ီ
က စိတ္ဝင္စားမႈ အရမ္းကိုျမင့္မားလာတာေၾကာင့္ ကစားသမားရဲ႕ အိုးလ္ထရက္ဖို႔ဒ္အနာဂတ္ဟာ မေရ
ရာတဲ့ အေနအထားကို ေရာက္လာပါတယ္။ရက္ရွ္ဖို႔ဒ္ရဲ႕ မန္ယူနဲ႔ လက္ရွိစာခ်ဳပ္ဟာ လက္က်န္ ၁၈ လထဲ
ကိုဝင္လာၿပီျဖစ္တာေၾကာင့္ စာခ်ဳပ္သက္တမ္းတိုးဖို႔ ကိစၥကလႈပ္ခတ္လာၿပီျဖစ္သလို အဂၤလန္သားဟာ
မန္ယူမွာ တစ္ပတ္လုပ္ခလစာ ေပါင္ ၂၀၀၀၀၀ ပဲ ရေနသူျဖစ္ပါတယ္။ဒါေၾကာင့္ ပီအက္စ္ဂ်ီလို အသင္း
မ်ိဳးကို ေျပာင္းမယ္ဆိုရင္လုပ္ခလစာ ႏွစ္ဆနီး ပါးေလာက္ ရႏိုင္တဲ့ အခြင့္အေရးမ်ိဳးရွိေနတဲ့အတြက္ အ
သင္းမေျပာင္းဖို႔အ တြက္ နည္းျပတန္ဟတ္ကေတာင္းဆိုခဲ့တာပါ။ ‘’မန္ယူဟာ သူ႔အသင္းပဲဆိုတာသူ
သေဘာေပါက္တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ဒါက ပထမတစ္ခ်က္။ ဒါ့အျပင္ ဒီဝန္းက်င္အသိုင္းအဝိုင္း
မွာသူဟာ သူ႔ရဲ႕ အေကာင္းဆုံး ပုံစံနဲ႔ ကစားေနတာျဖစ္တယ္။အဲေတာ့ ဒီေနရာက သူ႔အတြက္ ရွိသင့္တဲ့
အေကာင္းဆုံးေနရာပဲ။ဘာေၾကာင့္လဲဆိုေတာ့ အဂၤလန္မွာ အ ေကာင္းဆုံးအသင္းကိုကြၽန္ေတာ္တို႔ တည္
ေဆာက္ခ်င္တယ္။ ၿပီးရင္ ဥေရာပမွာအေကာင္းဆုံးေပါ့။ အဲဒီေနာက္ေတာ့ ကမာၻေပၚမွာ အေကာင္းဆုံး
ေပါ့။သူက တိုးတက္လာေနပါတယ္။ ဒါက အခု သူျဖစ္ေနတာ။ဘာေၾကာင့္လဲဆို ေတာ့ သူက ပါဝါအျပည့္
ပဲေလ။ဒီအသင္းမွာလည္းပဲ သူ႔ရဲ႕ အရည္အေသြးေတြ အေကာင္းဆုံးျဖစ္မွာပဲလို႔ ကြၽန္ေတာ္ထင္ပါတယ္။
အသင္းက အရည္အေသြးေကာင္းေအာင္ တည္ေဆာက္ေနတာျဖစ္ၿပီး ဒါကိုလည္းသေဘာ ေပါက္မယ္လို႔
ကြၽန္ေတာ္ထင္တယ္။ ဒါ့အျပင္ သူကကြၽန္ေတာ္တို႔အတြက္ လုံးဝကို အေရးပါတယ္။ ကြၽန္ေတာ္တို႔ လိုခ်င္
တဲ့ေအာင္ျမင္မႈေတြ ရခ်င္တယ္ ဆိုရင္ သူ႔ကို လိုအပ္ပါတယ္’’ လို႔တန္ဟတ္က Daily Mail သတင္းစာကို
ေျပာဆိုသြားခဲ့ပါတယ္။