အိုးထရက်ဖို့ဒ်အိပ်မက်ဆိုးအား အဆုံးသတ်ရန် ဥရောပထိပ်သီးကလပ်နှင့် ဆွေးနွေးနေပြီဖြစ်တဲ့ ဗန်ဒီဘိခ်

ဂျူဗင်တပ်ဟာမန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမားဒွန်နီဗန်ဒီဘိခ်အားခေါ်ယူရန်ဆွေးနွေးမှုများပြုလုပ်နေပြီဖြစ်ကြောင်းသိရပါတယ်။

အသက်၂၄နှစ်ရှိဒတ်ချ်ကွင်းလယ်ကစားသမားဟာယခုဘောလုံးရာသီတွင်မန်ယူအတွက်သုံးပွဲတည်းသာကစားခွင့်ရရှိထားသူဖြစ်ပြီးဂျူဗင်တပ်သို့ပြောင်းကာအိုးထရက်ဖို့ဒ်အိပ်မက်ဆိုးမှနိူးထလာနိုင်ဖို့ရှိနေပါတယ်။

သူဟာပြီးခဲ့တဲ့နှစ်နွေရာသီတုန်းကအေဂျက်စ်မှပေါင်၃၅သန်းဖြင့်ပြောင်းလာခဲ့ပြီးနောက် ပုံမှန်ပွဲကစားခွင့်ရရှိရန်ရုန်းကန်နေရသူလည်းဖြစ်ပါတယ်

သူဟာဗီလာရီးရဲလ်နှင့်ချန်ပီယံလိဂ်ပွဲစဉ်တွင်လူစားဝင်ခွင့်ပင်ကစားမှုမရရှိမှုအပေါ် အကြီးအကျယ်စိတ်ပျက်ကာနည်းပြဆိုးလ်ရှားရှိရာသို့ရည်ရွယ်ကာပီကေးထွေးထုတ်ခဲ့သူလည်းဖြစ်ပါတယ်

ဂျူဗင်တပ်ဟာမန်ယူသို့ဗန်ဒီဘိခ်မပြောင်းခင်ကတည်းကခေါ်ယူရန်စိတ်ဝင်စားလာခဲ့တဲ့အသင်းဖြစ်ပါတယ်

ကလပ်ဒါရိုက်တာဖီဒီရီကိုချီရူဘီနီဟာလာမယ့်ဇန်နဝါရီမှာဗန်ဒီဘိခ်ကိုတူရင်သို့ခေါ်ယူဖို့ဆန္ဒပြင်းပြနေပါတယ်

ZawGyi



အသက်၂၄နှစ်ရှိဒတ်ခ်ျကွင်းလယ်ကစားသမားဟာယခုဘောလုံးရာသီတွင်မန်ယူအတွက်သုံးပွဲတည်းသာကစားခွင့်ရရှိထားသူဖြစ်ပြီးဂျူဗင်တပ်သို့ပြောင်းကာအိုးထရက်ဖို့ဒ်အိပ်မက်ဆိုးမှနိုးထလာနိုင်ဖို့ရှိနေပါတယ်။





munitedfannewss