ဒီကြားရက် အက်ဖ်အေဖလားနဲ့ ပရီးမီးယားလိဂ် ပွဲကျန်တွေအတွက် ဘီဘီစီမှခရစ်ဆက်တန်ရဲ့ ခန့်မှန်း
ချက်တွေထွက်ပေါ်လာပါပြီ။ အဲဒီ ပွဲခန့်မှန်းချက်တွေထဲကယူနိုက်တက်ပွဲအကြောင်းကို ဖော်ပြပေးလိုက်
ပါတယ်။ ယူနိုက်တက်ဟာ လာမယ့်ကြာသပတေးနေ့ နံနက် ၂း၁၅ အချိန်၊ အိုးထရက်ဖို့ဒ် ကွင်းမှာ ဝက်စ်
ဟမ်း အသင်းနဲ့အက်ဖ်အေဖလားပွဲ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။”တန်ဟက်က တကယ့်ကို အ
ကောင်းဆုံး လုပ်ပြနေတာပါ။ယူနိုက်တက် ပရိသတ်တွေလည်း ဘယ်လောက် စိတ်လှုပ်ရှားနေမယ် ဆို
တာကျွန်တော် သဘောပေါက်ပါတယ်။ ဒီတစ်ပတ် ပွဲကိုလည်း ယူနိုက်တက်တို့သက်တောင့်သက်သာ
အနိုင်ရဦးမှာပါ။ဝက်စ်ဟမ်းက စနေနေ့က နော့တင်ဟမ်ဖောရက်စ်ကို နိုင်ပွဲကြီး ရခဲ့တာပါ။ ဒါပေမယ့်
သူတို့က ပရီးမီယားလိဂ် ဇယားအောက်နားမှာ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ ဒီတော့ သူတို့ကယူနိုက်
တက်ပွဲထက်စာရင်ဒီသီတင်းပတ် အကုန် ဘရိုက်တန်နဲ့ အဝေးကွင်းပွဲကိုပိုပြီး စိတ်ထဲ ရောက်နေမှာပါ။
ယူနိုက်တက်နဲ့ ပွဲကို အပြောင်းအလဲတွေ လုပ် ပြင်ဆင်လာမှာပါ။အိုးထရက်ဖို့ဒ်မှာ သူတို့ရဲ့ အရန်တွေ
ကို မြင်ရဖွယ် ရှိနေပြီး ဒါက ရလဒ်ကိုလည်းသက်ရောက်မှု ရှိမှာပါ။ဘာပဲပြောပြောယူနိုက်တက် အသင်း
ကပဲ နိုင်ပွဲဆက်သွားပါလိမ့်မယ်။”လို့ ဆက်တန်က ပြောပါတယ်။ခရစ်ဆက်တန်ရဲ့ ဂိုး ခန့်မှန်းရလဒ်
ကတော့ ယူနိုက်တက် ၂-ဝ ဝက်စ်ဟမ်း ဖြစ်ပါတယ်။