အိုဆင်မန်နဲ့ယှဉ်လိုက်ရင် ဟာလန်းဟာ ပါးပါးလေးအဆင့်ပဲရှိသေးကြောင်း ပြောလိုက်တဲ့ လီဗာပူးလ်ကွင်းလယ်လူဟောင်း

ဘောလုံးပွဲဝေဖန်သုံးသပ်သူတဦးအဖြစ် ဆောင်ရွက်နေတဲ့ လီဗာပူးလ်ကွင်းလယ်လူဟောင်း ဒီဒီဟာမန်း

က အိုဆင်မန်ဟာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်ကစားသမားဖြစ်ပြီး မန်စီးတီးတိုက်စစ်မှူး ဟာလန်းထက်

ပိုပြီးကောင်းတယ်လို့ ပြောလိုက်ပါတယ်။ အိုဆင်မန်ဟာ ဒီရာသီမှာ နာပိုလီအတွက် အလွန်ခြေစွမ်းပြသ

နေပြီး ၂၈ ပွဲမှာ ၂၃ ဂိုးသွင်းယူပေးထားသူဖြစ်ပါတယ်။ အသင်းကို စီးရီးအေအမှတ်ပေးဇယားမှာ ၁၈ မှတ်

အသာရပြီး ဦးဆောင်နိုင်အောင်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်ရောက်ရှိအောင် ပို့ဆောင်ပေး

ထားတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဥရောပထိပ်တန်းအသင်းအများအပြားက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စား

နေကြပြီးမန်ချက်စတာယူနိုက်တက်ကနွေရာသီပစ်မှတ်ထဲမှာ ထည့်သွင်းထားတယ်လို့ သတင်းတွေထွက်

ပေါ်နေပါတယ်။ ဟာလန်းကလည်း ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ခြေစွမ်းပြသနေပြီး လိုက်ပ်ဇစ်

ကို အနိုင်ရခဲ့တဲ့ပွဲမှာ ၅ ဂိုးသွင်းယူနိုင်ခဲ့တာအပါအဝင် ၃၆ ပွဲကစားအပြီးမှာ ၃၉ ဂိုးသွင်းယူထားတာဖြစ်ပါ

တယ်။ ဒါပေမယ့် ဒီဒီဟာမန်းက အိုဆင်မန်ကို ဟာလန်းထက်ပိုပြီး နှစ်ခြိုက်နေပြီး အကြောင်းရင်းကို အခု

လိုမျိုး ပြောဆိုခဲ့ပါတယ်။ ဒီဒီဟာမန်းက “ကျွန်တော့်အတွက်တော့ အခုအချိန်မှာ အိုဆင်မန်ဟာ ဟာ

လန်းထက် ပိုပြီးကောင်းတဲ့ ကစားသမားဖြစ်နိုင်ပါတယ်။ ချိတ်ဆက်ကစားရာမှာလည်း ပိုပြီးကောင်းပါ

တယ်။ ဟာလန်းဟာ မန်စီးတီးမှာ တကယ်ကို အံဝင်၊မဝင်ကို ကျွန်တော်သတိထားခဲ့ပါတယ်။ သူ့ရဲ့ဂိုး

သွင်းနှုန်ူးနဲ ကိန်းဂဏန်းကို ကြည့်ရင် လက်ရှိအချိန်မှာ မှားတယ်လို့ သက်သေပြနိုင်ပေမယ့် သူတို့ဟာ

ရာသီအကုန်မှာ ဆုဖလားတွေနဲ့ ဝေးကွာသွားနိုင်ပါတယ်””သူဟာ ထိပ်တန်းကလပ်တိုင်းကို သွားသင့်တဲ့

ကစားသမားလို့ ကျွန်တော်ထင်ပါတယ်။ဘာကြောင့်လဲဆိုရင် အိုဆီမန်ဟာ အခုအချိန်မှာ ကမ္ဘာ့အ

ကောင်းဆုံး တိုက်စစ်ကစားသမားဖြစ်နေလို့ပါ”လို့ ဆိုခဲ့ပါတယ်။အိုဆီမန်ကလည်း ပရီးမီးယားလိဂ်မှာ

ကစားချင်တဲ့ သူ့ရဲ့အိပ်မက်ကို ပြောထားပြီး ဘယ်အသင်းကို ရောက်ရှိသွားမလဲဆိုတာကို စောင့်ကြည့်

ရတော့မှာပါ။

ေဘာလုံးပြဲေဝဖန္သုံးသပ္သူတဦးအျဖစ္ ေဆာင္႐ြက္ေနတဲ့ လီဗာပူးလ္ကြင္းလယ္လူေဟာင္း ဒီဒီဟာမန္း

က အိုဆင္မန္ဟာ ကမာၻ႔အေကာင္းဆုံးတိုက္စစ္ကစားသမားျဖစ္ၿပီး မန္စီးတီးတိုက္စစ္မႉး ဟာလန္းထက္

ပိုၿပီးေကာင္းတယ္လို႔ ေျပာလိုက္ပါတယ္။ အိုဆင္မန္ဟာ ဒီရာသီမွာ နာပိုလီအတြက္ အလြန္ေျခစြမ္းျပသ

ေနၿပီး ၂၈ ပြဲမွာ ၂၃ ဂိုးသြင္းယူေပးထားသူျဖစ္ပါတယ္။ အသင္းကို စီးရီးေအအမွတ္ေပးဇယားမွာ ၁၈ မွတ္

အသာရၿပီး ဦးေဆာင္ႏိုင္ေအာင္နဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ကြာတားဖိုင္နယ္ေရာက္ရွိေအာင္ ပို႔ေဆာင္ေပး

ထားတာျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ ဥေရာပထိပ္တန္းအသင္းအမ်ားအျပားက သူ႔ကို ေခၚယူဖို႔ စိတ္ဝင္စား

ေနၾကၿပီးမန္ခ်က္စတာယူႏိုက္တက္ကေႏြရာသီပစ္မွတ္ထဲမွာ ထည့္သြင္းထားတယ္လို႔ သတင္းေတြထြက္

ေပၚေနပါတယ္။ ဟာလန္းကလည္း ဒီရာသီမွာ မန္စီးတီးအသင္းအတြက္ ေျခစြမ္းျပသေနၿပီး လိုက္ပ္ဇစ္

ကို အႏိုင္ရခဲ့တဲ့ပြဲမွာ ၅ ဂိုးသြင္းယူႏိုင္ခဲ့တာအပါအဝင္ ၃၆ ပြဲကစားအၿပီးမွာ ၃၉ ဂိုးသြင္းယူထားတာျဖစ္ပါ

တယ္။ ဒါေပမယ့္ ဒီဒီဟာမန္းက အိုဆင္မန္ကို ဟာလန္းထက္ပိုၿပီး ႏွစ္ၿခိဳက္ေနၿပီး အေၾကာင္းရင္းကို အခု

လိုမ်ိဳး ေျပာဆိုခဲ့ပါတယ္။ ဒီဒီဟာမန္းက “ကြၽန္ေတာ့္အတြက္ေတာ့ အခုအခ်ိန္မွာ အိုဆင္မန္ဟာ ဟာ

လန္းထက္ ပိုၿပီးေကာင္းတဲ့ ကစားသမားျဖစ္ႏိုင္ပါတယ္။ ခ်ိတ္ဆက္ကစားရာမွာလည္း ပိုၿပီးေကာင္းပါ

တယ္။ ဟာလန္းဟာ မန္စီးတီးမွာ တကယ္ကို အံဝင္၊မဝင္ကို ကြၽန္ေတာ္သတိထားခဲ့ပါတယ္။ သူ႔ရဲ႕ဂိုး

သြင္းႏႈႏ္ူးနဲ ကိန္းဂဏန္းကို ၾကည့္ရင္ လက္ရွိအခ်ိန္မွာ မွားတယ္လို႔ သက္ေသျပႏိုင္ေပမယ့္ သူတို႔ဟာ

ရာသီအကုန္မွာ ဆုဖလားေတြနဲ႔ ေဝးကြာသြားႏိုင္ပါတယ္””သူဟာ ထိပ္တန္းကလပ္တိုင္းကို သြားသင့္တဲ့

ကစားသမားလို႔ ကြၽန္ေတာ္ထင္ပါတယ္။ဘာေၾကာင့္လဲဆိုရင္ အိုဆီမန္ဟာ အခုအခ်ိန္မွာ ကမာၻ႔အ

ေကာင္းဆုံး တိုက္စစ္ကစားသမားျဖစ္ေနလို႔ပါ”လို႔ ဆိုခဲ့ပါတယ္။အိုဆီမန္ကလည္း ပရီးမီးယားလိဂ္မွာ

ကစားခ်င္တဲ့ သူ႔ရဲ႕အိပ္မက္ကို ေျပာထားၿပီး ဘယ္အသင္းကို ေရာက္ရွိသြားမလဲဆိုတာကို ေစာင့္ၾကည့္

ရေတာ့မွာပါ။