ခရစ္စတီယန်အဲရစ်ဆင်ဟာအားလပ်ရက်ခရီးစဉ်မှပြန်ရောက်လာချိန်တွင် မန်ချက်စတာယူ
နိုက်တက်နှင့်ဘရန့်ဖို့ဒ်တို့အကြားတစ်သင်းကိုရွေးချယ်ပြောင်းရွှေ့သွားမှာဖြစ်ကြောင်းသိရ
ပါတယ်။ခရစ္စတီယန်အဲရစ်ဆင်ဟာယခုလအကုန်တွင်ဘရန့်ဖို့ဒ်နှင့်စာချုပ်သက်တမ်းကုန်
ဆုံးမှာဖြစ်ပြီးဘရန့်ဖို့ဒ်ရဲ့စာချုပ်သစ်ကမ်းလှမ်းမှုရရှိထားသလိုယူနိုက်တက်ရဲ့ကမ်းလှမ်းမှု
လည်းရရှိထားပါတယ်။Sky Sports ရဲ့ဖော်ပြချက်အရကလပ်နှစ်ခုလုံးရဲ့ကမ်းလှမ်းမှုများ
မှာအလွန်ကောင်းမွန်နေကြောင်းသိရပါတယ်။ဒါပေမဲ့ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကတော့
ငွေကြေးပိုင်းပိုမိုများပြားပါတယ်။ခရစ္စတီယန်အဲရစ်ဆင်ဟာယူရို၂၀၂၀ပြိုင်ပွဲတွင်မေ့လဲကျ
ပြီးနောက် နှလုံးခွဲစိတ်ကုသကာနှလုံးခုန်စက်ထည့်သွင်းခဲ့ရသူဖြစ်ပါတယ်။သူဟာနှလုံးခုန်
စက်တပ်ဆင်ထားရမှုကြောင့်အီတလီတွင်မကစားခွင့်ပိတ်ပင်ခံခဲ့ရကာအင်တာမီလန်နှင့်
စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။သူဟာဇန်နဝါရီတွင်ဘရန့်ဖို့ဒ်သို့ခြောက်လစာချုပ်ဖြင့်ပြောင်း
ခဲ့ပြီးပရီးမီးယားလိဂ်ပွဲ၁၁ပွဲကစားကာဘရန့်ဖို့ဒ်ကိုတန်းမဆင်းရအောင်ကူညီပေးခဲ့ပါတယ်။