
လီဗာပူးတိုက်စစ်ကစားသမား မာနေးဟာ ဘိုင်ယန်မြူးနစ်နဲ့တရားဝင်စာချုပ်ချုပ်ဆိုပြီး ဒီက
နေ့မှာပဲ အသင်းသစ်နဲ့ တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ ဒီကစားသမားဟာ လီဗာပူးနဲ့အတူ ဖြတ်
သန်းခဲ့တဲ့ (၆) နှစ်အတွင်း ပွဲပေါင်း (၂၆၉) ပွဲကစား၊ သွင်းဂိုး (၁၂၀) နဲ့ ဂိုးဖန်တီးမှု (၃၈) ကြိမ်
ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။လီဗာပူးရဲ့ တရားဝင်တွစ်တာအကောင့်ကနေ မာနေးကို တရားဝင်
နှုတ်ဆက်ခဲ့ပြီး ကလော့ပ်ကလည်း သူ့အတွက် အားကိုးရတဲ့ တပည့်ဟောင်းကြီးအတွက် ခံစား
ချက်အပြည့်နဲ့ နှုတ်ဆက်စကား ပြောကြားခဲ့ပါတယ်။ ကလော့ပ်က “ကြီးမားတဲ့အခိုက်အတန့်
ပါပဲ။ ဘာမှမဖြစ်သလိုမျိုး ဟန်ဆောင်နေဖို့တော့ မဖြစ်နိုင်ပါဘူး”“လီဗာပူးရဲ့ အကြီးကျယ်အ
ခမ်းနားဆုံး ကစားသမားတွေထဲက တယောက် ထွက်ခွာသွားခဲ့တာဖြစ်ပြီး မာနေးက ကျနော်
တို့အတွက် ဘယ်လောက်အထိ အရေးပါခဲ့လဲဆိုတာကို အသိအမှတ်ပြုရပါမယ်။ သူ သွင်းယူ
ခဲ့တဲ့ဂိုးတွေ၊ သူ ယူပေးခဲ့တဲ့ ဆုဖလားတွေနဲ့ မာနေးက တကယ်ကို ဂန္တဝင်တယောက်ပါ။ ဒါက
လီဗာပူးခေတ်တခုရဲ့ အမှတ်သညာလည်းဖြစ်ပါတယ်”“ပြီးခဲ့တဲ့ရာသီက အင်တာဗျူးတခုမှာ
ကျနော့်ကို မာနေးနဲ့ ပတ်သက်လို့ စကားလုံးသုံးလုံးနဲ့ ပြောပေးပါဆိုပြီး မေးဖူးတယ်။ အဲ့ဒီလို
သုံးလုံးတည်းတော့ မဖြစ်နိုင်ဘူးလို့ပဲ ကျနော် ပြန်ပြောလိုက်ပါတယ်။ မာနေးအတွက် စကား
လုံးသုံးလုံးတည်းဆိုရင် ကျနော်အများကြီး ပြောစရာရှိပါတယ်။ World-class player လား?
True club legend လား? Ideal role model လား? The perfect teammate, Compassionate,
caring person အများကြီးပါပဲ”“အခု ဒီနေ့ မာနေးအတွက် အသင့်တော်ဆုံးလို့ ခံစားရမယ့်
စကားလုံးသုံးလုံးကတော့ “Will miss you!” သတိရနေမှာပါ ဆိုတာပါပဲ” လို့ ပြောကြားသွား
ခဲ့ပါတယ်။ မာနေးဟာ အသက် (၃၀) အရွယ်ရှိပြီဖြစ်ပြီး လီဗာပူးရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို
ငြင်းဆန်ကာ စိန်ခေါ်မှုအသစ်တွေအတွက် ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့သွားခဲ့တာပဲဖြစ်ပါတယ်။
လီဗာပူးတိုက္စစ္ကစားသမား မာေနးဟာ ဘိုင္ယန္ျမဴးနစ္နဲ႔တရားဝင္စာခ်ဳပ္ခ်ဳပ္ဆိုၿပီး ဒီက
ေန႔မွာပဲ အသင္းသစ္နဲ႔ တရားဝင္မိတ္ဆက္ခဲ့ပါတယ္။ ဒီကစားသမားဟာ လီဗာပူးနဲ႔အတူ ျဖတ္
သန္းခဲ့တဲ့ (၆) ႏွစ္အတြင္း ပြဲေပါင္း (၂၆၉) ပြဲကစား၊ သြင္းဂိုး (၁၂၀) နဲ႔ ဂိုးဖန္တီးမႈ (၃၈) ႀကိမ္
ျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။လီဗာပူးရဲ႕ တရားဝင္တြစ္တာအေကာင့္ကေန မာေနးကို တရားဝင္
ႏႈတ္ဆက္ခဲ့ၿပီး ကေလာ့ပ္ကလည္း သူ႔အတြက္ အားကိုးရတဲ့ တပည့္ေဟာင္းႀကီးအတြက္ ခံစား
ခ်က္အျပည့္နဲ႔ ႏႈတ္ဆက္စကား ေျပာၾကားခဲ့ပါတယ္။ ကေလာ့ပ္က “ႀကီးမားတဲ့အခိုက္အတန္႔
ပါပဲ။ ဘာမွမျဖစ္သလိုမ်ိဳး ဟန္ေဆာင္ေနဖို႔ေတာ့ မျဖစ္ႏိုင္ပါဘူး”“လီဗာပူးရဲ႕ အႀကီးက်ယ္အ
ခမ္းနားဆုံး ကစားသမားေတြထဲက တေယာက္ ထြက္ခြာသြားခဲ့တာျဖစ္ၿပီး မာေနးက က်ေနာ္
တို႔အတြက္ ဘယ္ေလာက္အထိ အေရးပါခဲ့လဲဆိုတာကို အသိအမွတ္ျပဳရပါမယ္။ သူ သြင္းယူ
ခဲ့တဲ့ဂိုးေတြ၊ သူ ယူေပးခဲ့တဲ့ ဆုဖလားေတြနဲ႔ မာေနးက တကယ္ကို ဂႏၲဝင္တေယာက္ပါ။ ဒါက
လီဗာပူးေခတ္တခုရဲ႕ အမွတ္သညာလည္းျဖစ္ပါတယ္”“ၿပီးခဲ့တဲ့ရာသီက အင္တာဗ်ဴးတခုမွာ
က်ေနာ့္ကို မာေနးနဲ႔ ပတ္သက္လို႔ စကားလုံးသုံးလုံးနဲ႔ ေျပာေပးပါဆိုၿပီး ေမးဖူးတယ္။ အဲ့ဒီလို
သုံးလုံးတည္းေတာ့ မျဖစ္ႏိုင္ဘူးလို႔ပဲ က်ေနာ္ ျပန္ေျပာလိုက္ပါတယ္။ မာေနးအတြက္ စကား
လုံးသုံးလုံးတည္းဆိုရင္ က်ေနာ္အမ်ားႀကီး ေျပာစရာရွိပါတယ္။ World-class player လား?
True club legend လား? Ideal role model လား? The perfect teammate, Compassionate,
caring person အမ်ားႀကီးပါပဲ”“အခု ဒီေန႔ မာေနးအတြက္ အသင့္ေတာ္ဆုံးလို႔ ခံစားရမယ့္
စကားလုံးသုံးလုံးကေတာ့ “Will miss you!” သတိရေနမွာပါ ဆိုတာပါပဲ” လို႔ ေျပာၾကားသြား
ခဲ့ပါတယ္။ မာေနးဟာ အသက္ (၃၀) အ႐ြယ္ရွိၿပီျဖစ္ၿပီး လီဗာပူးရဲ႕ စာခ်ဳပ္သစ္ကမ္းလွမ္းမႈကို
ျငင္းဆန္ကာ စိန္ေခၚမႈအသစ္ေတြအတြက္ ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းေ႐ႊ႕သြားခဲ့တာပဲျဖစ္ပါတယ္။