အာဖဂန်နစ္စတန်ပြန် အထူးကွန်မန်ဒိုဟောင်း အမြွှာညီနောင်ကို သက်တော်စောင့်ခန့်ထားတဲ့ ရော်နယ်ဒို

မန်ယူနဲ့ ပေါ်တူဂီကစားသမား ခရစ္စတီယာနို ရော်နယ်ဒိုဟာ သူနဲ့ သူ့ရဲ့ မိသားစု လုံခြုံရေးအတွက် အာဖဂနစ္စတန်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အထူးကွန်မန်ဒိုဟောင်း ၂ ဦးကို ထပ်မံခန့်အပ်ထားတယ်လို့ The Sun က ဖော်ပြပါတယ်။

စက်တင်ဘာလအတွင်းက ယန်းဘွိုင်းကို သွားကစားတဲ့ဆွစ်ဇာလန် ခရီးစဥ်မှာ ဒီ အမြွှာညီနောင်ကို ရော်နယ်ဒိုရဲ့ သက်တော်စောင့်တွေအဖြစ် ပထမဆုံးအကြိမ် လူမြင်ကွင်းမှာ စတွေ့ခဲ့ကြရပါတယ်။

ဒီ အမြွှာထဲက တစ်ဦးကိုလည်း အခုနိုဝင်ဘာလအစောပိုင်းက မက်ဒရစ်မြို့မှာ ရော်နယ်ဒိုရဲ့ ကြင်ဖော် ဂျော်ဂျီယာနာဦးဆောင်ပြုလုပ်ခဲ့တဲ့ သူတို့ရဲ့သမီးလေး အယ်လာနာမာတီနာရဲ့ မွေးနေ့ပွဲမှာ တွေ့ခဲ့ရပါတယ်။

အခုသီတင်းပတ်အတွင်းမှာတော့ ရော်နယ်ဒိုတို့မိသားစုကို သက်တော်စောင့်ပေးနေတဲ့ အမြွှာညီနောင်ရဲ့ နာမည်တွေနဲ့ သူတို့ရဲ့ နောက်ကြောင်းတွေကိုပါ The Sun က စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး ဖော်ပြခဲ့တာပါ။

ဒီအမြွှာညီနောင် ၂ ဦးရဲ့ အမည်ဟာ ဆာဂျီယိုနဲ့ ဂျော့ရာမဲလ်ဟီယာရိုတို့ဖြစ်ပြီး သူတို့ ၂ ဦးဟာ အာဖဂန်နစ္စတန်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အထူးကွန်မန်ဒို တပ်ဖွဲ့ဝင်ဟောင်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းပြီးနောက် ပေါ်တူဂီသို့ ပြန်လာကာ နိုင်ငံရေးသမားတွေနဲ့တရားသူကြီးတွေကို အထူးစောင့်ကြည့်ပေးရတဲ့ ရဲတပ်ဖွဲ့ရဲ့အထူးအဖွဲ့အစည်းမှာ တာဝန်ထမ်းဆောင်ခဲ့ကြတယ်လို့ဆိုပါတယ်။

နောက်ပိုင်းမှာတော့ ပေါ်တူဂီပြည်သူ့လုံခြုံရေးရဲတပ်ဖွဲ့(PSP) ကနေ နုတ်ထွက်သွားကြပြီး ရော်နယ်ဒိုကလည်း သက်တော်စောင့်တွေအဖြစ် ခန့်အပ်လိုက်တာဖြစ်ပါတယ်။

ဒီအမြွှာ ညီနောင်မှာ အခြားညီအစ်ကို ၁ ဦး ရှိနေသေးပြီး သူကတော့ ပေါ်တူဂီရဲတပ်ဖွဲ့ထဲမှာ ဆက်လက်တာဝန်ထမ်းဆောင်နေဆဲလို့ The Sun က ဖော်ပြပါတယ်။

အတွင်းလူတွေကတော့ ဒီအ​မြွှာညီနောင်နဲ့ ပတ်သက်ပြီး “သူတို့ဟာ သပ်သပ်ရပ်ရပ် ဝတ်စားလေ့ရှိသလို သာမန်ထက်လည်း ပိုပြီး ကြည့်ကောင်းတဲ့သူတွေပါ။ လူအများကြီးထဲမှာလည်း ရောနှောနေနိုင်စွမ်းရှိတယ်။

ဒါပေမယ့် မျက်စိလျင်သလို အမြန်ဆုံးစဥ်းစားပြီး အချိန်ကိုက်လှုပ်ရှားနိုင်စွမ်း ရှိကြသူတွေပါ” လို့ မှတ်ချက်ပေးထားပါတယ်။

ရော်နယ်ဒိုနဲ့သူ့ရဲ့မိသားစုဟာ မန်ယူမှာ ရော်နယ်ဒို ပြန်လာကစားပြီးချိန်ကစလို့ ၂၄ နာရီအပြည့် သက်တော်စောင့်တွေရဲ့ စောက်ရှောက်မှုအောက်မှာ ရှိနေတာလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဝက်ဖို့ဒ်ကို ၄-၁ နဲ့ ရှုံးခဲ့ပြီးနောက် မန်ချက်စတာလေဆိပ်ကိုပြန်တဲ့ ရော်နယ်ဒိုရဲ့ အပြန်ခရီးမှာလည်းဒီသက်တော်စောင့် အမြွှာညီနောင်ကို အတူတွေ့ခဲ့ရပါသေးတယ်။

ဒုစရိုက်ဂိုဏ်းတွေရဲ့ ပစ်မှတ်ဖြစ်လာနိုင်တယ်ဆိုတဲ့ သတိပေးမှုတွေကို ရရှိခဲ့ပြီးနောက်မှာတော့ ရော်နယ်ဒိုကလည်း သူနဲ့ သူ့ရဲ့မိသားစုလုံခြုံရေးကို ပိုမိုတိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ အရင်ကတည်းက MMA တိုက်ခိုက်ရေးသမား၊ နွားရိုင်းသတ်သမားဟောင်းတွေကို သက်တော်စောင့်အဖြစ်ခန့်အပ်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

MMA တိုက်ခိုက်ရေးသမားနဲ့ နွားရိုင်းသတ်သမားဖြစ်တဲ့ နူနိုမာရီကို့စ်ဟာ ရီးရဲလ်မှာ ရော်နယ်ဒိုကစားနေစဥ်တလျောက်လုံး သက်တော်စောင့်အဖြစ်တာဝန်ယူခဲ့သူပါ။

သူ့ရဲ့နောက်ကြောင်းနဲ့နာမည်ကို ၂၀၁၈ ဇွန်လအတွင်းမှာ မီဒီယာတွေက ဖော်ထုတ်သိရှိခဲ့ပါတယ်။

ရော်နယ်ဒိုတို့ဘက်ကတော့ နူနိုဟာ လစ္စဘွန်းမြို့အနီးက မြို့လေးတစ်မြို့မှာ အခြေစိုက်ပြီး အားလပ်ချိန်တွေမှာ ပရိသတ်တွေကို နွားရိုင်းသတ်ပွဲနဲ့ ဖြေဖျော်နေသူအဖြစ်သာ ပုံဖော်ခဲ့ပါတယ်။

အလားတူ ၂၀၀၆ ကနေ ၂၀၀၈ အတွင်း MMA ပွဲတွေကစားခဲ့တဲ့ အရပ် ၆ ပေ ၂ လက်မရှိတဲ့ MMA တိုက်ခိုက်ရေးသမားဟောင်း ဂွန်ကာလိုဆဲလ်ဂါဒိုကလည်း ရော်နယ်ဒိုရဲ့သက်တော်စောင့်တစ်ဦးပါ။

ယူကရိန်းနိုင်ငံကိဗ်မြို့မှာ ကစားခဲ့တဲ့ ၂၀၁၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရော်နယ်ဒိုကို စောင့်ကြည့်ပြီး လုံခြုံရေးယူပေးနေတာကိုလည်း မီဒီယာတွေက မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုနဲ့ကြင်ဖော် ဂျော်ဂျီယာနာတို့မှာ သူတို့၂ ဦးက မွေးတဲ့ သမီးလေး အယ်လ္နာမာတီနာအပါအဝင် စုစုပေါင်း သားသမီး ၄ ဦးရှိပြီး ဂျော်ဂျီယာနာမှာ နောက်ထပ်အမြွှာကိုယ်ဝန်ဆောင်ထားရတယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ ကြေညာထားပါတယ်။

zawgyi

အာဖဂန္နစၥတန္ျပန္ အထူးကြန္မန္ဒိုေဟာင္း အႁမႊာညီေနာင္ကို သက္ေတာ္ေစာင့္ခန္႔ထားတဲ့ ေရာ္နယ္ဒို

မန္ယူနဲ႔ ေပၚတူဂီကစားသမား ခရစၥတီယာႏို ေရာ္နယ္ဒိုဟာ သူနဲ႔ သူ႔ရဲ႕ မိသားစု လုံၿခဳံေရးအတြက္ အာဖဂနစၥတန္မွာ တာဝန္ထမ္းေဆာင္ခဲ့ဖူးတဲ့ အထူးကြန္မန္ဒိုေဟာင္း ၂ ဦးကို ထပ္မံခန္႔အပ္ထားတယ္လို႔ The Sun က ေဖာ္ျပပါတယ္။

စက္တင္ဘာလအတြင္းက ယန္းဘြိဳင္းကို သြားကစားတဲ့ဆြစ္ဇာလန္ ခရီးစၪၼွာ ဒီ အႁမႊာညီေနာင္ကို ေရာနယ္ဒိုရဲ႕ သက္ေတာ္ေစာင့္ေတြအျဖစ္ ပထမဆုံးအႀကိမ္ လူျမင္ကြင္းမွာ စေတြ႕ခဲ့ၾကရပါတယ္။

ဒီ အႁမႊာထဲက တစ္ဦးကိုလည္း အခုႏိုဝင္ဘာလအေစာပိုင္းက မက္ဒရစ္ၿမိဳ႕မွာ ေရာနယ္ဒိုရဲ႕ ၾကင္ေဖာ္ ေဂ်ာ္ဂ်ီယာနာဦးေဆာင္ျပဳလုပ္ခဲ့တဲ့ သူတို႔ရဲ႕ဘသမီးေလး အယ္လာနာမာတီနာရဲ႕ ေမြးေန႔ပြဲမွာ ေတြ႕ခဲ့ရပါတယ္။

အခုသီတင္းပတ္အတြင္းမွာေတာ့ ေရာ္နယ္ဒိုတို႔မိသားစုကို သက္ေတာ္ေစာင့္ေပးေနတဲ့ အႁမႊာညီေနာင္ရဲ႕ နာမည္ေတြနဲ႔ သူတို႔ရဲ႕ ေနာက္ေၾကာင္းေတြကိုပါ The Sun က စုံစမ္းေဖာ္ထုတ္ႏိုင္ခဲ့ၿပီး ေဖာ္ျပခဲ့တာပါ။

ဒီအႁမႊာညီေနာင္ ၂ ဦးရဲ႕ အမည္ဟာ ဆာဂ်ီယိုနဲ႔ ေဂ်ာ့ရာမဲလ္ဟီယာ႐ိုတို႔ျဖစ္ၿပီး သူတို႔ ၂ ဦးဟာ အာဖဂန္နစၥတန္မွာ တာဝန္ထမ္းေဆာင္ခဲ့တဲ့ အထူးကြန္မန္ဒို တပ္ဖြဲ႕ဝင္ေဟာင္းေတြျဖစ္တယ္လို႔ ဆိုပါတယ္။ စစ္မႈထမ္းၿပီးေနာက္ ေပၚတူဂီသို႔ ျပန္လာကာ ႏိုင္ငံေရးသမားေတြနဲ႔တရားသူႀကီးေတြကို အထူးေစာင့္ၾကည့္ေပးရတဲ့ ရဲတပ္ဖြဲ႕ရဲ႕အထူးအဖြဲ႕အစည္းမွာ တာဝန္ထမ္းေဆာင္ခဲ့ၾကတယ္လို႔ဆိုပါတယ္။

ေနာက္ပိုင္းမွာေတာ့ ေပၚတူဂီျပည္သူ႔လုံၿခဳံေရးရဲတပ္ဖြဲ႕(PSP) ကေန ႏုတ္ထြက္သြားၾကၿပီး ေရာ္နယ္ဒိုကလည္း သက္ေတာ္ေစာင့္ေတြအျဖစ္ ခန္႔အပ္လိုက္တာျဖစ္ပါတယ္။

ဒီအႁမႊာ ညီေနာင္မွာ အျခားညီအစ္ကို ၁ ဦး ရွိေနေသးၿပီး သူကေတာ့ ေပၚတူဂီရဲတပ္ဖြဲ႕ထဲမွာ ဆက္လက္တာဝန္ထမ္းေဆာင္ေနဆဲလို႔ The Sun က ေဖာ္ျပပါတယ္။

အတြင္းလူေတြကေတာ့ ဒီအ​ျြမႊာညီေနာင္နဲ႔ ပတ္သက္ၿပီး “သူတို႔ဟာ သပ္သပ္ရပ္ရပ္ ဝတ္စားေလ့ရွိသလို သာမန္ထက္လည္း ပိုၿပီး ၾကည့္ေကာင္းတဲ့သူေတြဟာ။ လူအမ်ားႀကီးထဲမွာလည္း ေရာေႏွာေနႏိုင္စြမ္းရွိတယ္။ ဒါေပမယ့္ မ်က္စိလ်င္သလို အျမန္ဆုံးစၪ္းစားၿပီး အခ်ိန္ကိုက္လႈပ္ရွားႏိုင္စြမ္း ရွိၾကသူေတြပါ” လို႔ မွတ္ခ်က္ေပးထားပါတယ္။

ေရာ္နယ္ဒိုနဲ႔သူ႔ရဲ႕မိသားစုဟာ မန္ယူမွာ ေရာ္နယ္ဒို ျပန္လာကစားၿပီးခ်ိန္ကစလို႔ ၂၄ နာရီအျပည့္ သက္ေတာ္ေစာင့္ေတြရဲ႕ ေစာက္ေရွာက္မႈေအာက္မွာ ရွိေနတာလို႔ သတင္းေတြ ထြက္ေပၚခဲ့ပါတယ္။

ဝက္ဖို႔ဒ္ကို ၄-၁ နဲ႔ ရႈံးခဲ့ၿပီးေနာက္ မန္ခ်က္စတာေလဆိပ္ကိုျပန္တဲ့ ေရာ္နယ္ဒိုရဲ႕ အျပန္ခရီးမွာလည္းဒီသက္ေတာ္ေစာင့္ အႁမႊာညီေနာင္ကို အတူေတြ႕ခဲ့ရပါေသးတယ္။

ဒုစ႐ိုက္ဂိုဏ္းေတြရဲ႕ ပစ္မွတ္ျဖစ္လာႏိုင္တယ္ဆိုတဲ့ သတိေပးမႈေတြကို ရရွိခဲ့ၿပီးေနာက္မွာေတာ့ ေရာ္နယ္ဒိုကလည္း သူနဲ႔ သူ႔ရဲ႕မိသားစုလုံၿခဳံေရးကို ပိုမိုတိုးျမႇင့္လိုက္တာ ျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာ အရင္ကတည္းက MMA တိုက္ခိုက္ေရးသမား၊ ႏြား႐ိုင္းသတ္သမားေဟာင္းေတြကို သက္ေတာ္ေစာင့္အျဖစ္ခန္႔အပ္ခဲ့ဖူးသူလည္း ျဖစ္ပါတယ္။

MMA တိုက္ခိုက္ေရးသမားနဲ႔ ႏြား႐ိုင္းသတ္သမားျဖစ္တဲ့ ႏူႏိုမာရီကို႔စ္ဟာ ရီးရဲလ္မွာ ေရာ္နယ္ဒိုကစားေနစၪၱစ္ေလ်ာက္လုံး သက္ေတာ္ေစာင့္အျဖစ္တာဝန္ယူခဲ့သူပါ။ သူ႔ရဲ႕ေနာက္ေၾကာင္းနဲ႔နာမည္ကို ၂၀၁၈ ဇြန္လအတြင္းမွာ မီဒီယာေတြက ေဖာ္ထုတ္သိရွိခဲ့ပါတယ္။

ေရာ္နယ္ဒိုတို႔ဘက္ကေတာ့ ႏူႏိုဟာ လစၥဘြန္းၿမိဳ႕အနီးက ၿမိဳ႕ေလးတစ္ၿမိဳ႕မွာ အေျခစိုက္ၿပီး အားလပ္ခ်ိန္ေတြမွာ ပရိသတ္ေတြကို ႏြား႐ိုင္းသတ္ပြဲနဲ႔ ေျဖေဖ်ာ္ေနသူအျဖစ္သာ ပုံေဖာ္ခဲ့ပါတယ္။

အလားတူ ၂၀၀၆ ကေန ၂၀၀၈ အတြင္း MMA ပြဲ်ေတြကစားခဲ့တဲ့ အရပ္ ၆ ေပ ၂ လက္မရွိတဲ့ MMA တိုက္ခိုက္ေရးသမားေဟာင္း ဂြန္ကာလိုဆဲလ္ဂါဒိုကလည္း ေရာ္နယ္ဒိုရဲ႕သက္ေတာ္ေစာင့္တစ္ဦးပါ။ ယူကရိန္းႏိုင္ငံကိဗ္ၿမိဳ႕မွာ ကစားခဲ့တဲ့ ၂၀၁၈ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ေရာ္နယ္ဒိုကို ေစာင့္ၾကည့္ၿပီး လုံၿခဳံေရးယူေပးေနတာကိုလည္း မီဒီယာေတြက မွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္။

ေရာ္နယ္ဒိုနဲ႔ၾကင္ေဖာ္ ေဂ်ာ္ဂ်ီယာနာတို႔မွာ သူတို႔၂ ဦးက ေမြးတဲ့ သမီးေလး အယ္လၷာမာတီနာအပါအဝင္ စုစုေပါင္း သားသမီး ၄ ဦးရွိၿပီး ေဂ်ာ္ဂ်ီယာနာမွာ ေနာက္ထပ္အႁမႊာကိုယ္ဝန္ေဆာင္ထားရတယ္လို႔ ၿပီးခဲ့တဲ့ ေအာက္တိုဘာလအတြင္းမွာ ေၾကညာထားပါတယ္။