
လီဗာပူးနောက်ခံလူ ဗန်ဒိုက်ချ်ဟာ အာဆင်နယ်ရဲ့နောက်ခံလူ ဆာလီဘာကို အင်စတာဂရမ်မှာ
Follow လုပ်လိုက်တယ်လို့ သိရှိရပါတယ်။ ဆာလီဘာဟာ အာဆင်နယ်ကို (၂၀၁၉) တည်းက
ရောက်ရှိနေခဲ့ပေမယ့် အရင်ရာသီတွေမှာ အငှားနဲ့သာ ထွက်ကစားခဲ့ရပါတယ်။ဆာလီဘာဟာ
ပြီးခဲ့တဲ့ရာသီမှာ မာဆေးလ်နဲ့အတူ အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့တဲ့နောက် အာဆင်
နယ်နည်းပြ အာတီတာက ဆာလီဘာကို အသင်းမှာပြန်ခေါ်ထားခဲ့ပါတယ်။ ကစားသမားကိုယ်
တိုင်က ပုံမှန်ပွဲထွက်ခွင့်သာမရရှိရင် အသင်းကနေ ပြန်လည်ထွက်ခွာဖို့ ဆန္ဒရှိနေပေမယ့် အာတီ
တာကတော့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲမှာတင် ဆာလီဘာကို ပွဲထွက်ခွင့်ပေးခဲ့ပါတယ်။ဒီပွဲမှာ
အာဆင်နယ်က ခရစ္စတယ်ပဲလေ့စ်ကို အဝေးကွင်းမှာ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ဆာလီဘာက
လည်း အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုပါ ဆွတ်
ခူးရရှိခဲ့ပါတယ်။ အသက် (၂၁) နှစ်အရွယ် ဒီကစားသမားအတွက် ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲက က
စားသမားဘဝ ပထမဆုံး ပရီးမီးယားလိဂ်ပွဲလည်း ဖြစ်ခဲ့တာပါ။ဒါပေမယ့်လည်း သူ့ရဲ့ စွမ်းဆောင်
ရည်က တော်တော်လေးကို အံ့အားသင့်ဖွယ်ကောင်းခဲ့ပြီး အကောင်းဆုံးကစားသမားဆုကိုပါ ထိုက်
ထိုက်တန်တန်ရရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီပွဲအပြီးမှာတော့ လီဗာပူးနောက်ခံလူ ဗန်ဒိုက်ချ်က ဆာ
လီဘာကို အင်စတာဂရမ်မှာ Follow လုပ်လိုက်တာဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ မတော်တဆတိုက်
ဆိုင်မှုတခုလည်းဖြစ်နိုင်ပါတယ်။ဒါပေမယ့် အာဆင်နယ်ပရိသတ်တွေကတော့ ဗန်ဒိုက်ချ်အနေနဲ့
မနေ့ညက ဆာလီဘာရဲ့ခြေစွမ်းကို မြင်သွားတဲ့နောက် အခုလိုပဲ ဆာလီဘာကို လေးစားပြီး အင်
စတာဂရမ်မှာ Follow လုပ်လိုက်တာဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ဒီကနေ့ညရဲ့ ပထမ
ဆုံးပရီးမီးယားလိဂ်ပွဲမှာတော့ ဗန်ဒိုက်ချ်က လီဗာပူးနဲ့အတူ ဖူလ်ဟမ်ကို အဝေးကွင်းမှာ သွား
ရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။
လီဗာပူးေနာက္ခံလူ ဗန္ဒိုက္ခ်္ဟာ အာဆင္နယ္ရဲ႕ေနာက္ခံလူ ဆာလီဘာကို အင္စတာဂရမ္မွာ
Follow လုပ္လိုက္တယ္လို႔ သိရွိရပါတယ္။ ဆာလီဘာဟာ အာဆင္နယ္ကို (၂၀၁၉) တည္းက
ေရာက္ရွိေနခဲ့ေပမယ့္ အရင္ရာသီေတြမွာ အငွားနဲ႔သာ ထြက္ကစားခဲ့ရပါတယ္။ဆာလီဘာဟာ
ၿပီးခဲ့တဲ့ရာသီမွာ မာေဆးလ္နဲ႔အတူ အေကာင္းဆုံးေျခစြမ္းေတြကို ျပသႏိုင္ခဲ့တဲ့ေနာက္ အာဆင္
နယ္နည္းျပ အာတီတာက ဆာလီဘာကို အသင္းမွာျပန္ေခၚထားခဲ့ပါတယ္။ ကစားသမားကိုယ္
တိုင္က ပုံမွန္ပြဲထြက္ခြင့္သာမရရွိရင္ အသင္းကေန ျပန္လည္ထြက္ခြာဖို႔ ဆႏၵရွိေနေပမယ့္ အာတီ
တာကေတာ့ ပရီးမီးယားလိဂ္ရာသီအဖြင့္ပြဲမွာတင္ ဆာလီဘာကို ပြဲထြက္ခြင့္ေပးခဲ့ပါတယ္။ဒီပြဲမွာ
အာဆင္နယ္က ခရစၥတယ္ပဲေလ့စ္ကို အေဝးကြင္းမွာ ႏွစ္ဂိုးျပတ္နဲ႔ အႏိုင္ရရွိခဲ့ၿပီး ဆာလီဘာက
လည္း အေကာင္းဆုံးေျခစြမ္းျပႏိုင္ခဲ့တာေၾကာင့္ ဒီပြဲရဲ႕ အေကာင္းဆုံးကစားသမားဆုကိုပါ ဆြတ္
ခူးရရွိခဲ့ပါတယ္။ အသက္ (၂၁) ႏွစ္အ႐ြယ္ ဒီကစားသမားအတြက္ ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲက က
စားသမားဘဝ ပထမဆုံး ပရီးမီးယားလိဂ္ပြဲလည္း ျဖစ္ခဲ့တာပါ။ဒါေပမယ့္လည္း သူ႔ရဲ႕ စြမ္းေဆာင္
ရည္က ေတာ္ေတာ္ေလးကို အံ့အားသင့္ဖြယ္ေကာင္းခဲ့ၿပီး အေကာင္းဆုံးကစားသမားဆုကိုပါ ထိုက္
ထိုက္တန္တန္ရရွိခဲ့တာျဖစ္ပါတယ္။ အဲ့ဒီပြဲအၿပီးမွာေတာ့ လီဗာပူးေနာက္ခံလူ ဗန္ဒိုက္ခ်္က ဆာ
လီဘာကို အင္စတာဂရမ္မွာ Follow လုပ္လိုက္တာျဖစ္ပါတယ္။ ဒီျဖစ္ရပ္ဟာ မေတာ္တဆတိုက္
ဆိုင္မႈတခုလည္းျဖစ္ႏိုင္ပါတယ္။ဒါေပမယ့္ အာဆင္နယ္ပရိသတ္ေတြကေတာ့ ဗန္ဒိုက္ခ်္အေနနဲ႔
မေန႔ညက ဆာလီဘာရဲ႕ေျခစြမ္းကို ျမင္သြားတဲ့ေနာက္ အခုလိုပဲ ဆာလီဘာကို ေလးစားၿပီး အင္
စတာဂရမ္မွာ Follow လုပ္လိုက္တာျဖစ္ႏိုင္တယ္လို႔ သုံးသပ္ေနၾကပါတယ္။ ဒီကေန႔ညရဲ႕ ပထမ
ဆုံးပရီးမီးယားလိဂ္ပြဲမွာေတာ့ ဗန္ဒိုက္ခ်္က လီဗာပူးနဲ႔အတူ ဖူလ္ဟမ္ကို အေဝးကြင္းမွာ သြား
ေရာက္ရင္ဆိုင္ရမွာျဖစ္ပါတယ္။