အာဆင်နယ်ထုံးနှလုံးမူပြီး ယူနိုက်တက် မခံချင်စိတ်နဲ့နိုးထနိုင်မလား?

ပြီးခဲ့တဲ့သြဂုတ်လအတွင်း အီတီဟတ်ကွင်းမှာ မန်စီးတီးကို၅ဂိုးပြတ်ရှုံးခဲ့တာက အာဆင်နယ်ကို မခံချင်စိတ်နဲ့တွန်းအားဖြစ်စေခဲ့တယ်လို့ဆိုရမှာပါ။ ဘာကြောင့် အဲဒီလိုကောက်ချက်ချရတာလဲဆိုတော့ မန်စီးတီးရှုံးပွဲအပြီးမှာ ပြိုင်ပွဲစုံ၈ပွဲဆက် ရှုံးပွဲမရှိစံချိန်တင်နိုင်ခဲ့လို့ပါပဲ။

အာဆင်နယ်ရဲ့ရာသီအစတာထွက်ကတော့ ပန်းခင်းလမ်းမဟုတ်ခဲ့ဘဲခရောင်းလမ်းလိုကြမ်းတမ်းခဲ့ပါတယ်။ မန်စီးတီးရှုံးပွဲအပြီး မှာ ရာသီအဖွင့်ပရီးမီးယားလိဂ် ၃ပွဲဆက် တစ်ဂိုးမှမသွင်းနိုင်ဘဲရှုံးနိမ့်ခဲ့တဲ့စံချိန်ဆိုးတင်ခဲ့တာမို့ နည်းပြအာတီတာနဲ့အာဆင်နယ်ကစားသမားတွေအပေါ် ဝေဖန် ပြစ်တင်မှုတွေ လူမှုကွန်ရက်စာမျက်နှာတွေမှာပလူပျံခဲ့ပြီး အာတီတာကို ရာထူးမှနုတ်ထွက်ပေးဖို့တောင်းဆိုသံတွေကလည်း ဆူညံပွက်လောရိုက်ခဲ့ပါတယ်။

ဒါ ပေမဲ့ အာတီတာတို့ဆရာတပည့်တွေဟာ စိတ်ဓာတ်ကျအားငယ်ခြင်းမရှိဘဲ လဲ ကျရင်ပြန်ထရမယ်ဆိုတဲ့ခံယူချက်နဲ့ အစွမ်းကုန်ကြိုးစားအားထုတ်ခဲ့တာမို့ အခုလို ၈ပွဲဆက်ရှုံးပွဲမရှိစံချိန်တင်နိုင်တဲ့အခြေအနေထိ ပြန်ရောက်လာတာပါ။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ ၆ပွဲဆက်ရှုံးပွဲမရှိ၊ အဆင့်(၁၀)ကိုတက်လာသလို လိဂ်ဖလားမှာလည်း လိဒ်စ်ကို ၂ဂိုးပြတ်အနိုင်ယူပြီး ကွာတားဖိုင်နယ်တက်သွားပါပြီ။

ယူနိုက်တက်အသင်းရဲ့ဖြစ်အင်ကတော့ အာဆင်နယ်နဲ့ပြောင်းပြန်ဖြစ်ပြီး ရာသီအစတာထွက်ကောင်းခဲ့ပါတယ်။ ဒါကြောင့်လည်း ယူနိုက်တက်ပရိသတ်တွေပျော်တပြုံးပြုံးဖြစ်ခဲ့ပြီး တစ်ကျော့ပြန်ရော်နယ်ဒိုနဲ့အတူ ပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်ဖို့ကိုတောင် အိပ်မက်မက်ခဲ့ကြပါတယ်။

ရာသီအဖွင့်ပရီးမီးယားလိဂ် ၅ပွဲဆက်ရှုံးပွဲမရှိ(၄ပွဲနိုင်၊ ၁ပွဲသရေ)ခဲ့တာမို့လည်း သူတို့ရဲ့အိပ်မက်တွေကိုပိုလွန်း တယ်လို့မဆိုနိုင်ပါဘူး။ ဒါပေမဲ့ ယန်းဘွိုင်းစ်ကိုရှုံးခဲ့တဲ့ချန်ပီယံလိဂ်အဖွင့်ပွဲအပြီးမှာတော့ ယူနိုက်တက်အသင်းရဲ့ရလဒ်တွေက မယုံနိုင်လောက်အောင်ကျဆင်းသွားခဲ့ပြီး နိုင်ပွဲတစ်ပွဲရဖို့အသည်းအသန်ရုန်းကန်ရတဲ့ဘဝရောက်သွားပါတယ်။

ပရီးမီးယားလိဂ်နောက်ဆုံး ၄ပွဲမှာဆိုရင် ၁မှတ်သာရခဲ့ပြီး လီဗာပူးကို အိမ်ကွင်းမှာ ၅ဂိုးပြတ်ရှုံးခဲ့တဲ့ပွဲကတော့ နူရာဝဲစွဲ၊ လဲရာသူခိုးထောင်းဖြစ်စေခဲ့တာပါ။ လီ ဗာပူးရှုံးပွဲအပြီးမှာ ယူနိုက်တက်ကစားသမားတွေနဲ့ နည်းပြဆိုးလ်ရှားအပေါ် ပရိ သတ်တွေရဲ့ဝေဖန်မှုဒီဂရီကအမြင့်ဆုံးအဆင့်ရောက်သွားပါပြီ။

လာမယ့်ပွဲစဉ်တွေကလည်း ပွဲကျပ်တွေချည်းပဲဆိုတော့ အထုတ်ခံရဖို့ရေပန်းစားနေတဲ့ဆိုးလ်ရှားအတွက် မတွေးဝံ့စရာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မန်စီးတီးကိုအရှက်တကွဲရှုံးခဲ့တဲ့ပွဲအပြီးပြန်နိုးထနိုင်ခဲ့တဲ့ အာဆင်နယ်ရဲ့ထုံးကိုနှလုံးမူပြီး ယူနိုက်တက်အသင်း မခံချင် စိတ်နဲ့နိုးထနိုင်မလားဆိုတာကတော့ လာမယ့်စနေစပါးနဲ့ပွဲကစပြီးအဖြေ ပေါ်လာမှာပါ။

zawgyi

အာဆင္နယ္ထုံးႏွလုံးမူၿပီး ယူႏိုက္တက္ မခံခ်င္စိတ္နဲ႔ႏိုးထႏိုင္မလား

ၿပီးခဲ့တဲ့ၾသဂုတ္လအတြင္း အီတီဟတ္ကြင္းမွာ မန္စီးတီးကို၅ဂိုးျပတ္ရႈံးခဲ့တာက အာဆင္နယ္ကို မခံခ်င္စိတ္နဲ႔တြန္းအားျဖစ္ေစခဲ့တယ္လို႔ဆိုရမွာပါ။ ဘာေၾကာင့္ အဲဒီလိုေကာက္ခ်က္ခ်ရတာလဲဆိုေတာ့ မန္စီးတီးရႈံးပြဲအၿပီးမွာ ၿပိဳင္ပြဲစုံ၈ပြဲဆက္ ရႈံးပြဲမရွိစံခ်ိန္တင္ႏိုင္ခဲ့လို႔ပါပဲ။

အာဆင္နယ္ရဲ႕ရာသီအစတာထြက္ကေတာ့ ပန္းခင္းလမ္းမဟုတ္ခဲ့ဘဲခေရာင္းလမ္းလိုၾကမ္းတမ္းခဲ့ပါတယ္။ မန္စီးတီးရႈံးပြဲအၿပီး မွာ ရာသီအဖြင့္ပရီးမီးယားလိဂ္ ၃ပြဲဆက္ တစ္ဂိုးမွမသြင္းႏိုင္ဘဲရႈံးနိမ့္ခဲ့တဲ့စံခ်ိန္ဆိုးတင္ခဲ့တာမို႔ နည္းျပအာတီတာနဲ႔အာဆင္နယ္ကစားသမားေတြအေပၚ ေဝဖန္ ျပစ္တင္မႈေတြ လူမႈကြန္ရက္စာမ်က္ႏွာေတြမွာပလူပ်ံခဲ့ၿပီး အာတီတာကို ရာထူးမွႏုတ္ထြက္ေပးဖို႔ေတာင္းဆိုသံေတြကလည္း ဆူညံပြက္ေလာ႐ိုက္ခဲ့ပါတယ္။

ဒါ ေပမဲ့ အာတီတာတို႔ဆရာတပည့္ေတြဟာ စိတ္ဓာတ္က်အားငယ္ျခင္းမရွိဘဲ လဲ က်ရင္ျပန္ထရမယ္ဆိုတဲ့ခံယူခ်က္နဲ႔ အစြမ္းကုန္ႀကိဳးစားအားထုတ္ခဲ့တာမို႔ အခုလို ၈ပြဲဆက္ရႈံးပြဲမရွိစံခ်ိန္တင္ႏိုင္တဲ့အေျခအေနထိ ျပန္ေရာက္လာတာပါ။ အာဆင္နယ္ဟာ ပရီးမီးယားလိဂ္မွာ ၆ပြဲဆက္ရႈံးပြဲမရွိ၊ အဆင့္(၁၀)ကိုတက္လာသ လို လိဂ္ဖလားမွာလည္း လိဒ္စ္ကို ၂ဂိုးျပတ္အႏိုင္ယူၿပီး ကြာတားဖိုင္နယ္တက္သြားပါၿပီ။

ယူႏိုက္တက္အသင္းရဲ႕ျဖစ္အင္ကေတာ့ အာဆင္နယ္နဲ႔ေျပာင္းျပန္ျဖစ္ၿပီး ရာသီအစတာထြက္ေကာင္းခဲ့ပါတယ္။ ဒါေၾကာင့္လည္း ယူႏိုက္တက္ပရိသတ္ေတြေပ်ာ္တၿပဳံးၿပဳံးျဖစ္ခဲ့ၿပီး တစ္ေက်ာ့ျပန္ေရာ္နယ္ဒိုနဲ႔အတူ ပရီးမီးယားလိဂ္ဖလားဆြတ္ခူးႏိုင္ဖို႔ကိုေတာင္ အိပ္မက္မက္ခဲ့ၾကပါတယ္။

ရာသီအဖြင့္ပရီးမီးယားလိဂ္ ၅ပြဲဆက္ရႈံးပြဲမရွိ(၄ပြဲႏိုင္၊ ၁ပြဲသေရ)ခဲ့တာမို႔လည္း သူတို႔ရဲ႕အိပ္မက္ေတြကိုပိုလြန္း တယ္လို႔မဆိုႏိုင္ပါဘူး။ ဒါေပမဲ့ ယန္းဘြိဳင္းစ္ကိုရႈံးခဲ့တဲ့ခ်န္ပီယံလိဂ္အဖြင့္ပြဲအၿပီးမွာေတာ့ ယူႏိုက္တက္အသင္းရဲ႕ရလဒ္ေတြက မယုံႏိုင္ေလာက္ေအာင္က်ဆင္းသြားခဲ့ၿပီး ႏိုင္ပြဲတစ္ပြဲရဖို႔အသည္းအသန္႐ုန္းကန္ရတဲ့ဘဝေရာက္သြားပါတယ္။

ပရီးမီးယားလိဂ္ေနာက္ဆုံး ၄ပြဲမွာဆိုရင္ ၁မွတ္သာရခဲ့ၿပီး လီဗာပူးကို အိမ္ကြင္းမွာ ၅ဂိုးျပတ္ရႈံးခဲ့တဲ့ပြဲကေတာ့ ႏူရာဝဲစြဲ၊ လဲရာသူခိုးေထာင္းျဖစ္ေစခဲ့တာပါ။ လီ ဗာပူးရႈံးပြဲအၿပီးမွာ ယူႏိုက္တက္ကစားသမားေတြနဲ႔ နည္းျပဆိုးလ္ရွားအေပၚ ပရိ သတ္ေတြရဲ႕ေဝဖန္မႈဒီဂရီကအျမင့္ဆုံးအဆင့္ေရာက္သြားပါၿပီ။

လာမယ့္ပြဲစဥ္ေတြကလည္း ပြဲက်ပ္ေတြခ်ည္းပဲဆိုေတာ့ အထုတ္ခံရဖို႔ေရပန္းစားေနတဲ့ဆိုးလ္ရွားအတြက္ မေတြးဝံ့စရာပါပဲ။ ဘယ္လိုပဲျဖစ္ျဖစ္ မန္စီးတီးကိုအရွက္တကြဲရႈံးခဲ့တဲ့ပြဲအၿပီးျပန္ႏိုးထႏိုင္ခဲ့တဲ့ အာဆင္နယ္ရဲ႕ထုံးကိုႏွလုံးမူၿပီး ယူႏိုက္တက္အသင္း မခံခ်င္ စိတ္နဲ႔ႏိုးထႏိုင္မလားဆိုတာကေတာ့ လာမယ့္စေနစပါးနဲ႔ပြဲကစၿပီးအေျဖ ေပၚလာမွာပါ။