
အာဆင်နယ်အမေ့ခံလူးကပ်စ်တော်ရဲရားကမီခေးလ်အာတီတာရဲ့အသင်းတွင်သူ့အတွက်နေရာ
မရှိကြောင်းပြောကြားခြင်းခံရပြီးနောက်အာဆင်နယ်တွင်ဆက်ရှိနေရန်အခွင့်အရေးလုံးဝမရှိ
ကြောင်းပြောကြားလာပါတယ်။အသက်၂၆နှစ်ရှိတော်ရဲရားဟာပြီးခဲ့တဲ့နှစ်ရာသီအားအက်သ
လက်တီကိုမက်ဒရစ်၊ဖီအိုရင်တီးနားသို့အငှားဖြင့်သွားရောက်ကစားခဲ့ရပါတယ်။သူဟာဖီအိုရင်
တီးနားသို့အပြီးသတ်ပြောင်းရွှေ့လိုပေမဲ့လည်းစာချုပ်ပါအချက်အတိုင်းအပြီးသတ်ခေါ်ယူခြင်း
မပြုလုပ်နိုင်ခဲ့ပါဘူး။အာဆင်နယ်ဟာအသင်းနှင့်တစ်နှစ်စာချုပ်သက်တမ်းသာကျန်တော့တဲ့
တော်ရဲရားကိုအငှားမချထားလိုတော့ဘဲယခုနွေတွင်ပင်အပြီးသတ်ရောင်းချလိုနေပါတယ်။
အက်သလက်တီကိုနှင့်အတူ၂၀၂၁ခုနှစ်လာလီဂါဖလားဆွတ်ခူးနိုင်ခဲ့တဲ့တော်ရဲရားက “ဆက်
ရှိနေဖို့အခွင့်အရေးမရှိပါဘူး။အစကတည်းကကျွန်တော့်အတွက်နေရာမရှိဘူးလို့ပြောထားပြီး
သားပါ။အရမ်းနာကျင်ရတော့ကျွန်တော်ကိုယ်တိုင်ကလည်းဆက်မနေချင်ပါဘူး။အံဝင်အောင်
လုပ်ရတာအရမ်းခက်ခဲခဲ့တယ်။ကျွန်တော်စိတ်ကူးကတော့စပိန်(သို့မဟုတ်)အီတလီသို့ပြောင်း
းဖို့ပါ။ဖီအိုရင်တီးနားမှာဆက်ကစားချင်ပေမဲ့အကြောင်းအမျိုးမျိုးကြောင့်ဖြစ်မလာပါဘူး။ဒီ
တော့လမ်းကြောင်းသစ်ရှာရပါမယ်”လို့ပြောကြားသွားပါတယ်။
အာဆင္နယ္အေမ့ခံလူးကပ္စ္ေတာ္ရဲရားကမီေခးလ္အာတီတာရဲ႕အသင္းတြင္သူ႔အတြက္ေနရာ
မရွိေၾကာင္းေျပာၾကားျခင္းခံရၿပီးေနာက္အာဆင္နယ္တြင္ဆက္ရွိေနရန္အခြင့္အေရးလုံးဝမရွိ
ေၾကာင္းေျပာၾကားလာပါတယ္။အသက္၂၆ႏွစ္ရွိေတာ္ရဲရားဟာၿပီးခဲ့တဲ့ႏွစ္ရာသီအားအက္သ
လက္တီကိုမက္ဒရစ္၊ဖီအိုရင္တီးနားသို႔အငွားျဖင့္သြားေရာက္ကစားခဲ့ရပါတယ္။သူဟာဖီအိုရင္
တီးနားသို႔အၿပီးသတ္ေျပာင္းေ႐ႊ႕လိုေပမဲ့လည္းစာခ်ဳပ္ပါအခ်က္အတိုင္းအၿပီးသတ္ေခၚယူျခင္း
မျပဳလုပ္ႏိုင္ခဲ့ပါဘူး။အာဆင္နယ္ဟာအသင္းႏွင့္တစ္ႏွစ္စာခ်ဳပ္သက္တမ္းသာက်န္ေတာ့တဲ့
ေတာ္ရဲရားကိုအငွားမခ်ထားလိုေတာ့ဘဲယခုေႏြတြင္ပင္အၿပီးသတ္ေရာင္းခ်လိုေနပါတယ္။
အက္သလက္တီကိုႏွင့္အတူ၂၀၂၁ခုႏွစ္လာလီဂါဖလားဆြတ္ခူးႏိုင္ခဲ့တဲ့ေတာ္ရဲရားက “ဆက္
ရွိေနဖို႔အခြင့္အေရးမရွိပါဘူး။အစကတည္းကကြၽန္ေတာ့္အတြက္ေနရာမရွိဘူးလို႔ေျပာထားၿပီး
သားပါ။အရမ္းနာက်င္ရေတာ့ကြၽန္ေတာ္ကိုယ္တိုင္ကလည္းဆက္မေနခ်င္ပါဘူး။အံဝင္ေအာင္
လုပ္ရတာအရမ္းခက္ခဲခဲ့တယ္။ကြၽန္ေတာ္စိတ္ကူးကေတာ့စပိန္(သို႔မဟုတ္)အီတလီသို႔ေျပာင္း
းဖို႔ပါ။ဖီအိုရင္တီးနားမွာဆက္ကစားခ်င္ေပမဲ့အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ျဖစ္မလာပါဘူး။ဒီ
ေတာ့လမ္းေၾကာင္းသစ္ရွာရပါမယ္”လို႔ေျပာၾကားသြားပါတယ္။