အာဆင်နယ်ကွင်းလယ်လူက သူ့ခြေစွမ်းတိုးတက်အောင်ကူညီခဲ့ကြောင်း ပြောလိုက်တဲ့ တိုင်ရယ်မာလစီယာ
မန်ချက်စတာယူနိုက်တက်ခံစစ်ကစားသမားသစ်ဖြစ်သူ တိုင်ရယ် မာလစီယာက အသင်းသစ်မှာ ပထမ
ဆုံးရက်သတ္တပတ်အတွင်း ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ‌ဖွင့်ဟလာပြီးတော့၊ အာဆင်နယ်အသင်းနဲ့
တွေ့ဆုံခဲ့တုန်းက သူ့ရဲ့ ခြေစွမ်းကို ပြောပြလာခဲ့ပါတယ်။ မာလစီယာဟာ မန်ယူအသင်းကို ဖီယင်နုအ
သင်းကနေ ယူရို ၁၅ သန်းတည်းနဲ့ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ မာလစီယာက သူ့အနေနဲ့ ပြောင်း
ရွှေ့ကြေးအနည်းငယ်နဲ့သာ ရောက်ရှိလာတာကြောင့် သူ့အပေါ် ပရိသတ်တွေ အနည်းငယ်လောက်ပဲမျှော်
လင့်ခဲ့ကြတာကို နားလည်ကြောင်းနဲ့ အပြောင်းအရွှေ့ဟာ သူ့ကစားသမားဘဝရဲ့ သင့်တော်တဲ့ အချိန်မှာ
ရောက်ရှိလာခဲ့တာလို့ ယုံကြည်ကြောင်း၊ အခုချိန်မှာ သူ့အနေနဲ့ပရီးမီးယားလိဂ်ရဲ့ စိန်ခေါ်မှုတွေကို ရင်
ဆိုင်နိုင်နေပြီဖြစ်ကြောင်း ပြောဆိုလာပါတယ်။ “ အင်္ဂလန်မှာဆိုရင် ကျွန်တော်က သေချာပေါက် ဈေး
အကြီးဆုံးဝယ်ယူမှုလို့ သတ်မှတ်လို့မရပါဘူး။ ကျွန်တော်လည်း အဲ့ဒါကို သိပါတယ်။ ဒါပေမယ့် ခြေစွမ်း
သာပြမယ်ဆိုရင်၊ အဲ့ဒီအကြောင်းကို မကြားရတော့ပါဘူး ” လို့ ပြောဆိုခဲ့ပါတယ်။။ ဆက်လက်ပြီးအာ
ဆင်နယ်ကြယ်ပွင့် ဘူကာယို ဆာကာနဲ့ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုအပေါ် မာလစီယာက “ အဲ့ဒါက အခြေခံ
လေးတွေ ပိုင်အောင်လုပ်တာပါပဲ။ ဒါက တိုးတက်မှုလည်း ဖြစ်တယ်လေ။ ဘာလို့လဲဆိုတော့ ကျွန်တော့်
ရဲ့ ကစားသမားဘဝအစောပိုင်းမှာသာ ဆာကာလို ကစားသမားမျိုးနဲ့ ရင်ဆိုင်ကစားရရင်၊ အဲ့ဒီ မိနစ် ၉၀
က အဆင်ပြေမာ မဟုတ်ပါဘူး ”“ အခုတော့ အဆင်ပြေနေပြီ။ နယ်သာလန်မှာတုန်းက ဆာကာလောက်
သန်မာတဲ့ ကစားသမားမျိုးနဲ့ ကျွန်တော် မဆုံဖူးပါဘူး။ အဲ့ဒီအဆင့်အတန်းတွေ၊ အင်အားတွေက အရမ်း
ကောင်းပါတယ်။ အဲ့ဒါမျိုးကို နိုင်ငံတကာအဆင့်မှာတုန်းကပဲ ကျွန်တော် မြင်ဖူးလောက်မယ် ထင်တယ်။
သူ့လို ကစားသမားမျိုးတွေက ပရီးမီးယားလိဂ်မှာ အများကြီးရှိပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။