အာဂျင်တီးနားအား သုံးဂိုးပြတ်ရှုံးနိမ့်ပြီးနောက် မက်ဆီအားဝိုင်းအုံလာကြတဲ့ ဟွန်ဒူးရပ်စ်ကစားသမားများ
ဟွန်ဒူးရပ်စ်ကစားသမားများဟာအာဂျင်တီးနားကို၃-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက် လီယွန်နယ်မက်ဆီထံသို့
အပြေးအလွှားသွားကာအမှတ်တရဓာတ်ပုံရိုက်ကူးခွင့်ပေးရန်တောင်းဆိုမှုပြုလုပ်ခဲ့ကြပါတယ်။နံနက်ပိုင်း
တုန်းကမီယာမီတွင်ဟွန်ဒူးရပ်စ်ကို၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာ မက်ဆီက၂ဂိုသွင်းခဲ့ပြီးကျန်တစ်ဂိုးကို
မာတီနက်ဇ်ကသွင်းယူခဲ့ပါတယ်။အဆိုပါပွဲစဉ်တွင် Ballon d’Or ဆုခုနှစ်ကြိမ်ရလီယွန်နယ်မက်ဆီဟာ
ဒိုင်ဘီဖလိုရက်စ်ရဲ့ကြမ်းတမ်းစွာကစားခြင်းခံခဲ့ရပြီးပုခုံးဒဏ်ရာရရှိမည်ကိုစိုးရိမ်ခဲ့ရကာကွင်းတွင်း/ကွင်း
ပြင်ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။ဖလိုရက်စ်ဟာသူ့ရဲ့ဖျက်ထုတ်မှုအတွက်အဝါကတ်ပြသခြင်းခံခဲ့ရပါ
တယ်။ဒါပေမဲ့ပွဲပြီးခရာမှုတ်ပြီးချိန်မှာတော့အသက်၃၅နှစ်ရှိမက်ဆီဟာဟွန်ဒူးရပ်စ်ကစားသမားများရဲ့
ဝိုင်းအုံကာအလွန်အရေးပါတဲ့အမှတ်တရဓာတ်ပုံရိုက်ကူးခွင့်ပေးရေးတောင်းဆိုခြင်းခံခဲ့ရပါတယ်။လီယွန်
နယ်မက်ဆီနှင့်ဓာတ်ပုံတွဲရိုက်ရန်ကြိုးပမ်းသူများထဲတွင်ကစားသမားများတင်မကဟွန်ဒူးရပ်စ်ဘောလုံး
အဖွဲ့ချုပ်တာဝန်ရှိသူတို့လည်းပါဝင်ပါတယ်။