
အာဂျင်တီးနားကိုအနိုင်ရခဲ့တဲ့ သမိုင်းဝင်နိုင်ပွဲကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ဆော်ဒီအသင်းသားတိုင်းဟာ
Rolls-Royce ကားတစ်စီးစီရရှိမယ်လို့ သိရပါတယ်။ဆော်ဒီဟာ ကာတာကမ္ဘာ့ဖလားအုပ်စုအဖွင့်မှာ ဗိုလ်
စွဲဖို့ အထူးရေပန်းစားနေတဲ့မက်ဆီတို့ရဲ့အာဂျင်တီးနားကို ၂-၁ နဲ့အနိုင်ရခဲ့တာပါ။အဲဒီနိုင်ပွဲဟာ ဆော်ဒီ
ဘောလုံးသမိုင်းမှာ အကြီးကျယ်ဆုံးနိုင်ပွဲ ဖြစ်သွားခဲ့ပါတယ်။ဒါ့အပြင် ကမ္ဘာ့ဖလားဘောလုံးသမိုင်းမှာ
လည်း အကြီးကျယ်ဆုံးကမောက်ကမရလဒ်တွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။ဆော်ဒီမင်း
သားမိုဟာမက်ဘင်ဆယ်မန်ဟာ အဲဒီပွဲက သူ့နိုင်ငံအသင်းကစားသမားတွေရဲ့ခြေစွမ်းကို အလွန်နှစ်ခြိုက်
သွားတဲ့အတွက်သူ့အိတ်ထဲကစိုက်ပြီး အခုလို တန်ဖိုးကြီးချီးမြှင့်မှုလုပ်ခဲ့တာပါ။ဗြိတိန်ထုတ် ဇိမ်ခံကားအ
မှတ်တံဆိပ်ဖြစ်တဲ့ Rolls-Royce ဟာကမ္ဘာမှာ နာမည်ကြီးပါတယ်။ ဆော်ဒီအသင်းသား ၂၆ ယောက်စလုံး
ဟာRolls-Royce ကားတစ်စီးစီရရှိကြမှာပါ။ ဘယ်လိုmodelမျိုးကိုသူတို့ရမလဲဆိုတာကတော့ မသိရသေး
ပါဘူး။ ဒါပေမဲ့ အခြေခံmodel ဖြစ်တဲ့ Rolls-Royce Phantom တစ်စီးတောင်ပေါင် ၃၆၃၆၀၀ ရှိပါတယ်။
၁၉၉၄ ကမ္ဘာ့ဖလားတုန်းကလည်းဆော်ဒီကစားသမားအယ်အိုဝေရန်ဟာ ဘယ်လ်ဂျီယံဘက်ကိုဂိုးသွင်းနိုင်
ခဲ့လို့ Rolls-Royce ကားတစ်စီးချီးမြှင့်ခံခဲ့ရတာပါ။
အာဂ်င္တီးနားကိုအႏိုင္ရခဲ့တဲ့ သမိုင္းဝင္ႏိုင္ပြဲေၾကာင့္ ကမာၻ႔ဖလားၿပိဳင္ပြဲဝင္ေဆာ္ဒီအသင္းသားတိုင္းဟာ
Rolls-Royce ကားတစ္စီးစီရရွိမယ္လို႔ သိရပါတယ္။ေဆာ္ဒီဟာ ကာတာကမာၻ႔ဖလားအုပ္စုအဖြင့္မွာ ဗိုလ္
စြဲဖို႔ အထူးေရပန္းစားေနတဲ့မက္ဆီတို႔ရဲ႕အာဂ်င္တီးနားကို ၂-၁ နဲ႔အႏိုင္ရခဲ့တာပါ။အဲဒီႏိုင္ပြဲဟာ ေဆာ္ဒီ
ေဘာလုံးသမိုင္းမွာ အႀကီးက်ယ္ဆုံးႏိုင္ပြဲ ျဖစ္သြားခဲ့ပါတယ္။ဒါ့အျပင္ ကမာၻ႔ဖလားေဘာလုံးသမိုင္းမွာ
လည္း အႀကီးက်ယ္ဆုံးကေမာက္ကမရလဒ္ေတြထဲက တစ္ခုအျဖစ္ သတ္မွတ္ခံခဲ့ရတာပါ။ေဆာ္ဒီမင္း
သားမိုဟာမက္ဘင္ဆယ္မန္ဟာ အဲဒီပြဲက သူ႔ႏိုင္ငံအသင္းကစားသမားေတြရဲ႕ေျခစြမ္းကို အလြန္ႏွစ္ၿခိဳက္
သြားတဲ့အတြက္သူ႔အိတ္ထဲကစိုက္ၿပီး အခုလို တန္ဖိုးႀကီးခ်ီးျမႇင့္မႈလုပ္ခဲ့တာပါ။ၿဗိတိန္ထုတ္ ဇိမ္ခံကားအ
မွတ္တံဆိပ္ျဖစ္တဲ့ Rolls-Royce ဟာကမာၻမွာ နာမည္ႀကီးပါတယ္။ ေဆာ္ဒီအသင္းသား ၂၆ ေယာက္စလုံး
ဟာRolls-Royce ကားတစ္စီးစီရရွိၾကမွာပါ။ ဘယ္လိုmodelမ်ိဳးကိုသူတို႔ရမလဲဆိုတာကေတာ့ မသိရေသး
ပါဘူး။ ဒါေပမဲ့ အေျခခံmodel ျဖစ္တဲ့ Rolls-Royce Phantom တစ္စီးေတာင္ေပါင္ ၃၆၃၆၀၀ ရွိပါတယ္။
၁၉၉၄ ကမာၻ႔ဖလားတုန္းကလည္းေဆာ္ဒီကစားသမားအယ္အိုေဝရန္ဟာ ဘယ္လ္ဂ်ီယံဘက္ကိုဂိုးသြင္းႏိုင္
ခဲ့လို႔ Rolls-Royce ကားတစ္စီးခ်ီးျမႇင့္ခံခဲ့ရတာပါ။