အသစ်ရောက်ကစားသမားသုံးဦး၏ စွမ်းဆောင်ရည်ကောင်းတွေကို ကွင်းတွင်းအထိသယ်လာဖို့ မျှော်လင့်နေတဲ့ ရပ်ရှ်ဖို့ဒ်

မန်ချက်စတာယူနိုက်တက်ရဲ့ တိုက်စစ်ကစားသမားဖြစ်သူ မားကပ် ရက်ရှ်ဖို့ဒ်က ကစားသမား‌သစ်

တွေဖြစ်ကြတဲ့ တိုင်ရယ် မာလစီယာ၊ ခရစ္စတန်ဆန် အဲရစ်ဆန်နဲ့ လီဆန်ဒရို မာတီးနက်ဇ်တို့ သုံးဦး

စလုံးဟာ စွယ်စုံရကစားသမားတွေဖြစ်ကြပြီးတော့၊ မတူညီတဲ့နေရာအများအပြားမှာ ကစားနိုင်စွမ်း

ရှိကြတယ်လို့ ပြောဆိုလိုက်ပါတယ်။ မန်ယူနည်းပြ အဲရစ် တန်ဟန့်ဟာအေဂျက်အသင်းမှာတုန်းက

မတူညီတဲ့နေရာတွေမှာ ကစားနိုင်တဲ့ ကစားသမားအများအပြားကို ပိုင်ဆိုင်ခဲ့တာကြောင့်၊ တန်ဟန့်

ရဲ့ အကြိုက်ဆုံးဟာ စွယ်စုံရကစားသမားတွေဖြစ်တယ်ဆိုတာတော့ မေးခွန်းထုတ်စရာမလိုတာ ဖြစ်

ပါတယ်။ ထို့အတွက်ကြောင့်လည်း တန်ဟန့်ဟာ သူ့ရဲ့အသင်းဟောင်းက မာတီးနက်ဇ်ကို အိုးထရက်

ဖို့ဒ်ဆီ ခေါ်‌ဆောင်ခဲ့တာ ဖြစ်ပါတယ်။မာတီးနက်ဇ်ဟာ ဗဟိုခံစစ်နေရာမှာ ကျွမ်းကျွမ်းကျင်ကျင်က

စားနိုင်တဲ့အပြင်၊ ဘယ်ခြမ်းခံစစ်အဖြစ်လည်း အတွေ့အကြုံရှိပြီး၊ ကွင်းလယ်ခံစစ်အဖြစ်ပါ ကစား

နိုင်တာ ဖြစ်ပါတယ်။ အဲရစ်ဆန်ကတော့ ကွင်းလယ်တိုက်စစ်တစ်ဦးဖြစ်ပေမယ့်၊ ဘရန့်ဖို့ဒ်မှာတုန်း

က လိုအပ်ရင် ရှေ့ကိုပိုတက်ပြီး ကစားနိုင်စွမ်းရှိတာကို ပြသခဲ့ပါတယ်။ မာလစီယာဟာလည်း ခံ

စစ်တန်းရဲ့တောင်ပံနေရာမှာ ကစားနိုင်သလို၊ ဘယ်ခြမ်းခံစစ်မှာလည်း ပိုပြီးတော့ သဘာဝဆန်

ဆန်ကစားနိုင်ပါတယ်။ ထို့အတွက်ကြောင့် ရက်ရှ်ဖို့ဒ်က “ သူတို့အားလုံးက အသားကျနိုင်စွမ်းရှိ

တဲ့ ကစားသမားတွေပါ၊ ပြီးတော့ သူတို့က မတူညီတဲ့နည်းစနစ်တွေ၊ မတူညီတဲ့ နေရာတွေမှာ က

စားနိုင်ကြတယ်။ သူတို့နဲ့ အတူ ကစားရဖို့ကို ကျွန်တော် မျှော်လင့်နေပြီးတော့၊ ကျွန်တော်တို့ ”

“ အတူတကွ ဘာလုပ်နိုင်သလဲဆိုတာကို ကြည့်ကြပါမယ်။ သူတို့အားလုံးက မတူညီတဲ့အရာ

အနည်းငယ်ကို ယူဆောင်လာခဲ့တယ်၊ ကွင်းပြင်ပမှာလည်း သူတို့က ထူးဆန်းတဲ့အရာတစ်ခုကို

အဝတ်လဲခန်းဆီ ယူဆောင်လာတယ်။ ဒါက ရှည်လျားတဲ့ရာသီဖြစ်တာကြောင့် တစ်ယောက်ကို

တစ်ယောက် ကူညီဖို့ အရေးကြီးပါတယ်။ ဒီတော့ ကွင်းပြင်ပမှာ သူတို့က အဲ့ဒါကို ”“ ယူဆောင်

လာဖို့ မျှော်လင့်ပါတယ်။ ကွင်းအတွင်းမှာဆိုရင် သူတို့အားလုံးဟာ အေးဆေးတဲ့ကစားသမားတွေ

ဖြစ်ပါတယ်၊ ဘောလုံးနဲ့ ပတ်သက်ရင်လည်း အားလုံးက ကောင်းကြပါတယ်။ ကစားသမားတွေနဲ့

ကစားရဖို့အတွက် ကျွန်တော်တို့ မျှော်လင့်နေကြပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ တိုက္စစ္ကစားသမားျဖစ္သူ မားကပ္ ရက္ရွ္ဖို႔ဒ္က ကစားသမား‌သစ္

ေတြျဖစ္ၾကတဲ့ တိုင္ရယ္ မာလစီယာ၊ ခရစၥတန္ဆန္ အဲရစ္ဆန္နဲ႔ လီဆန္ဒ႐ို မာတီးနက္ဇ္တို႔ သုံးဦး

စလုံးဟာ စြယ္စုံရကစားသမားေတြျဖစ္ၾကၿပီးေတာ့၊ မတူညီတဲ့ေနရာအမ်ားအျပားမွာ ကစားႏိုင္စြမ္း

ရွိၾကတယ္လို႔ ေျပာဆိုလိုက္ပါတယ္။ မန္ယူနည္းျပ အဲရစ္ တန္ဟန႔္ဟာေအဂ်က္အသင္းမွာတုန္းက

မတူညီတဲ့ေနရာေတြမွာ ကစားႏိုင္တဲ့ ကစားသမားအမ်ားအျပားကို ပိုင္ဆိုင္ခဲ့တာေၾကာင့္၊ တန္ဟန႔္

ရဲ႕ အႀကိဳက္ဆုံးဟာ စြယ္စုံရကစားသမားေတြျဖစ္တယ္ဆိုတာေတာ့ ေမးခြန္းထုတ္စရာမလိုတာ ျဖစ္

ပါတယ္။ ထို႔အတြက္ေၾကာင့္လည္း တန္ဟန႔္ဟာ သူ႔ရဲ႕အသင္းေဟာင္းက မာတီးနက္ဇ္ကို အိုးထရက္

ဖို႔ဒ္ဆီ ေခၚ‌ေဆာင္ခဲ့တာ ျဖစ္ပါတယ္။မာတီးနက္ဇ္ဟာ ဗဟိုခံစစ္ေနရာမွာ ကြၽမ္းကြၽမ္းက်င္က်င္က

စားႏိုင္တဲ့အျပင္၊ ဘယ္ျခမ္းခံစစ္အျဖစ္လည္း အေတြ႕အႀကဳံရွိၿပီး၊ ကြင္းလယ္ခံစစ္အျဖစ္ပါ ကစား

ႏိုင္တာ ျဖစ္ပါတယ္။ အဲရစ္ဆန္ကေတာ့ ကြင္းလယ္တိုက္စစ္တစ္ဦးျဖစ္ေပမယ့္၊ ဘရန႔္ဖို႔ဒ္မွာတုန္း

က လိုအပ္ရင္ ေရွ႕ကိုပိုတက္ၿပီး ကစားႏိုင္စြမ္းရွိတာကို ျပသခဲ့ပါတယ္။ မာလစီယာဟာလည္း ခံ

စစ္တန္းရဲ႕ေတာင္ပံေနရာမွာ ကစားႏိုင္သလို၊ ဘယ္ျခမ္းခံစစ္မွာလည္း ပိုၿပီးေတာ့ သဘာဝဆန္

ဆန္ကစားႏိုင္ပါတယ္။ ထို႔အတြက္ေၾကာင့္ ရက္ရွ္ဖို႔ဒ္က “ သူတို႔အားလုံးက အသားက်ႏိုင္စြမ္းရွိ

တဲ့ ကစားသမားေတြပါ၊ ၿပီးေတာ့ သူတို႔က မတူညီတဲ့နည္းစနစ္ေတြ၊ မတူညီတဲ့ ေနရာေတြမွာ က

စားႏိုင္ၾကတယ္။ သူတို႔နဲ႔ အတူ ကစားရဖို႔ကို ကြၽန္ေတာ္ ေမွ်ာ္လင့္ေနၿပီးေတာ့၊ ကြၽန္ေတာ္တို႔ ”

“ အတူတကြ ဘာလုပ္ႏိုင္သလဲဆိုတာကို ၾကည့္ၾကပါမယ္။ သူတို႔အားလုံးက မတူညီတဲ့အရာ

အနည္းငယ္ကို ယူေဆာင္လာခဲ့တယ္၊ ကြင္းျပင္ပမွာလည္း သူတို႔က ထူးဆန္းတဲ့အရာတစ္ခုကို

အဝတ္လဲခန္းဆီ ယူေဆာင္လာတယ္။ ဒါက ရွည္လ်ားတဲ့ရာသီျဖစ္တာေၾကာင့္ တစ္ေယာက္ကို

တစ္ေယာက္ ကူညီဖို႔ အေရးႀကီးပါတယ္။ ဒီေတာ့ ကြင္းျပင္ပမွာ သူတို႔က အဲ့ဒါကို ”“ ယူေဆာင္

လာဖို႔ ေမွ်ာ္လင့္ပါတယ္။ ကြင္းအတြင္းမွာဆိုရင္ သူတို႔အားလုံးဟာ ေအးေဆးတဲ့ကစားသမားေတြ

ျဖစ္ပါတယ္၊ ေဘာလုံးနဲ႔ ပတ္သက္ရင္လည္း အားလုံးက ေကာင္းၾကပါတယ္။ ကစားသမားေတြနဲ႔

ကစားရဖို႔အတြက္ ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္ေနၾကပါတယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။