အသင်းအတွက်ဆို ပြောင်းလဲသင့်တဲ့အခြေအနေတစ်ခုကိုလက်ခံရမယ်လို့ ဂါနာချိုကိုသတိပေးလိုက်တဲ့ တန်ဟက်

ပဲလေ့စ်ကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲက ပွဲပြီးခါနီး လူစားလဲမှုကို ဂါနာချိုအနေနဲ့မဖြစ်မနေလက်ခံနိုင်ရမယ်

လို့ မန်ယူနည်းပြတန်ဟက်က အခိုင်အမာပြောကြားလိုက်ပါတယ်။ မန်ယူဟာ အဲဒီပွဲမှာ ပွဲအစ ၇ မိနစ်

ကတည်းကဖာနန်ဒက်စ်ရဲ့ပင်နယ်တီနဲ့ စတင်ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာလည်းရက်ရှ်ဖို့ဒ်က အနိုင်

သေချာစေမယ့် ဒုတိယဂိုးသွင်းခဲ့တာပါ။ဒါပေမဲ့ ပွဲပြီးဖို့ မိနစ် ၂၀ အလိုလောက်မှာ ပြိုင်ဘက်ကစားသမား

ရဲ့လည်ပင်းကို ညှစ်လို့ဆိုပြီး တိုက်ရိုက်အနီနဲ့ ကက်စမဲရိုးအထုတ်ခံရလို့တစ်ယောက်လျော့နဲ့ ကစားခဲ့ရပါ

တယ်။ တစ်ယောက်လျော့သွားချိန်မှာပဲလေ့စ်ကို ချေပဂိုးတစ်ဂိုးပြန်ပေးလိုက်ရပေမယ့် လက်ကျန်မိနစ်

တွေမှာနောက်ထပ်ချေပဂိုးမပေးရအောင် တောင့်ခံနိုင်ခဲ့လို့ မန်ယူဟာပရီးမီးယားလိဂ်အမှတ်ပေးဇယား

မှာ တတိယနေရာတက်လာတာပါ။ဂါနာချိုဟာ အဲဒီပွဲမှာ အရန်တစ်ယောက်အနေနဲ့ စတင်ခဲ့ပြီး၅၆ မိနစ်

ရောက်မှသာ ဝက်ဟော့အစား လူစားဝင်လာတာ ဖြစ်ပါတယ်။ဒါပေမဲ့လည်း ၈၇ မိနစ်အရောက်မှာ တန်

ဟက်က သူ့ကို မက်ဂွိုင်းယားနဲ့လူစားလဲလိုက်လို့ အဲဒီအာဂျင်တီးနားသားဟာ အရန်ခုံမှာစိတ်ပျက်နေတဲ့

ပုံပေါက်နေတာပါ။ တန်ဟက်ကတော့ အသင်းရဲ့အကျိုးအတွက်ဆို ဘယ်ဆုံးဖြတ်ချက်ကိုမဆို လက်ခံရ

မယ်လို့ဂါနာချိုကို ပြောခဲ့ပါတယ်။ ”ပွဲပြီးခါနီးအချိန်မှာ ကျွန်တော်တို့အနေနဲ့တစ်ခုခု အပြောင်းအလဲလုပ်

ရမယ်လို့ ကျွန်တော်ထင်ပါတယ်။လူစားဝင်ကစားသမားတစ်ယောက်က လူစားလဲပြန်လဲခံရတာဟာ

အမြဲတမ်းတော့ မကောင်းပါဘူး။ ဒါပေမဲ့ အဲဒါက အသင်းရဲ့အကျိုးအတွက်ဆို ကစားသမားက လက်ကို

လက်ခံရမှာပါ”လို့တန်ဟက်က ပွဲအပြီးမှာ မန်ယူအသင်းရုပ်သံကို ပြောခဲ့တာပါ။

ပဲေလ့စ္ကို ၂-၁ နဲ႔အႏိုင္ရခဲ့တဲ့ပြဲက ပြဲၿပီးခါနီး လူစားလဲမႈကို ဂါနာခ်ိဳအေနနဲ႔မျဖစ္မေနလက္ခံႏိုင္ရမယ္

လို႔ မန္ယူနည္းျပတန္ဟက္က အခိုင္အမာေျပာၾကားလိုက္ပါတယ္။ မန္ယူဟာ အဲဒီပြဲမွာ ပြဲအစ ၇ မိနစ္

ကတည္းကဖာနန္ဒက္စ္ရဲ႕ပင္နယ္တီနဲ႔ စတင္ဦးေဆာင္ႏိုင္ခဲ့ၿပီး ဒုတိယပိုင္းမွာလည္းရက္ရွ္ဖို႔ဒ္က အႏိုင္

ေသခ်ာေစမယ့္ ဒုတိယဂိုးသြင္းခဲ့တာပါ။ဒါေပမဲ့ ပြဲၿပီးဖို႔ မိနစ္ ၂၀ အလိုေလာက္မွာ ၿပိဳင္ဘက္ကစားသမား

ရဲ႕လည္ပင္းကို ညႇစ္လို႔ဆိုၿပီး တိုက္႐ိုက္အနီနဲ႔ ကက္စမဲ႐ိုးအထုတ္ခံရလို႔တစ္ေယာက္ေလ်ာ့နဲ႔ ကစားခဲ့ရပါ

တယ္။ တစ္ေယာက္ေလ်ာ့သြားခ်ိန္မွာပဲေလ့စ္ကို ေခ်ပဂိုးတစ္ဂိုးျပန္ေပးလိုက္ရေပမယ့္ လက္က်န္မိနစ္

ေတြမွာေနာက္ထပ္ေခ်ပဂိုးမေပးရေအာင္ ေတာင့္ခံႏိုင္ခဲ့လို႔ မန္ယူဟာပရီးမီးယားလိဂ္အမွတ္ေပးဇယား

မွာ တတိယေနရာတက္လာတာပါ။ဂါနာခ်ိဳဟာ အဲဒီပြဲမွာ အရန္တစ္ေယာက္အေနနဲ႔ စတင္ခဲ့ၿပီး၅၆ မိနစ္

ေရာက္မွသာ ဝက္ေဟာ့အစား လူစားဝင္လာတာ ျဖစ္ပါတယ္။ဒါေပမဲ့လည္း ၈၇ မိနစ္အေရာက္မွာ တန္

ဟက္က သူ႔ကို မက္ဂြိဳင္းယားနဲ႔လူစားလဲလိုက္လို႔ အဲဒီအာဂ်င္တီးနားသားဟာ အရန္ခုံမွာစိတ္ပ်က္ေနတဲ့

ပုံေပါက္ေနတာပါ။ တန္ဟက္ကေတာ့ အသင္းရဲ႕အက်ိဳးအတြက္ဆို ဘယ္ဆုံးျဖတ္ခ်က္ကိုမဆို လက္ခံရ

မယ္လို႔ဂါနာခ်ိဳကို ေျပာခဲ့ပါတယ္။ ”ပြဲၿပီးခါနီးအခ်ိန္မွာ ကြၽန္ေတာ္တို႔အေနနဲ႔တစ္ခုခု အေျပာင္းအလဲလုပ္

ရမယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။လူစားဝင္ကစားသမားတစ္ေယာက္က လူစားလဲျပန္လဲခံရတာဟာ

အၿမဲတမ္းေတာ့ မေကာင္းပါဘူး။ ဒါေပမဲ့ အဲဒါက အသင္းရဲ႕အက်ိဳးအတြက္ဆို ကစားသမားက လက္ကို

လက္ခံရမွာပါ”လို႔တန္ဟက္က ပြဲအၿပီးမွာ မန္ယူအသင္း႐ုပ္သံကို ေျပာခဲ့တာပါ။