
လီဗာပူးကနေ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ တိုက်စစ်ကစားသမား မာနေး
ဟာ အသင်းသစ်ကို ရောက်လို့ သွေးမပူခင်မှာတင် ချန်ပီယံလိဂ်ဖလားနဲ့ ပတ်သက်လို့ ဖွင့်ဟ
လာခဲ့ပါတယ်။ ဒီကစားသမားဟာ မနေ့က မြူးနစ်မြို့မှာ ဆေးစစ်မှု ခံယူခဲ့ပြီးပါပြီ။မာနေးအနေ
နဲ့ ဒီကနေ့မှာ ဘိုင်ယန်မြူးနစ်အိမ်ကွင်း အလိုင်းယန့်ဇ်အရီနာကွင်းကြီးထဲ အသင်းသစ်နဲ့မိတ်
ဆက်ပွဲပြုလုပ်မှာပါ။ ဒီလိုမျိုး မာနေးက ဂျာမန်သတင်းထောက်တွေရဲ့ မျက်စိကျစရာဖြစ်နေ
ပြီး သူ့အနေနဲ့ ဘိုင်ယန်မြူးနစ်ကို ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်အောင် စွမ်းဆောင်ပေးနိုင်မ
လားလို့ မေးမြန်းခဲ့ပါတယ်။ မာနေးက “ဒါကို ကျနော် ဘယ်ငြင်းဆန်နိုင်ပါ့မလဲ”“ကလေးငယ်
တိုင်း၊ ကမ္ဘာပေါ်က ကစားသမားတိုင်းက ချန်ပီယံလိဂ်ဖလားကြီးကို လိုချင်ကြပါတယ်။ ကျ
နော်က အခုလည်း အရမ်းအရမ်းကိုမှ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အသင်းတသင်းကို ရောက်ရှိနေ
တာပါ။ ဒါပေမယ့် လတ်တလောမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအကြောင်းပြောဖို့က စောလွန်းပါ
သေးတယ်။ ကျနော်တို့ တပွဲတောင် အတူတူမကစားရသေးပါဘူး”“ဒါပေမယ့် ကျနော်တို့ လာ
မယ့်ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်အောင် အရာအားလုံးကို ပေးဆပ်သွားမှာ
ပါ” လို့ ပြောကြားခဲ့ပါတယ်။ အသက် (၃၀) အရွယ် မာနေးဟာ ပြီးခဲ့တဲ့ (၂၀၁၉) မှာ လီဗာပူး
နဲ့အတူ ချန်ပီယံလိဂ်ဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ မာနေးဟာ လီဗာပူးကစားသမားဘ
ဝမှာ မရဖူးတဲ့ ဆုဖလားမရှိခဲ့ဖူးလို့တောင်ဆိုရမှာဖြစ်ပြီး ဘိုင်ယန်မြူးနစ်မှာရော အောင်မြင်
ဦးမလား စိတ်ဝင်တစား စောင့်ကြည့်ရတော့မှာပါ။
လီဗာပူးကေန ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းေ႐ႊ႕ေရာက္ရွိလာခဲ့တဲ့ တိုက္စစ္ကစားသမား မာေနး
ဟာ အသင္းသစ္ကို ေရာက္လို႔ ေသြးမပူခင္မွာတင္ ခ်န္ပီယံလိဂ္ဖလားနဲ႔ ပတ္သက္လို႔ ဖြင့္ဟ
လာခဲ့ပါတယ္။ ဒီကစားသမားဟာ မေန႔က ျမဴးနစ္ၿမိဳ႕မွာ ေဆးစစ္မႈ ခံယူခဲ့ၿပီးပါၿပီ။မာေနးအေန
နဲ႔ ဒီကေန႔မွာ ဘိုင္ယန္ျမဴးနစ္အိမ္ကြင္း အလိုင္းယန္႔ဇ္အရီနာကြင္းႀကီးထဲ အသင္းသစ္နဲ႔မိတ္
ဆက္ပြဲျပဳလုပ္မွာပါ။ ဒီလိုမ်ိဳး မာေနးက ဂ်ာမန္သတင္းေထာက္ေတြရဲ႕ မ်က္စိက်စရာျဖစ္ေန
ၿပီး သူ႔အေနနဲ႔ ဘိုင္ယန္ျမဴးနစ္ကို ခ်န္ပီယံလိဂ္ဗိုလ္လုပြဲေရာက္ေအာင္ စြမ္းေဆာင္ေပးႏိုင္မ
လားလို႔ ေမးျမန္းခဲ့ပါတယ္။ မာေနးက “ဒါကို က်ေနာ္ ဘယ္ျငင္းဆန္ႏိုင္ပါ့မလဲ”“ကေလးငယ္
တိုင္း၊ ကမာၻေပၚက ကစားသမားတိုင္းက ခ်န္ပီယံလိဂ္ဖလားႀကီးကို လိုခ်င္ၾကပါတယ္။ က်
ေနာ္က အခုလည္း အရမ္းအရမ္းကိုမွ ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ အသင္းတသင္းကို ေရာက္ရွိေန
တာပါ။ ဒါေပမယ့္ လတ္တေလာမွာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအေၾကာင္းေျပာဖို႔က ေစာလြန္းပါ
ေသးတယ္။ က်ေနာ္တို႔ တပြဲေတာင္ အတူတူမကစားရေသးပါဘူး”“ဒါေပမယ့္ က်ေနာ္တို႔ လာ
မယ့္ရာသီ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ေအာင္ အရာအားလုံးကို ေပးဆပ္သြားမွာ
ပါ” လို႔ ေျပာၾကားခဲ့ပါတယ္။ အသက္ (၃၀) အ႐ြယ္ မာေနးဟာ ၿပီးခဲ့တဲ့ (၂၀၁၉) မွာ လီဗာပူး
နဲ႔အတူ ခ်န္ပီယံလိဂ္ဖလားႀကီးကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ မာေနးဟာ လီဗာပူးကစားသမားဘ
ဝမွာ မရဖူးတဲ့ ဆုဖလားမရွိခဲ့ဖူးလို႔ေတာင္ဆိုရမွာျဖစ္ၿပီး ဘိုင္ယန္ျမဴးနစ္မွာေရာ ေအာင္ျမင္
ဦးမလား စိတ္ဝင္တစား ေစာင့္ၾကည့္ရေတာ့မွာပါ။