အသင်းရဲ့ ရလဒ်တွေ ဆိုးရွားနေပေမယ့် ဆိုးလ်ရှားဘက်ကနေ ရပ်တည်လိုက်တဲ့ ဖီးလ်နဗီးလ်

မေဂျာလိဂ်ကလပ်အင်တာမိုင်ယာမီအသင်းနည်းပြအဖြစ်ဆောင်ရွက်နေတဲ့

မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်းဖီးလ်နဗီးလ်က ဖိအားတွေများနေတဲ့

နည်းပြဆိုးလ်ရှားဘက်ကနေ ရပ်တည်ခဲ့ပြီး ဆိုးလ်ရှားဟာ အခုရင်ဆိုင်နေရတဲ့

ရလဒ်ဆိုးတွေကို အမြန်ဆုံးကျော်ဖြတ်နိုင်မယ်လို့အားပေးခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က လီဗာပူးလ်အသင်းကို

အိုးလ်ထရက်ဖို့ဒ်မှာ(၅)ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး ဒါက လီဗာပူးလ်အသင်းကို

အိမ်ကွင်းမှာ အကြီးမားဆုံးဂိုးပြတ်ရှုံးနိမ့်ခဲ့တာဖြစ်သလို ပရီးမီးယားလိဂ်

နောက်ဆုံး(၄)ပွဲဆက်တိုက်နိုင်ပွဲပျောက်ခဲ့တာကြောင့် ဆိုးလ်ရှားဟာ

ရာထူးကထုတ်ပယ်ခံရဖို့ရေပန်းစားနေပြီဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဖီးလ်နဗီးလ်က

“ယူနိုက်တက်ကစားသမားဘဝမှာတုန်းက ကျွန်တော်(၅-၀)ဂိုးပြတ်ရှုံးခဲ့တဲ့ပွဲမှာ

ပါဝင်ကစားခဲ့ဖူးပါတယ်။ ဒီလိုရလဒ်တွေက ဘောလုံးလောကမှာဖြစ်လေ့ဖြစ်ထ

ရှိတာမျိုးပါပဲ။ အခုအချိန်မှာ လူတွေရဲ့ဝေဖန်မှုက လိုတာထက်ပိုနေတယ်လို့

ကျွန်တော်ထင်ပါတယ်။ လီဗာပူးလ်ကို (၅-၀)ဂိုးပြတ်ရှုံးခဲ့လို့ အသင်းအတွက်ရော၊

ပရိသတ်တွေအတွက်ရော၊ ကစားသမားတွေပါ ထိခိုက်နာကျင်ရတယ်ဆိုပေမယ့်

အခုက ယူနိုက်တက်အသင်းဟာ သမိုင်းတစ်လျှောက်မှာ တစ်ခါမှ(၅-၀)ဂိုးပြတ်

မရှုံးခဲ့ဖူးသလိုမျိုးပြောဆိုနေကြတာပါ။ ဒီလိုအခြေအနေဆိုးနဲ့ အရင်ကလည်း

ရင်ဆိုင်ခဲ့ဖူးပြီး ယူနိုက်တက်အသင်းက အဲဒီလိုအနေအထားကနေ

အကောင်းဆုံးရုန်းထပြီးတော့ အောင်မြင်မှုတွေရယူနိုင်ခဲ့တာဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

zawgyi

အသင္းေဖာ္ေဟာင္းဆိုးလ္ရွားဘက္ကေန ရပ္တည္လိုက္တဲ့ ဖီးလ္နဗီးလ္

ေမဂ်ာလိဂ္ကလပ္အင္တာမိုင္ယာမီအသင္းနည္းျပအျဖစ္ေဆာင္႐ြက္ေနတဲ့

မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူေဟာင္းဖီးလ္နဗီးလ္က ဖိအားေတြမ်ားေနတဲ့

နည္းျပဆိုးလ္ရွားဘက္ကေန ရပ္တည္ခဲ့ၿပီး ဆိုးလ္ရွားဟာ အခုရင္ဆိုင္ေနရတဲ့

ရလဒ္ဆိုးေတြကို အျမန္ဆုံးေက်ာ္ျဖတ္ႏိုင္မယ္လို႔အားေပးခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့တနဂၤေႏြေန႔က လီဗာပူးလ္အသင္းကို

အိုးလ္ထရက္ဖို႔ဒ္မွာ(၅)ဂိုးျပတ္ရႈံးနိမ့္ခဲ့ၿပီး ဒါက လီဗာပူးလ္အသင္းကို

အိမ္ကြင္းမွာ အႀကီးမားဆုံးဂိုးျပတ္ရႈံးနိမ့္ခဲ့တာျဖစ္သလို ပရီးမီးယားလိဂ္

ေနာက္ဆုံး(၄)ပြဲဆက္တိုက္ႏိုင္ပြဲေပ်ာက္ခဲ့တာေၾကာင့္ ဆိုးလ္ရွားဟာ

ရာထူးကထုတ္ပယ္ခံရဖို႔ေရပန္းစားေနၿပီျဖစ္ပါတယ္။ ဒါေပမဲ့လည္း ဖီးလ္နဗီးလ္က

“ယူႏိုက္တက္ကစားသမားဘဝမွာတုန္းက ကြၽန္ေတာ္(၅-၀)ဂိုးျပတ္ရႈံးခဲ့တဲ့ပြဲမွာ

ပါဝင္ကစားခဲ့ဖူးပါတယ္။ ဒီလိုရလဒ္ေတြက ေဘာလုံးေလာကမွာျဖစ္ေလ့ျဖစ္ထ

ရွိတာမ်ိဳးပါပဲ။ အခုအခ်ိန္မွာ လူေတြရဲ႕ေဝဖန္မႈက လိုတာထက္ပိုေနတယ္လို႔

ကြၽန္ေတာ္ထင္ပါတယ္။ လီဗာပူးလ္ကို (၅-၀)ဂိုးျပတ္ရႈံးခဲ့လို႔ အသင္းအတြက္ေရာ၊

ပရိသတ္ေတြအတြက္ေရာ၊ ကစားသမားေတြပါ ထိခိုက္နာက်င္ရတယ္ဆိုေပမယ့္

အခုက ယူႏိုက္တက္အသင္းဟာ သမိုင္းတစ္ေလွ်ာက္မွာ တစ္ခါမွ(၅-၀)ဂိုးျပတ္

မရႈံးခဲ့ဖူးသလိုမ်ိဳးေျပာဆိုေနၾကတာပါ။ ဒီလိုအေျခအေနဆိုးနဲ႔ အရင္ကလည္း

ရင္ဆိုင္ခဲ့ဖူးၿပီး ယူႏိုက္တက္အသင္းက အဲဒီလိုအေနအထားကေန

အေကာင္းဆုံး႐ုန္းထၿပီးေတာ့ ေအာင္ျမင္မႈေတြရယူႏိုင္ခဲ့တာျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

mdiarymm

munitedfannewss