အသင်းရဲ့ဂန္တဝင်ဂိုးသမားဟောင်း ကာလရှည်တင်ထားတဲ့စံချိန်ကောင်းတစ်ခုကို ချိုးဖျက်နိုင်ခဲ့လို့ ကျေနပ်ကြောင်းဆိုလာတဲ့ ဒီဂီယာ
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိကဂိုးသမားဖြစ်သူ ဒေးဗစ် ဒီဂီယာက အသင်းရဲ့ ဂန္တဝင်ဂိုးသ
မားဟောင်း ပီတာ ရှမိုက်ကယ်ရဲ့ ကာလရှည် တင်ထားတဲ့ စံချိန်ကောင်းတစ်ခုကို ကာရာဘောင်းဖလား
ဖိုင်နယ်မှာ ချိုးဖျက်နိုင်ခဲ့တဲ့အပေါ် ဝမ်းမြောက်လျက်ရှိနေပါတယ်။ မန်ယူအသင်းဟာ နယူးကာဆယ်
အသင်းကို ဝင်ဘာလေမှာ ကတ်စ်မဲရိုး၊ မားကပ် ရက်ရှ်ဖို့ဒ်တို့ရဲ့ သွင်းဂိုးတွေနဲ့အနိုင်ယူကာ ဖလားရရှိခဲ့
တာ ဖြစ်ပါတယ်။ ဒီဂီယာဟာ အဆိုပါပွဲစဥ်မှာ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် မန်ယူ
အသင်းအတွက် clean sheet ပွဲစဥ် ၁၈၁ ပွဲရှိလာခဲ့ပြီဖြစ်ပြီး၊ ၁၉၉၉ ခုနှစ်တည်းက တင်ရှိထားတဲ့ ရှမိုက်
ကယ်ရဲ့ စံချိန်ကို ကျော်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပွဲအပြီးအင်တာဗျုးမှာတော့ ဒီဂီယာက ” စံချိန်ကောင်း
တစ်ခုကို ချိုးဖျက်ဖို့အတွက် တကယ့်ကို ”” နေ့ရက်ကောင်းတစ်ရက်ပါပဲ။ ဒီလိုစံချိန်မျိုးကို ချိုးဖျက်နိုင်
တာ အရမ်းမိုက်ပါတယ်၊ အဲ့ဒီအတွက်အရမ်းဂုဏ်ယူပါတယ်။ ရှေ့ဆက်လျှောက် clean sheets တွေပို
ရအောင် ကြိုးစားသွားကြတာပေါ့။ အဲ့ဒါက ခေတ်သစ်တစ်ခုအတွက် ပြီးပြည့်စုံတဲ့အစပါပဲ။ မန်ယူအသင်း
ဟာ ဘယ်အရာအတွက်မဆို အဆင်သင့်ဖြစ်နေပြီလို့ ကျွန်တော် ထင်တယ်။ ကျွန်တော်တို့ အဲ့ဒီပုံစံကို ”
” ဒီနေ့မှာ ပြသနိုင်ခဲ့တယ်၊ ကျွန်တော်တို့ ပွဲကောင်းတစ်ပွဲကို ကစားခဲ့ရပြီး၊ အရမ်းကောင်းတဲ့အသင်းကို
၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တယ်။ ပရိသတ်တွေ အခုဆိုရင် ပျော်နေကြတာကို တွေ့မာပါ။ ဒါက ကျွန်
တော်တို့အတွက် ကောင်းတဲ့အခိုက်အတန့်ပါပဲ၊ ဒီတော့ အဲ့ဒါကို ခံစားပြီး၊ အသင့်ဖြစ်နေအောင် လုပ်ထား
ကြတာပေါ့ ” လို့ ဆိုခဲ့ပါတယ်။ တန်ဟန့်ကလည်း ပွဲအပြီးမှာ အခုလိုပဲဆိုခဲ့ပါတယ်။ ” ဗာရန်း၊ ကတ်စ်မဲ
ရိုးနဲ့ ဒီဂီယာတို့က ဆုဖလားတွေ ဘယ်လိုယူရမလဲဆိုတာ သိတယ်လို့ ကျွန်တော် ပွဲမတိုင်ခင်တည်းက
ပြောခဲ့ပါတယ်။ အသင်းကို နည်းစနစ်ပိုင်းအရသာမက၊ အထူးသဖြင့် စိတ်ဓါတ်ပိုင်းအရပါ ညွှန်ပြနိုင်တဲ့၊
ဦးဆောင်နိုင်တဲ့ ကစားသမားမျိုးတွေကို ကွင်းထဲမှာ လိုအပ်ပါတယ်။ အနိုင်ရလိုစိတ်ကို ခက်ခဲတဲ့ အချိန်
တွေမှာ သူတို့တွေ အဝတ်လဲခန်းထဲဆီ၊ အသင်းဆီ ယူဆောင်လာပေးရပါမယ်၊ သူတို့ဟာ အဲ့ဒီလိုလုပ်ပြ
ထားနိုင်ပါတယ် ” လို့ ဆိုခဲ့ပါတယ်။