အသင်းဖော်သစ်အားကိုးပြီး ပရီးမီးယားလိဂ်ပြိုင်ဘက်တွေကို သတိပေးမှုတွေ ပြုလုပ်လိုက်တဲ့ PSGရောက် မန်စီးတီးကွင်းလယ်လူ

မန်စီးတီးကွင်းလယ်လူဒီဘရိုင်းကတော့ အသင်းဖော်သစ်ဟာလန်းနဲ့ပတ်သက်ပြီး

ပရီးမီးယားလိဂ်ပြိုင်ဘက်တွေကို သတိပေးမှုတွေ ပြုလုပ်လိုက်ပါပြီ။ နော်ဝေ

တိုက်စစ်မှူးဟာ လာမယ့်ရာသီမှာ မန်စီးတီးတိုက်စစ်မှူးသစ်အဖြစ်နဲ့ ကစားပေး

တော့မှာဖြစ်ပြီး သူ ရောက်ရှိလာခဲ့တဲ့နောက် မန်စီးတီးက ထိန်းမနိုင်သိမ်းမရတဲ့

အသင်းတသင်းဖြစ်လာတော့မယ်လို့ အားလုံးက ယူဆနေကြပါတယ်။ မနေ့က

ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲမှာလည်း ဟာလန်းက နော်ဝေအတွက် တလုံးတည်း

သောအနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ မန်စီးတီးနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး တ

ပတ်လုပ်ခ ပေါင် ၄ သိန်းအထိ ရရှိမယ့် ဟာလန်းကို ဒီဘရိုင်းက ချီးကျူးမှုတွေ

ပြုလုပ်ခဲ့ပြီး တရာသီဂိုး အနည်းဆုံး ၂၅ ဂိုးကနေ ဂိုး ၃၀ အထိ သွင်းယူနိုင်မယ့်သူ

လို့ အမွှမ်းတင်ခဲ့ပါတယ်။ HLN သတင်းဌာနနဲ့ တွေ့ဆုံခဲ့ရာမှာ ဒီဘရိုင်းက “ဟာ

လန်းက ထိပ်တန်းတိုက်စစ်မှူးပါ၊ သူ့ရဲ့ အပြောင်းအရွှေ့က အသင်းကို တိုးတက်

လာစေမှာပါ၊ လူတိုင်းလည်း ဒါကိုမျှော်လင့်နေပါတယ်၊ အသင်းက နံပါတ် ၉တိုက်

စစ်မှူးကို လိုက်ရှာနေခဲ့တာဖြစ်ပေမယ့် တရာသီကို ၂၅ ဂိုးကနေ ဂိုး ၃၀ အထိ

သွင်းနိုင်တဲ့ ဒီလိုတိုက်စစ်မှူးကို ပိုင်ဆိုင်ထားတာကတော့ ပိုကောင်းမယ် ကျနော်

ထင်တယ်””သူရောက်လာတာ ကျနော့်အတွက် အကူအညီလည်းဖြစ်နိုင်ပါတယ်၊

ပြီးခဲ့တဲ့ရာသီတွေမှာ ကျနော် ဖန်တိးမှုတွေ အများကြီးလုပ်နိုင်ခဲ့တယ်၊ ဒါပေမယ့်

ကျနော့်ရဲ့ ဖန်တီးမှုအခွင့်အရေးနဲ့ တခြားအရာတွေက တသမတ်တည်းဖြစ်နေခဲ့

တယ်၊ နံပါတ်တွေက ဘောလုံးရဲ့တစိတ်တပိုင်းပါ၊ ဒါပေမယ့် ဒါတွေက ခင်ဗျားကို

ဘယ်တော့မှ အပြည့်အစုံမပြောတတ်ဘူး” လို့ ဆိုခဲ့ပါတယ်။ ဒီဘရိုင်းဟာ Big

Chance တွေ အများအပြားပြုလုပ်ပေးနိုင်ခဲ့ပေမယ့်လည်း အဆုံးသတ်ပေးမယ့်

ကစားသမားမရှိတာကြာင့် သူ့ရဲ့ဖန်တီးမှုတွေက အချည်းနှီးဖြစ်ခဲ့ရမှုတွေလည်းရှိ

ခဲ့ပါတယ်။ ဟာလန်းရောက်ရှိလာချိန်မှာတော့ သူ့ရဲ့ဖန်တီးမှုတွေကို အဆုံးသတ်

ပေးနိုင်မယ်လို့ ယုံကြည်နေတာလည်းဖြစ်ပါတယ်။

မန္စီးတီးကြင္းလယ္လူဒီဘ႐ိုင္းကေတာ့ အသင္းေဖာ္သစ္ဟာလန္းနဲ႔ပတ္သက္ၿပီး

ပရီးမီးယားလိဂ္ၿပိဳင္ဘက္ေတြကို သတိပ​ေးမႈေတြ ျပဳလုပ္လိုက္ပါၿပီ။ ေနာ္ေဝ

တိုက္စစ္မႉးဟာ လာမယ့္ရာသီမွာ မန္စီးတီးတိုက္စစ္မႉးသစ္အျဖစ္နဲ႔ ကစားေပး

ေတာ့မွာျဖစ္ၿပီး သူ ေရာက္ရွိလာခဲ့တဲ့ေနာက္ မန္စီးတီးက ထိန္းမႏိုင္သိမ္းမရတဲ့

အသင္းတသင္းျဖစ္လာေတာ့မယ္လို႔ အားလုံးက ယူဆေနၾကပါတယ္။ မေန႔က

ကစားခဲ့တဲ့ ေနးရွင္းလိဂ္ပြဲမွာလည္း ဟာလန္းက ေနာ္ေဝအတြက္ တလုံးတည္း

ေသာအႏိုင္ဂိုးကို သြင္းယူေပးခဲ့ပါတယ္။ မန္စီးတီးနဲ႔ ၅ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး တ

ပတ္လုပ္ခ ေပါင္ ၄ သိန္းအထိ ရရွိမယ့္ ဟာလန္းကို ဒီဘ႐ိုင္းက ခ်ီးက်ဴးမႈေတြ

ျပဳလုပ္ခဲ့ၿပီး တရာသီဂိုး အနည္းဆုံး ၂၅ ဂိုးကေန ဂိုး ၃၀ အထိ သြင္းယူႏိုင္မယ့္သူ

လို႔ အမႊမ္းတင္ခဲ့ပါတယ္။ HLN သတင္းဌာနနဲ႔ ေတြ႕ဆုံခဲ့ရာမွာ ဒီဘ႐ိုင္းက “ဟာ

လန္းက ထိပ္တန္းတိုက္စစ္မႉးပါ၊ သူ႔ရဲ႕ အေျပာင္းအေ႐ႊ႕က အသင္းကို တိုးတက္

လာေစမွာပါ၊ လူတိုင္းလည္း ဒါကိုေမွ်ာ္လင့္ေနပါတယ္၊ အသင္းက နံပါတ္ ၉တိုက္

စစ္မႉးကို လိုက္ရွာေနခဲ့တာျဖစ္ေပမယ့္ တရာသီကို ၂၅ ဂိုးကေန ဂိုး ၃၀ အထိ

သြင္းႏိုင္တဲ့ ဒီလိုတိုက္စစ္မႉးကို ပိုင္ဆိုင္ထားတာကေတာ့ ပိုေကာင္းမယ္ က်ေနာ္

ထင္တယ္””သူေရာက္လာတာ က်ေနာ့္အတြက္ အကူအညီလည္းျဖစ္ႏိုင္ပါတယ္၊

ၿပီးခဲ့တဲ့ရာသီေတြမွာ က်ေနာ္ ဖန္တိးမႈေတြ အမ်ားႀကီးလုပ္ႏိုင္ခဲ့တယ္၊ ဒါေပမယ့္

က်ေနာ့္ရဲ႕ ဖန္တီးမႈအခြင့္အေရးနဲ႔ တျခားအရာေတြက တသမတ္တည္းျဖစ္ေနခဲ့

တယ္၊ နံပါတ္ေတြက ေဘာလုံးရဲ႕တစိတ္တပိုင္းပါ၊ ဒါေပမယ့္ ဒါေတြက ခင္ဗ်ားကို

ဘယ္ေတာ့မွ အျပည့္အစုံမေျပာတတ္ဘူး” လို႔ ဆိုခဲ့ပါတယ္။ ဒီဘ႐ိုင္းဟာ Big

Chance ေတြ အမ်ားအျပားျပဳလုပ္ေပးႏိုင္ခဲ့ေပမယ့္လည္း အဆုံးသတ္ေပးမယ့္

ကစားသမားမရွိတာၾကာင့္ သူ႔ရဲ႕ဖန္တီးမႈေတြက အခ်ည္းႏွီးျဖစ္ခဲ့ရမႈေတြလည္းရွိ

ခဲ့ပါတယ္။ ဟာလန္းေရာက္ရွိလာခ်ိန္မွာေတာ့ သူ႔ရဲ႕ဖန္တီးမႈေတြကို အဆုံးသတ္

ေပးႏိုင္မယ္လို႔ ယုံၾကည္ေနတာလည္းျဖစ္ပါတယ္။