အသင်းဖော်တွေရဲ့ အောင်ပွဲကိုကြည့်ပြီး ရာသီမကုန်ခင် ပြန်ကစားပေးနိုင်ချင်ကြောင်းပြောလာတဲ့ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူခရစ္စတန်ဆန် အဲရစ်ဆန်ဟာ တနင်္ဂ

နွေနေ့ညတုန်းက သူ့ရဲ့ အသင်းဖော်တွေကာရာဘောင်းဖလား ကိုင်မြှောက်နေတာကို ပွဲကြည့်စင်ကနေ

ကြည့်ခဲ့ရပြီးတဲ့နောက် သူ့အနေနဲ့ ရာသီမကုန်ခင်မှာ မန်ယူအသင်းအတွက်ပြန်ပြီး ကစားပေးနိုင်ဖို့ မျှော်

ာ်လင့်နေကြောင်း ပြောဆိုလာခဲ့ပါတယ်။အဲရစ်ဆန်ဟာ ဇန်နဝါရီလတုန်းက ရီးဒင်းအသင်းကို အနိုင်ရခဲ့

တဲ့အက်ဖ်အေဖလားပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး၊ခွဲစိတ်ဖို့ လိုအပ်ခဲ့တာကြောင့် အချိန်

လေးလခန့်၊ မေလအလယ်ပိုင်းလောက်‌ရောက်မှဘောလုံးပြန်ကစားနိုင်တော့မာ ဖြစ်တယ်လို့ စစ်ဆေး

ချက်တွေက ဖော်ပြထားကြပါတယ်။အခုချိန်မှာတော့ အဲရစ်ဆန်က သူ့အနေနဲ့ ဒီရာသီမှာ၊ အထူးသဖြင်

တော့မန်ယူအသင်းက နောက်ထပ်ဖိုင်နယ်တစ်ခုကို ရောက်ဖြစ်ခဲ့ရင် ပါဝင်ကစားနိုင်ဖို့မျှော်လင့်ကြောင်း

ဆိုပါတယ်။ ” ကျွန်တော် သက်သာနေပါပြီ။ကျောက်ပတ်တီးစီးပြီးတော့ ချိုင်းထောက်နဲ့နေရတာက အမြဲ

ပျင်းဖို့ ကောင်းပါတယ်၊ဒါပေမယ့် အခုတော့ ချိုင်းထောက်လွတ်သွားပါပြီ၊ ခြေထောက်ကိုပတ်တီးစည်း

ထားတာပဲ ကျန်ပါတော့တယ်။ နောက်တစ်ပတ်မှာတော့အဲ့ဒါလည်း မရှိလောက်တော့ပါဘူး၊ ပြီးတော့

လမ်းလည်း လျှောက်နိုင်နေပါလိမ့်မယ်။ဒါပေါ့ ဒီရာသီမှာ သေချာပေါက် ပြန်ကစားချင်တာပေါ့။အရင်

တုန်းကတော့ အချိန်ကလေးလပေါ့၊ ဒါပေမယ့် အခုတော့ သုံးလပဲကျန်တော့တယ်၊ တစ်လတော့ ကုန်

သွားပါပြီ။ ဒါပေမယ့် ဒီကြားထဲနဲ့နောက်ထပ်ဖိုင်နယ်မတိုင်ခင်တို့မှာ ပွဲတွေက အများကြီး ရှိနေပါတယ် ”

” ကျွန်တော်တို့သာ ဖိုင်နယ်ရောက်ရင်၊ ပိုကြာကြာကစားရလိမ့်မယ်။ကျွန်‌တော့်အတွက်တော့ ပြန်လာ

နိုင်ဖို့၊ အသင်းက ခြေစွမ်းပြနေပြီးလက်ရှိကစားသမားတွေနဲ့ နိုင်‌ပွဲတွေရနေတာကြောင့် အသင်းမှာနေရာ

တစ်နေရာပြန်ရဖို့ အပြင်းအထန်လုပ်စရာ အလုပ်တွေအများကြီးပါပဲ။ဒီတော့ အခုကစားနေတာကို ကြည့်

ရတာ ကောင်းပါတယ် ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

 

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ကြင္းလယ္ကစားသမားျဖစ္သူခရစၥတန္ဆန္ အဲရစ္ဆန္ဟာ တနဂၤ

ေႏြေန႔ညတုန္းက သူ႔ရဲ႕ အသင္းေဖာ္ေတြကာရာေဘာင္းဖလား ကိုင္ေျမႇာက္ေနတာကို ပြဲၾကည့္စင္ကေန

ၾကည့္ခဲ့ရၿပီးတဲ့ေနာက္ သူ႔အေနနဲ႔ ရာသီမကုန္ခင္မွာ မန္ယူအသင္းအတြက္ျပန္ၿပီး ကစားေပးႏိုင္ဖို႔ ေမွ်

ာ္လင့္ေနေၾကာင္း ေျပာဆိုလာခဲ့ပါတယ္။အဲရစ္ဆန္ဟာ ဇန္နဝါရီလတုန္းက ရီးဒင္းအသင္းကို အႏိုင္ရခဲ့

တဲ့အက္ဖ္ေအဖလားပြဲစဥ္မွာ ေျခက်င္းဝတ္ဒဏ္ရာ ရရွိခဲ့တာျဖစ္ၿပီး၊ခြဲစိတ္ဖို႔ လိုအပ္ခဲ့တာေၾကာင့္ အခ်ိန္

ေလးလခန႔္၊ ေမလအလယ္ပိုင္းေလာက္‌ေရာက္မွေဘာလုံးျပန္ကစားႏိုင္ေတာ့မာ ျဖစ္တယ္လို႔ စစ္ေဆး

ခ်က္ေတြက ေဖာ္ျပထားၾကပါတယ္။အခုခ်ိန္မွာေတာ့ အဲရစ္ဆန္က သူ႔အေနနဲ႔ ဒီရာသီမွာ၊ အထူးသျဖင္

ေတာ့မန္ယူအသင္းက ေနာက္ထပ္ဖိုင္နယ္တစ္ခုကို ေရာက္ျဖစ္ခဲ့ရင္ ပါဝင္ကစားႏိုင္ဖို႔ေမွ်ာ္လင့္ေၾကာင္း

ဆိုပါတယ္။ ” ကြၽန္ေတာ္ သက္သာေနပါၿပီ။ေက်ာက္ပတ္တီးစီးၿပီးေတာ့ ခ်ိဳင္းေထာက္နဲ႔ေနရတာက အၿမဲ

ပ်င္းဖို႔ ေကာင္းပါတယ္၊ဒါေပမယ့္ အခုေတာ့ ခ်ိဳင္းေထာက္လြတ္သြားပါၿပီ၊ ေျခေထာက္ကိုပတ္တီးစည္း

ထားတာပဲ က်န္ပါေတာ့တယ္။ ေနာက္တစ္ပတ္မွာေတာ့အဲ့ဒါလည္း မရွိေလာက္ေတာ့ပါဘူး၊ ၿပီးေတာ့

လမ္းလည္း ေလွ်ာက္ႏိုင္ေနပါလိမ့္မယ္။ဒါေပါ့ ဒီရာသီမွာ ေသခ်ာေပါက္ ျပန္ကစားခ်င္တာေပါ့။အရင္

တုန္းကေတာ့ အခ်ိန္ကေလးလေပါ့၊ ဒါေပမယ့္ အခုေတာ့ သုံးလပဲက်န္ေတာ့တယ္၊ တစ္လေတာ့ ကုန္

သြားပါၿပီ။ ဒါေပမယ့္ ဒီၾကားထဲနဲ႔ေနာက္ထပ္ဖိုင္နယ္မတိုင္ခင္တို႔မွာ ပြဲေတြက အမ်ားႀကီး ရွိေနပါတယ္ ”

” ကြၽန္ေတာ္တို႔သာ ဖိုင္နယ္ေရာက္ရင္၊ ပိုၾကာၾကာကစားရလိမ့္မယ္။ကြၽန္‌ေတာ့္အတြက္ေတာ့ ျပန္လာ

ႏိုင္ဖို႔၊ အသင္းက ေျခစြမ္းျပေနၿပီးလက္ရွိကစားသမားေတြနဲ႔ ႏိုင္‌ပြဲေတြရေနတာေၾကာင့္ အသင္းမွာေနရာ

တစ္ေနရာျပန္ရဖို႔ အျပင္းအထန္လုပ္စရာ အလုပ္ေတြအမ်ားႀကီးပါပဲ။ဒီေတာ့ အခုကစားေနတာကို ၾကည့္

ရတာ ေကာင္းပါတယ္ ” ဆိုၿပီး ေျပာဆိုသြားခဲ့ပါတယ္။