အသင်းနည်းပြမော်ရင်ဟိုကို ကျေးဇူးတင်ကြောင်းစကားပါးလိုက်တဲ့ လက်ရွေးစင်အသင်းဝင်ခွင့်ရ ရိုးမားနောက်ခံလူ

ဘရာဇီးလ်လက်ရွေးစင်အသင်းကြီးအတွက် ပထမဆုံးအကြိမ်ရွေးချယ်ခံခဲ့ရပြီးနောက် ရိုးမားနောက်ခံ

လူအိုင်ဘိုင်နက်က အသင်းနည်းပြမော်ရင်ဟိုကို ကျေးဇူးတင်စကားပြောဆိုလိုက်ပါတယ်။ အသက် ၂၃

နှစ်အရွယ် ဘရာဇီးလ်သားဟာ ရိုးမားမှာ မော်ရင်ဟိုရဲ့ အားကိုးရတဲ့ ကစားသမားတဦးအဖြစ် ခြေစွမ်းပြ

နေခဲ့ပြီးနောက် လက်ရွေးစင်အသင်းက ရွေးချယ်မှုကို ရရှိခဲ့တာဖြစ်ပါတယ်။ အိုင်ဘိုင်နက်ဇ်က ဒီရာသီ

မှာ ရိုးမားအတွက် စီးရီးအေ ၇ ပွဲကစားပေးထားပြီး ၁ ဂိုးသွင်းယူပေးထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီကလည်း

ပြိုင်ပွဲစုံ ၅၁ ပွဲအထိ ကစားပေးခဲ့ပြီး ၄ ဂိုးသွင်းယူကာ ရိုးမားရဲ့ အမာခံခံစစ်မှူးအဖြစ် မော်ရင်ဟိုရဲ့ ယုံ

ကြည်မှုကို ရရှိခဲ့ပါတယ်။ ဘရာဇီးလ်အတွက် ရွေးချယ်ခံရပြီးချိန်မှာ အိုင်ဘိုင်နက်ဇ်က GloboEsporte

ကတဆင့် အခုလိုပြောဆိုခဲ့ပါတယ်။ “ဒီလိုရွေးချယ်ခံရမယ်လို့ ကျနော်မမျှော်လင့်ခဲ့ဘူး၊ ကျနော်က အိမ်

မှာ မိသားစုနဲ့အတူ ရုပ်ရှင်တခုကြည့်နေတာ၊ အဲဒီအချိန်မှာ အပြင်ကပြန်လာတဲ့ ယောက်ဖက မင်းကို

ဘရာဇီးလ်က ခေါ်နေပြီတဲ့၊ ကျနော် မယုံကြည်ခဲ့ဘူး၊ အဲဒီနောက် တီထီရဲ့ ရွေးချယ်မှုကို တိုက်ရိုက်ထုတ်

လွှင့်နေတာကို ကျနော်ကြည့်တော့ ကျနော့်နာမည်ကို ကြားလိုက်ရတယ်””ဒီတော့မှ တကယ်ပဲဆိုတာ

ကျနော်သိလိုက်ရတယ်၊ အရမ်းစိတ်လှုပ်ရှားခဲ့ရပါတယ်၊ ကျနော့်မိသားစုလည်း ပျော်ရွှင်နေခဲ့ကြပါတယ်၊

ဖုန်းတွေလည်း ဆက်တိုက်ကို ဆက်လာကြတယ်၊ ဒီအတွက်တော့ ကျနော် မော်ရင်ဟိုကို အရမ်းကျေး

ဇူးတင်ပါတယ်၊ သူ ရောက်လာကတည်းက ကျနော့်ကို ယုံကြည်မှုပေးခဲ့သလို ကွင်းထဲမှာလည်း လွတ်

လွတ်လပ်လပ်ကစားခွင့်ပေးခဲ့ပါတယ်””အကြံဉာဏ်တွေပေးတယ်၊ လုပ်သင့်လုပ်ထိုက်တာတွေကို ပြော

ပြတယ်၊ဒါက ကျနော့်အတွက် အများကြီးအရေးပါခဲ့ပါတယ်၊ တီထီနဲ့စကားပြောခဲ့ချိန်မှာ ကျနော့်ကို ယုံ

ကြည်ပေးခဲ့လို့ ကျေးဇူးတင်ကြောင်း​ ပြောခဲ့ပါတယ်” လို့ အိုင်ဘိုင်နက်ဇ်က ပြောဆိုခဲ့ပါတယ်။ ဘရာ

ဇီးလ်ကတော့ နိုင်ငံတကာပွဲတွေအတွက် ဂါနာ၊ တူနီးရှားတို့နဲ့ ကစားသွားမှာဖြစ်ပါတယ်။

ဘရာဇီးလ္လက္ေ႐ြးစင္အသင္းႀကီးအတြက္ ပထမဆုံးအႀကိမ္ေ႐ြးခ်ယ္ခံခဲ့ရၿပီးေနာက္ ႐ိုးမားေနာက္ခံ

လူအိုင္ဘိုင္နက္က အသင္းနည္းျပေမာ္ရင္ဟိုကို ေက်းဇူးတင္စကားေျပာဆိုလိုက္ပါတယ္။ အသက္ ၂၃

ႏွစ္အ႐ြယ္ ဘရာဇီးလ္သားဟာ ႐ိုးမားမွာ ေမာ္ရင္ဟိုရဲ႕ အားကိုးရတဲ့ ကစားသမားတဦးအျဖစ္ ေျခစြမ္းျပ

ေနခဲ့ၿပီးေနာက္ လက္ေ႐ြးစင္အသင္းက ေ႐ြးခ်ယ္မႈကို ရရွိခဲ့တာျဖစ္ပါတယ္။ အိုင္ဘိုင္နက္ဇ္က ဒီရာသီ

မွာ ႐ိုးမားအတြက္ စီးရီးေအ ၇ ပြဲကစားေပးထားၿပီး ၁ ဂိုးသြင္းယူေပးထားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီကလည္း

ၿပိဳင္ပြဲစုံ ၅၁ ပြဲအထိ ကစားေပးခဲ့ၿပီး ၄ ဂိုးသြင္းယူကာ ႐ိုးမားရဲ႕ အမာခံခံစစ္မႉးအျဖစ္ ေမာ္ရင္ဟိုရဲ႕ ယုံ

ၾကည္မႈကို ရရွိခဲ့ပါတယ္။ ဘရာဇီးလ္အတြက္ ေ႐ြးခ်ယ္ခံရၿပီးခ်ိန္မွာ အိုင္ဘိုင္နက္ဇ္က GloboEsporte

ကတဆင့္ အခုလိုေျပာဆိုခဲ့ပါတယ္။ “ဒီလိုေ႐ြးခ်ယ္ခံရမယ္လို႔ က်ေနာ္မေမွ်ာ္လင့္ခဲ့ဘူး၊ က်ေနာ္က အိမ္

မွာ မိသားစုနဲ႔အတူ ႐ုပ္ရွင္တခုၾကည့္ေနတာ၊ အဲဒီအခ်ိန္မွာ အျပင္ကျပန္လာတဲ့ ေယာက္ဖက မင္းကို

ဘရာဇီးလ္က ေခၚေနၿပီတဲ့၊ က်ေနာ္ မယုံၾကည္ခဲ့ဘူး၊ အဲဒီေနာက္ တီထီရဲ႕ ေ႐ြးခ်ယ္မႈကို တိုက္႐ိုက္ထုတ္

လႊင့္ေနတာကို က်ေနာ္ၾကည့္ေတာ့ က်ေနာ့္နာမည္ကို ၾကားလိုက္ရတယ္””ဒီေတာ့မွ တကယ္ပဲဆိုတာ

က်ေနာ္သိလိုက္ရတယ္၊ အရမ္းစိတ္လႈပ္ရွားခဲ့ရပါတယ္၊ က်ေနာ့္မိသားစုလည္း ေပ်ာ္႐ႊင္ေနခဲ့ၾကပါတယ္၊

ဖုန္းေတြလည္း ဆက္တိုက္ကို ဆက္လာၾကတယ္၊ ဒီအတြက္ေတာ့ က်ေနာ္ ေမာ္ရင္ဟိုကို အရမ္းေက်း

ဇူးတင္ပါတယ္၊ သူ ေရာက္လာကတည္းက က်ေနာ့္ကို ယုံၾကည္မႈေပးခဲ့သလို ကြင္းထဲမွာလည္း လြတ္

လြတ္လပ္လပ္ကစားခြင့္ေပးခဲ့ပါတယ္””အႀကံဉာဏ္ေတြေပးတယ္၊ လုပ္သင့္လုပ္ထိုက္တာေတြကို ေျပာ

ျပတယ္၊ဒါက က်ေနာ့္အတြက္ အမ်ားႀကီးအေရးပါခဲ့ပါတယ္၊ တီထီနဲ႔စကားေျပာခဲ့ခ်ိန္မွာ က်ေနာ့္ကို ယုံ

ၾကည္ေပးခဲ့လို႔ ေက်းဇူးတင္ေၾကာင္း​ ေျပာခဲ့ပါတယ္” လို႔ အိုင္ဘိုင္နက္ဇ္က ေျပာဆိုခဲ့ပါတယ္။ ဘရာ

ဇီးလ္ကေတာ့ ႏိုင္ငံတကာပြဲေတြအတြက္ ဂါနာ၊ တူနီးရွားတို႔နဲ႔ ကစားသြားမွာျဖစ္ပါတယ္။