အသင်းကြီးမှာ ဂါနာချိုကိုပွဲထွက်ခွင့်ပေးတာနဲ့ပတ်သက်ပြီး တန်ဟက်ကိုမေးခွန်းထုတ်လာတဲ့ မန်ယူလူငယ်နည်းပြဟောင်း

ကလပ်ရဲ့ပထမအသင်းမှာ ဂါနာချိုကို ခေါ်သုံးတဲ့ နည်းပြအဲရစ်တန်ဟက်ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး

မန်ယူလူငယ်နည်းပြဟောင်းနေးလ်ဝုဒ်ကမေးခွန်းထုတ်လိုက်ပါတယ်။ မန်ယူလူငယ်အသင်းမှာ ခြေစွမ်း

ပြနိုင်ခဲ့လို့တန်ဟက်ရဲ့ယုံကြည်မှုကိုရရှိခဲ့တဲ့ အဲဒီအာဂျင်လူငယ်လက်ရွေးစင်ဟာအခုရာသီအစောပိုင်းမှာ

ပရီးမီးယားလိဂ်ရော ယူရိုပါလိဂ်မှာပါလူစားဝင်ကစားခွင့်တွေရရှိခဲ့တာပါ။ ဒါပေမဲ့ ဂါနာချိုဟာ မန်ယူက

သူ့ရဲ့ပထမဆုံးပွဲထွက်ပါနိုင်မှုကိုတော့ ပြီးခဲ့တဲ့အပတ်ကြားရက်ရှရစ်ဖ်နဲ့ယူရိုပါလိဂ်ပွဲမှာမှ လုပ်နိုင်ခဲ့ပါ

တယ်။ အဲဒီပွဲမှာလည်း ဂါနာချိုဟာအကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ကာ အသင်းပရိသတ်တွေရွေးတဲ့

man of the match ကို ရရှိခဲ့တာပါ။ အဲဒါကြောင့် မန်ယူပရိသတ်တွေကဂါနာချိုဟာ အသင်းကြီးမှာ ပို

အသုံးပြုဖို့ နည်းပြတန်ဟက်ကိုတောင်းဆိုလာပါတယ်။ ဒါပေမဲ့လည်း မန်ယူယူ-၂၃ အသင်းကိုကိုင်တွယ်

စဉ်က အသင်းက လူငယ်ကြယ်ပွင့်တွေကို အနီးကပ်ကိုင်ခဲ့တဲ့နေးလ်ဝုဒ်က ငယ်သေးတဲ့အခုလိုအချိန် အ

သင်းကြီးမှာ ခေါ်သုံးနေတဲ့အတွက်ကစားသမားတစ်ယောက်အနေနဲ့ ဂါနာချိုရဲ့တိုးတက်မှုကိုထိခိုက်စေ

နိုင်ကြောင်း ဆိုလာတာပါ။ နေးလ်ဝုဒ်ဟာ လက်ရှိမှာမန်ယူဂန္ထဝင်ဟောင်းတွေပိုင်ဆိုင်တဲ့ အင်္ဂလန်အောက်

တန်းကလပ်ဆဲလ်ဖို့ဒ်ကို ကိုင်တွယ်နေတာပါ။ ”လူငယ်တွေ အသင်းကြီးဆီရောက်လာတာကို ပရိသတ်

တွေက မြင်ချင်နေကြပါတယ်။ဒါပေမဲ့ သူ့(ဂါနာချို)ကို အသင်းကြီးထဲ ထည့်လိုက်တာဟာအကောင်းဆုံး

အရာလားဆိုတာ ကျွန်တော်မသိပါဘူး။အဲဒီမှာက စံနှုန်းတွေဟာ အရမ်းမြင့်ပါတယ်။ အိုးလ်ထရက်ဖို့ဒ်မှာ

ချက်ချင်းကြီးအလုပ်ဖြစ်မယ်လို့ မမျှော်လင့်နိုင်ပါဘူး။ ဒါ့အပြင် လူငယ်ပလေယာအတွက်မျှော်မှန်းထားမှု

တွေက မြင့်မားပါတယ်။ အလျင်စလိုဆိုရင် ကစားသမားတစ်ယောက်ရဲ့တိုးတက်မှုကို ထိခိုက်နိုင်ပါတယ်”

လို့ ဆဲလ်ဖို့ဒ်နည်းပြကThe Athletic သတင်းဌာနကို ပြောခဲ့ပါတယ်။ ဒါ့အပြင် နေးလ်ဝုဒ်ကဂါနာချိုဟာ

အလားအလာကောင်းတွေပိုင်ဆိုင်ထားပေမယ့်တိုးတက်ရမယ့်နေရာတွေရှိနေသေးကြောင်း ဆိုခဲ့တာပါ။

 

ကလပ္ရဲ႕ပထမအသင္းမွာ ဂါနာခ်ိဳကို ေခၚသုံးတဲ့ နည္းျပအဲရစ္တန္ဟက္ရဲ႕ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး

မန္ယူလူငယ္နည္းျပေဟာင္းေနးလ္ဝုဒ္ကေမးခြန္းထုတ္လိုက္ပါတယ္။ မန္ယူလူငယ္အသင္းမွာ ေျခစြမ္း

ျပႏိုင္ခဲ့လို႔တန္ဟက္ရဲ႕ယုံၾကည္မႈကိုရရွိခဲ့တဲ့ အဲဒီအာဂ်င္လူငယ္လက္ေ႐ြးစင္ဟာအခုရာသီအေစာပိုင္းမွာ

ပရီးမီးယားလိဂ္ေရာ ယူ႐ိုပါလိဂ္မွာပါလူစားဝင္ကစားခြင့္ေတြရရွိခဲ့တာပါ။ ဒါေပမဲ့ ဂါနာခ်ိဳဟာ မန္ယူက

သူ႔ရဲ႕ပထမဆုံးပြဲထြက္ပါႏိုင္မႈကိုေတာ့ ၿပီးခဲ့တဲ့အပတ္ၾကားရက္ရွရစ္ဖ္နဲ႔ယူ႐ိုပါလိဂ္ပြဲမွာမွ လုပ္ႏိုင္ခဲ့ပါ

တယ္။ အဲဒီပြဲမွာလည္း ဂါနာခ်ိဳဟာအေကာင္းဆုံးေျခစြမ္းျပကစားႏိုင္ခဲ့ကာ အသင္းပရိသတ္ေတြေ႐ြးတဲ့

man of the match ကို ရရွိခဲ့တာပါ။ အဲဒါေၾကာင့္ မန္ယူပရိသတ္ေတြကဂါနာခ်ိဳဟာ အသင္းႀကီးမွာ ပို

အသုံးျပဳဖို႔ နည္းျပတန္ဟက္ကိုေတာင္းဆိုလာပါတယ္။ ဒါေပမဲ့လည္း မန္ယူယူ-၂၃ အသင္းကိုကိုင္တြယ္

စဥ္က အသင္းက လူငယ္ၾကယ္ပြင့္ေတြကို အနီးကပ္ကိုင္ခဲ့တဲ့ေနးလ္ဝုဒ္က ငယ္ေသးတဲ့အခုလိုအခ်ိန္ အ

သင္းႀကီးမွာ ေခၚသုံးေနတဲ့အတြက္ကစားသမားတစ္ေယာက္အေနနဲ႔ ဂါနာခ်ိဳရဲ႕တိုးတက္မႈကိုထိခိုက္ေစ

ႏိုင္ေၾကာင္း ဆိုလာတာပါ။ ေနးလ္ဝုဒ္ဟာ လက္ရွိမွာမန္ယူဂႏၴဝင္ေဟာင္းေတြပိုင္ဆိုင္တဲ့ အဂၤလန္ေအာက္

တန္းကလပ္ဆဲလ္ဖို႔ဒ္ကို ကိုင္တြယ္ေနတာပါ။ ”လူငယ္ေတြ အသင္းႀကီးဆီေရာက္လာတာကို ပရိသတ္

ေတြက ျမင္ခ်င္ေနၾကပါတယ္။ဒါေပမဲ့ သူ႔(ဂါနာခ်ိဳ)ကို အသင္းႀကီးထဲ ထည့္လိုက္တာဟာအေကာင္းဆုံး

အရာလားဆိုတာ ကြၽန္ေတာ္မသိပါဘူး။အဲဒီမွာက စံႏႈန္းေတြဟာ အရမ္းျမင့္ပါတယ္။ အိုးလ္ထရက္ဖို႔ဒ္မွာ

ခ်က္ခ်င္းႀကီးအလုပ္ျဖစ္မယ္လို႔ မေမွ်ာ္လင့္ႏိုင္ပါဘူး။ ဒါ့အျပင္ လူငယ္ပေလယာအတြက္ေမွ်ာ္မွန္းထားမႈ

ေတြက ျမင့္မားပါတယ္။ အလ်င္စလိုဆိုရင္ ကစားသမားတစ္ေယာက္ရဲ႕တိုးတက္မႈကို ထိခိုက္ႏိုင္ပါတယ္”

လို႔ ဆဲလ္ဖို႔ဒ္နည္းျပကThe Athletic သတင္းဌာနကို ေျပာခဲ့ပါတယ္။ ဒါ့အျပင္ ေနးလ္ဝုဒ္ကဂါနာခ်ိဳဟာ

အလားအလာေကာင္းေတြပိုင္ဆိုင္ထားေပမယ့္တိုးတက္ရမယ့္ေနရာေတြရွိေနေသးေၾကာင္း ဆိုခဲ့တာပါ။