မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသမားဟောင်းဖြစ်သူ ပီတာ ရှမိုက်ကယ်က ဒီရာသီမှာ
ပရီးမီးယားလိဂ်အမှတ်ပေးဖလားကို စိန်ခေါ်နိုင်မယ့် အသင်းလေးသင်းကို ပြောပြလာခဲ့ပြီး၊ သူ့
ရဲ့ အသင်းဟောင်း မန်ယူကို သတိပေးမှုတစ်ခုပြုလုပ်သွားခဲ့ပါတယ်။ မန်စီးတီးအသင်းနဲ့ လီဗာ
ပူးလ်တို့ဟာ လူစာရင်းတောင့်တင်းတာနဲ့ နည်းပြတွေရဲ့ ကစားကွက်ကြောင့်အမှတ်ပေးဖလား
ကို ရနိုင်ချေအများဆုံးအသင်းတွေအဖြစ် နောက်ပိုင်းနှစ်တွေမှာ သတ်မှတ်ခံထားရပေမယ့်၊ ဒီရာ
သီကတော့ နှစ်သင်းစလုံးအတွက် လွယ်ကူမာ မဟုတ်ကြောင်း ရှမိုက်ကယ်က ဆိုခဲ့ပါတယ်။ “
မန်စီးတီးနဲ့ လီဗာပူးလ်အတွက် လူတွေထင်ထားသလိုမျိုး ဖြစ်လာမာ မဟုတ်လောက်ဘူး။ နှစ်
သင်းစလုံးအတွက် အရမ်းခက်ခဲတဲ့ရာသီတစ်ခု ဖြစ်မယ်လို့ ”“ ထင်တယ်။ ကစားကွက်ပိုင်းအရ
မန်စီးတီးအသင်းမှာ ကြီးမားတဲ့အပြောင်းအလဲဖြစ်ပေါ်နေတယ်။ ပပ်ဂွါဒီယိုလာရဲ့ အပြောင်းအ
ရွှေ့ကို ကြည့်လိုက်ပါ၊ အားလင်း ဟာလန်းကို ခေါ်ယူပြီး၊ ရာဟီး စတားလင်းနဲ့ ဂါဘီရယ် ဂျီးဆပ်
တို့ကို လက်လွှတ်လိုက်တယ်။ ဒါက သူဟာ နံပါတ် ၉ နဲ့ ကစားဖို့ ဘယ်လောက်အထိ စိတ်အား
ထက်သန်နေသလဲဆိုတာကို ပြသနေတယ် ”“ ပပ်ဆီမှာ ဒါမျိုးပုံစံကို ကျွန်တော်တို့ အရင်ကမမြင်
ခဲ့ရဖူးပါဘူး။ အဲ့ဒါက ဘယ်လိုဖြစ်မလဲ ? အသားကျဖို့ အချိန်ဘယ်လောက်ယူရမလဲ ? ဟာလန်း
ကကော ဂျာမနီတုန်းကလို ကောင်းပါ့မလား ? သေချာမသိနိုင်ပါဘူး။ သူက ၂၅ ဂိုးလောက် သွင်း
နိုင်မာလား ? ဟုတ်ပါတယ်၊ အသင်းက ကူညီရင်တော့ သွင်းနိုင်ပါလိမ့်မယ်။ ဒါပေမယ့် စီးတီးက
ဒီကစားပုံနဲ့ ”“ ကျင့်သားမရသေးပါဘူး။ လီဗာပူးလ်အသင်းကလည်း ပြောင်းလဲနေတယ်။ သူတို့
ဒါဝင် နူးနက်ဇ်ကို ခေါ်ခဲ့တယ်၊ ဒါပေမယ့် ဆာဒီယို မာနေးကို ဆုံးရှူံးလိုက်ရတယ်။ နူးနက်ဇ်က မာ
နေးလောက် ကောင်းပါ့မလား ကျွန်တော်တော့ သံသယရှိတယ်။ ဖလားပြိုင်ဆိုင်မှုမှာ ချယ်လ်ဆီး
နဲ့ စပါးလည်း ပါလာနိုင်တယ်။ စပါးဟာ ကစားသမားခေါ်ယူမှုအပိုင်းမှာ အကောင်းဆုံး ”“ လုပ်
ထားပြီး၊ ကွန်တီကလည်း သူ့ကစားသမားတွေရဲ့ အကောင်းဆုံးပုံစံကို ရအောင် လုပ်တဲ့နေရာမှာ
တော်တဲ့လူပါ။ မန်ယူလား ? ရာသီကြိုမှာ အလားအလာကောင်းတွေပြသထားပေမယ့်၊ လက်တွေ့
မှာ ရှည်လျားတဲ့ ပြောင်းလဲမှုတွေ လိုအပ်ပါတယ်။ အသင်းဟာ တန်ဟန့်ကို သူသိပြီးတော့ သူ လို
ချင်တဲ့ ကစားသမားစုဖွဲ့မှုနဲ့ ပတ်သက်ပြီး ထောက်ခံထားပါတယ်၊ သူ့ရဲ့ ပထမရာသီက စိတ်ဝင်
စားဖို့ကောင်းပါလိမ့်မယ် ” လို့ ပြောဆိုခဲ့ပါတယ်။