အသက်၁၉နှစ်ရှိအီတလီနောက်တန်းအစွန်လူကို ပေါင် ၁၇သန်းဖြင့်ခေါ်ပြီး ရှိရင်းစွဲကလပ်ကိုပြန်အငှားချလိုက်တဲ့ စပါးစ်
စပါးစ်ဟာအူဒီးနီးစ်နောက်တန်းအစွန်လူဒီစတီနီအူဒိုဂီကိုခေါ်ယူရန်သဘောတူညီမှုရရှိသွားပြီဖြစ်
ကြောင်းသိရပါတယ်။အသက်၁၉နှစ်ရှိအီတလီနောက်တန်းအစွန်လူဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်း
ကစီးရီးအေပွဲ၃၅ပွဲအထိကစားခွင့်ရခဲ့သူဖြစ်ပါတယ်။သူ့ရဲ့ခြေစွမ်းပြကစားမှုကြောင့်ဥရောပထိပ်သီး
ကလပ်များရဲ့စိတ်ဝင်စားခြင်းခံခဲ့ရပါတယ်။ဒါပေမဲ့အန်တိုနီယိုကွန်တီရဲ့စပါးစ်ကလက်ဦးမှုရယူပြီး
အူဒိုဂီကိုခေါ်ယူရေးသဘောတူညီမှုရရှိသွားပြီဖြစ်ပါတယ်။စပါးစ်ဟာအူဒိုဂီကိုပြောင်းရွှေ့ကြေးပေါင်
၁၇သန်းဖြင့်ခေါ်ယူရန်သဘောတူညီမှုရရှိသွားပြီးဖြစ်သလိုကစားသမားနှင့်လည်းပုဂ္ဂိုလ်ရေးဆိုင်
ရာသဘောတူညီမှုရထားပြီးဖြစ်ပါတယ်။ဒါပေမဲ့အူဒိုဂီဟာယခုနွေရာသီတွင်စပါးစ်သို့ပြောင်းလာ
မှာမဟုတ်ဘဲအူဒီးနီးစ်တွင်ပင်တစ်ရာသီအငှားဖြင့်ကစားသွားပါမယ်။စပါးစ်ဟာယခုနွေရာသီတွင်
မစ်ဒယ်ဘရော့မှနောက်တန်းအစွန်လူဒီဂျက်စပင့်ကိုလည်းခေါ်ယူထားပါတယ်။စပင့်ဟာပြီးခဲ့တဲ့
ရာသီတုန်းကနော်တင်ဟမ်ဖောရက်စ်ကိုတန်းတက်နိုင်အောင်ကူညီခဲ့သူလည်းဖြစ်ပါတယ်။