အဝတ်လဲခန်းထဲမှာ စိတ်ဓာတ်ကျနေတဲ့ ကစားသမားတွေကို နှစ်သိမ့်ပေးခဲ့ရတဲ့ လီဗာပူးနည်းပြ

ပဲရစ်မြို့မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းကို တ

စ်ဂိုးတည်းနဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် စိတ်ဓါတ်ကျနေတဲ့ ကစားသမားတွေကို အဝတ်

လဲခန်းထဲမှာ ဘာပြောခဲ့သလဲဆိုတာကို လီဗာပူးလ်နည်းပြဖြစ်သူ ယာဂန် က

လော့ပ်က အခုချိန်မှာ ဖွင့်ဟပြောဆိုလာပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းရဲ့

ဘယ်ခြမ်းတောင်ပံကစားသမား ဗင်နီးစီးယပ်စ် ဂျုနီယာရဲ့ ဒုတိယပိုင်း ပွဲကစား

ချိန် ၅၉ မိနစ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးကြောင့်လီဗာပူးလ်အသင်းဟာ ဒီရာသီကို

ဝမ်းနည်းစရာကောင်းတဲ့ အခြေအနေမျိုးနဲ့ အဆုံးသတ်ခဲ့ရပါတယ်။ ထိုရှုံးပွဲ

ကြောင့် လီဗာပူးလ်အသင်းဟာ အက်ဖ်အေဖလား၊ ခါရာဘောင်းဖလားတို့နဲ့သာ ဒီ

ရာသီမှာ ကျေနပ်ခဲ့ရပြီး၊ ရီးရဲလ်မက်ဒရစ်အသင်းကတော့ သူတို့ရဲ့ ၁၄ ကြိမ်

မြောက် ချန်ပီယံလိဂ်ဆုဖလားကို ရရှိသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ကလော့ပ်

ကတော့ စိတ်ပျက်အားလျော့ခြင်းမရှိခဲ့ပဲ၊ ဖလားလေးလုံးရဖို့အထိ နီးစပ်အောင်

ကြိုးစားခဲ့တဲ့သူ့ရဲ့ ကစားသမားတွေအတွက် ဂုဏ်ယူကြောင်း ပြောဆိုခဲ့ပါတယ်။ “

ကျွန်တော်တို့ အရမ်းကောင်းတဲ့ ပွဲတစ်ပွဲကို ကစားခဲ့ရတာပါ၊ ဒါပေမယ့် ၁-၀ နဲ့

ရှုံးနိမ့်တဲ့အခါမှာတော့ အဲ့ဒါက မလုံလောက်ခဲ့ဘူးဆိုတာကို ဝန်ခံရပါမယ်။ ရီးရဲလ်

မက်ဒရစ်ကစားသမားတွေရဲ့ အောင်ပွဲခံပုံကို ကြည့်ခဲ့ပြီးတဲ့နောက် ကျွန်တော့်ရဲ့

ကစားသမားတွေကို ‘ ဖလားမရခဲ့ပေမယ့် မင်းတို့အတွက် ငါ ဂုဏ်ယူပြီးသားပါ

ကွာ ’ လို့ အဝတ်လဲခန်းထဲမှာ ပြောခဲ့တယ်။ ဒါပေမယ့် အဲ့ဒီလို ”“ ဂုဏ်ယူတယ်ဆို

ပြီး ခံစားရတာဟာ ကျွန်တော်တစ်ဦးတည်းဖြစ်ခဲ့တယ်ဆိုတာလည်း မြင်ခဲ့ရပါ

တယ်၊ ဒီတော့ ကောင်လေးတွေအနေနဲ့ ဒါကို မေ့ပစ်ဖို့ အချိန်အနည်းငယ်တော့

ကြာပါလိမ့်မယ် ” လို့ ပြောဆိုခဲ့ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်အမှတ်ပေး

ပြိုင်ပွဲမှာလည်း လီဗာပူးလ်အသင်းဟာ ချန်ပီယံဖြစ်သွားခဲ့တဲ့ မန်ချက်စတာစီး

တီးအသင်းရဲ့ နောက်မှာ တစ်မှတ်အကွာနဲ့သာ ရှိနေခဲ့တာကြောင့် လီဗာပူးလ်

အသင်းပရိသတ်တွေအတွက် ဒီနှစ်ဟာရင်နာလို့ မဆုံးမယ့် ရာသီတစ်ခုလို့ မှတ်ယူ

ရမာပါ။ ဒါပေမယ့်လည်း ကလော့ပ်ကတော့ သူ့ရဲ့ အသင်းဟာ နောက်ရာသီမှာ

အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ပြီး ဆုဖလားတွေကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ယုံ

ကြည်နေပါတယ်။ “ ကျွန်တော့်ရဲ့ ကောင်လေးတွေက အရမ်းထူးချွန်ကောင်းမွန်

တဲ့ ရာသီကို ကစားခဲ့ကြတာပါ။ ကျွန်တော်တို့ အနိုင်မရခဲ့တဲ့ ပြိုင်ပွဲနှစ်ခုဟာ အ

ရမ်းကျဉ်းမြောင်းနဲ့ အနေအထားကနေ လွဲချော်ခဲ့ကြတာ ဖြစ်ပါတယ်။ တစ်ခုက ”

“ တစ်မှတ်တည်းနဲ့ ဖြစ်ပြီး၊ နောက်တစ်ခုက ၁-၀ နဲ့ ဖြစ်ပါတယ်။ စီးတီးက တစ်

မှတ်ပိုသာခဲ့ပြီးတော့ ရီးရဲလ်မက်ဒရစ်က တစ်ဂိုးပိုသာခဲ့တယ်၊ အဲ့ဒါလောက်နဲ့

ကျွန်တော်တို့ကို ဘာမှ ပြောလို့မရနိုင်ပါဘူး။ လက်ရှိ လီဗာပူးလ်အသင်းဟာ

အရမ်းကောင်းတဲ့ အစုအဖွဲ့ဖြစ်ပြီးတော့၊ ကျွန်တော်တို့အနေနဲ့ နောက်တစ်ကြိမ်

ထပ်ကြိုးစားကြအုန်းမာပါ ” လို့ ပြောဆိုသွားခဲ့ပါတယ်။

ပဲရစ္ၿမိဳ႕မွာ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ဖိုင္နယ္ပြဲမွာ ရီးရဲလ္မက္ဒရစ္အသင္းကို တ

စ္ဂိုးတည္းနဲ႔ ရႈံးနိမ့္ခဲ့ၿပီးတဲ့ေနာက္ စိတ္ဓါတ္က်ေနတဲ့ ကစားသမားေတြကို အဝတ္

လဲခန္းထဲမွာ ဘာေျပာခဲ့သလဲဆိုတာကို လီဗာပူးလ္နည္းျပျဖစ္သူ ယာဂန္ က

ေလာ့ပ္က အခုခ်ိန္မွာ ဖြင့္ဟေျပာဆိုလာပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕

ဘယ္ျခမ္းေတာင္ပံကစားသမား ဗင္နီးစီးယပ္စ္ ဂ်ဳနီယာရဲ႕ ဒုတိယပိုင္း ပြဲကစား

ခ်ိန္ ၅၉ မိနစ္မွာ သြင္းယူခဲ့တဲ့ သြင္းဂိုးေၾကာင့္လီဗာပူးလ္အသင္းဟာ ဒီရာသီကို

ဝမ္းနည္းစရာေကာင္းတဲ့ အေျခအေနမ်ိဳးနဲ႔ အဆုံးသတ္ခဲ့ရပါတယ္။ ထိုရႈံးပြဲ

ေၾကာင့္ လီဗာပူးလ္အသင္းဟာ အက္ဖ္ေအဖလား၊ ခါရာေဘာင္းဖလားတို႔နဲ႔သာ ဒီ

ရာသီမွာ ေက်နပ္ခဲ့ရၿပီး၊ ရီးရဲလ္မက္ဒရစ္အသင္းကေတာ့ သူတို႔ရဲ႕ ၁၄ ႀကိမ္

ေျမာက္ ခ်န္ပီယံလိဂ္ဆုဖလားကို ရရွိသြားခဲ့ပါတယ္။ ဒါေပမယ့္လည္း ကေလာ့ပ္

ကေတာ့ စိတ္ပ်က္အားေလ်ာ့ျခင္းမရွိခဲ့ပဲ၊ ဖလားေလးလုံးရဖို႔အထိ နီးစပ္ေအာင္

ႀကိဳးစားခဲ့တဲ့သူ႔ရဲ႕ ကစားသမားေတြအတြက္ ဂုဏ္ယူေၾကာင္း ေျပာဆိုခဲ့ပါတယ္။ “

ကြၽန္ေတာ္တို႔ အရမ္းေကာင္းတဲ့ ပြဲတစ္ပြဲကို ကစားခဲ့ရတာပါ၊ ဒါေပမယ့္ ၁-၀ နဲ႔

ရႈံးနိမ့္တဲ့အခါမွာေတာ့ အဲ့ဒါက မလုံေလာက္ခဲ့ဘူးဆိုတာကို ဝန္ခံရပါမယ္။ ရီးရဲလ္

မက္ဒရစ္ကစားသမားေတြရဲ႕ ေအာင္ပြဲခံပုံကို ၾကည့္ခဲ့ၿပီးတဲ့ေနာက္ ကြၽန္ေတာ့္ရဲ႕

ကစားသမားေတြကို ‘ ဖလားမရခဲ့ေပမယ့္ မင္းတို႔အတြက္ ငါ ဂုဏ္ယူၿပီးသားပါ

ကြာ ’ လို႔ အဝတ္လဲခန္းထဲမွာ ေျပာခဲ့တယ္။ ဒါေပမယ့္ အဲ့ဒီလို ”“ ဂုဏ္ယူတယ္ဆို

ၿပီး ခံစားရတာဟာ ကြၽန္ေတာ္တစ္ဦးတည္းျဖစ္ခဲ့တယ္ဆိုတာလည္း ျမင္ခဲ့ရပါ

တယ္၊ ဒီေတာ့ ေကာင္ေလးေတြအေနနဲ႔ ဒါကို ေမ့ပစ္ဖို႔ အခ်ိန္အနည္းငယ္ေတာ့

ၾကာပါလိမ့္မယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။ ဒီရာသီ ပရီးမီးယားလိဂ္အမွတ္ေပး

ၿပိဳင္ပြဲမွာလည္း လီဗာပူးလ္အသင္းဟာ ခ်န္ပီယံျဖစ္သြားခဲ့တဲ့ မန္ခ်က္စတာစီး

တီးအသင္းရဲ႕ ေနာက္မွာ တစ္မွတ္အကြာနဲ႔သာ ရွိေနခဲ့တာေၾကာင့္ လီဗာပူးလ္

အသင္းပရိသတ္ေတြအတြက္ ဒီႏွစ္ဟာရင္နာလို႔ မဆုံးမယ့္ ရာသီတစ္ခုလို႔ မွတ္ယူ

ရမာပါ။ ဒါေပမယ့္လည္း ကေလာ့ပ္ကေတာ့ သူ႔ရဲ႕ အသင္းဟာ ေနာက္ရာသီမွာ

အေကာင္းဆုံးပုံစံနဲ႔ ျပန္လာႏိုင္ၿပီး ဆုဖလားေတြကို စိန္ေခၚႏိုင္လိမ့္မယ္လို႔ ယုံ

ၾကည္ေနပါတယ္။ “ ကြၽန္ေတာ့္ရဲ႕ ေကာင္ေလးေတြက အရမ္းထူးခြၽန္ေကာင္းမြန္

တဲ့ ရာသီကို ကစားခဲ့ၾကတာပါ။ ကြၽန္ေတာ္တို႔ အႏိုင္မရခဲ့တဲ့ ၿပိဳင္ပြဲႏွစ္ခုဟာ အ

ရမ္းက်ဥ္းေျမာင္းနဲ႔ အေနအထားကေန လြဲေခ်ာ္ခဲ့ၾကတာ ျဖစ္ပါတယ္။ တစ္ခုက ”

“ တစ္မွတ္တည္းနဲ႔ ျဖစ္ၿပီး၊ ေနာက္တစ္ခုက ၁-၀ နဲ႔ ျဖစ္ပါတယ္။ စီးတီးက တစ္

မွတ္ပိုသာခဲ့ၿပီးေတာ့ ရီးရဲလ္မက္ဒရစ္က တစ္ဂိုးပိုသာခဲ့တယ္၊ အဲ့ဒါေလာက္နဲ႔

ကြၽန္ေတာ္တို႔ကို ဘာမွ ေျပာလို႔မရႏိုင္ပါဘူး။ လက္ရွိ လီဗာပူးလ္အသင္းဟာ

အရမ္းေကာင္းတဲ့ အစုအဖြဲ႕ျဖစ္ၿပီးေတာ့၊ ကြၽန္ေတာ္တို႔အေနနဲ႔ ေနာက္တစ္ႀကိမ္

ထပ္ႀကိဳးစားၾကအုန္းမာပါ ” လို႔ ေျပာဆိုသြားခဲ့ပါတယ္။