အလွတ်ကြေးနဲ့ရနိုင်မဲ့ ကစားသမားရဲ့အေးဂျင့်နဲ့ချိတ်ဆက်မှုတွေပြုလုပ်လာတဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်အသင်းဟာ အာဂျင်တီးနားလက်ရွေးစင်ကစားသမား ပေါလ်လို
ဒိုင်ဘာလာကို ခေါ်ယူရနိုင်ဖို့အတွက် ကစားသမားဖြစ်သူရဲ့ အေးဂျင့်နဲ့ ဆက်သွယ်လျက်ရှိ
နေကြောင်း သတင်းဌာနတွေရဲ့ အဆိုအရ သိရပါတယ်။ ပြီးခဲ့တဲ့စနေနေ့တုန်းက မန်ယူအ
သင်းရဲ့ အဓိကတိုက်စစ်မှူးဖြစ်သူ ခရစ္စတီယာနို ရိုနယ်ဒိုဟာ ဒီနွေရာသီမှာအသင်းကနေ ထွက်
ချင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့တာကြောင့် မန်ယူအသင်းဟာ အစားထိုးဖို့အတွက် တိုက်
စစ်ကစားသမားအသစ်တစ်ဦး ရှာဖွေနေရတာဖြစ်ပါတယ်။ ပေါ်တူဂီတိုက်စစ်မှူးကြီးဟာ အ
သင်းရဲ့ ဒီနွေရာသီအတွင်း ကစားသမားဝယ်ယူမှု နှောင့်နှေးနေတာနဲ့ ပတ်သက်ပြီး စိတ်ပျက်
နေကာ၊ ပြီးခဲ့တဲ့ နိုဝင်ဘာတုန်းက ဆိုးလ်ရှားကိုထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသုံးဦးကို ဆက်
တိုက်ခန့်ရန် ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို သဘောမတူခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရိုနယ်
ဒိုဟာ နောက်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာပဲ ဆက်လက်ကစားချင်နေပါတယ်။ ထို့အတွက်
ကြောင့် ရိုနယ်ဒိုဟာ သူ့အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုသာ ရှိမယ်ဆိုရင် ထွက်ခွာခွင့်ပေး
ဖို့ မန်ယူအသင်းကိုတောင်းဆိုခဲ့ပါတယ်။ ထို့အတွက်ကြောင့် အိုးထရက်ဖို့ဒ်အကြီးအကဲတွေ
ဟာ ဒိုင်ဘာလာရဲ့ အေးဂျင့်ဖြစ်သူနဲ့ အပြောင်းအရွှေ့ကိစ္စအတွက် ဆွေးနွေးခဲ့ကြပြီး အီတလီ
သတင်းဌာနတစ်ခုဖြစ်တဲ့ La Repubblica ရဲ့ အဆိုအရ အာဆင်နယ်အသင်းကလည်း ဒိုင်ဘာ
လာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ အင်တာမီလန်၊ တော့တင်ဟန်ဟော့
စပါးနာပိုလီအသင်းတို့ကလည်း စိတ်ဝင်စားနေတယ်လို့ ထိုသတင်းကပဲ ဖော်ပြထားပါတယ်။
ဒါပေမယ့်လည်း ဒိုင်ဘာလာရဲ့ အေးဂျင့်ဖြစ်သူ ဂျော့အန်တန်နဲ့ ထိုအသင်းတွေဟာ ဆွေးနွေး
တာမျိုး ရှိကြောင်း အတည်ပြုထားတာ မရှိတာ ဖြစ်ပါတယ်။ ဒိုင်ဘာလာဟာ ဂျုဗင်တပ်အ
သင်းမှာ ခုနှစ်ကြာ ကစားပေးခဲ့ပြီး ၂၉၃ ပွဲမှာ သွင်းဂိုး ၁၁၅ ဂိုး သွင်းယူပေးခဲ့ပြီးနောက် လက်
ရှိမှာတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်လို့ရနိုင်မယ့် ကစားသမားဖြစ်နေပါတယ်။