အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ကစားသမားဖြစ်သူ မာတင် ကီအွန်က ပြီးခဲ့တဲ့ရာသီမှာ ဆိုးရွား
တဲ့ပုံစံတစ်ခုနဲ့ ကြုံခဲ့ရပြီး ပရိသတ်တွေရဲ့ အကြီးအကျယ်ဝေဖန်လှောင်ပြောင်ခြင်းကို ခံခဲ့ရတဲ့
မန်ယူအသင်းခေါင်းဆောင်ဖြစ်သူ ဟယ်ရီ မက်ဂွိုင်းယားဘက်ကနေ ကာကွယ်ပြောဆိုလာခဲ့
ပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဆိုးရွားတဲ့ အနေအထားမှာ ရှိခဲ့ပြီး ကစား
သမားအားလုံးနီးပါးဝေဖန်ခံခဲ့ရကာ ထိုအထဲမှာ အများဆုံးကတော့ မက်ဂွိုင်းယားဖြစ်ခဲ့ပါတယ်။
မက်ဂွိုင်းယားဟာ အင်္ဂလန်ပရိသတ်တွေရဲ့ အော်ဟစ်လှောင်ပြောင်ခြင်းကိုလည်း ခံခဲ့ရပြီး
တော့ ပရိသတ်တစ်ဦးက နေအိမ်ကို ဗုံးခွဲ ခြိမ်းခြောက်တာအထိ ခံခဲ့ရပါတယ်။ ထို့အတွက်
ကြောင့် ကီအွန်က “ မက်ဂွိုင်းယားကို ဝေဖန်နေကြတာနဲ့ ပတ်သက်ပြီး ပြောရရင်၊ သူတို့
ကိုယ်သူတို့ ပိုသိတယ်လို့ ထင်နေကြတဲ့ ”“ လူတွေက သူ့ရဲ့ ကစားသမားဘဝကို ခွဲခြား
ရွေးချယ်လိုက်တာဟာ မလေးစားတာပဲဗျ။ ဘောလုံးရေးရာသုံးသပ်သူတွေနဲ့ ပရိသတ်
တွေအနေနဲ့ အပြုသဘောဆောင်တဲ့ ဝေဖန်တာမျိုးကို လုပ်လို့ရပါတယ်၊ ဒါပေမယ့် တစ်
ချိန်တည်းမှာပဲ မက်ဂွိုင်းယားနဲ့ ပတ်သက်ပြီး ပြောဆိုကြတာတွေက ဝေဖန်တာထက် ပို
ကျော်လာတဲ့အခါ မှားယွင်းတယ်လို့ ခံစားလာရပါတယ်။ မက်ဂွိုင်းယားဟာ မန်ယူအသင်း
ရဲ့ “ အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ပြီး ဖိအားတွေကို ထမ်းထားရတဲ့ ကစား
သမားကောင်းတစ်ဦးပါ၊ ပြီးတော့ သူဟာ အားကိုးရတာကြောင့် နည်းပြ ဂဲရက် ဆောက်ဂိတ်
ရဲ့ ယုံကြည်မှုကိုလည်း ရထားတဲ့ ဗဟိုခံစစ်ကစားသမားတစ်ဦး ဖြစ်ပါတယ်။ ကျွန်တော်
အမှားလုပ်ရင် ကျွန်တော် ဝေဖန်ခံရမာပါ၊ ဒါဟာ အသင်းကြီးနဲ့ ဗဟိုခံစစ်လိုနေရာမျိုးမှာ
ကစားနေတဲ့လူအတွက် ဖြစ်နေကျကိစ္စပါ ”“ ဒါပေမယ့် ကိုယ်ရေးကိုယ်တာကို ပိုထိခိုက်
စေတဲ့ ဆိုရှယ်မီဒီယာပေါ်က ပြောဆိုမှုတွေကိုတော့ အငြင်းအခုန်လုပ်နေမာ မဟုတ်ပါဘူး။
ရန်းဂ်နစ်က နောက်တန်းခံစစ်ကို မြှင့်ပြီး ပြိုင်ဘက်ကို ဖိအားပေးကစားရတဲ့ နည်းစနစ်မှာ
သူ့ကို ကစားခိုင်းတာက အခက်တွေ့စေခဲ့တယ်လို့ ထင်တယ်၊ ဘာလို့လဲဆိုတော့ သူ့ကို
ကြည့်ရတာ အဲ့ဒီနည်းစနစ်အပေါ် သက်သောင့်သက်သာမဖြစ်ခဲ့ပုံရတာကြောင့်ပါ ”“ နည်း
ပြသစ် အဲရစ် တန်ဟန့်အနေနဲ့ မန်ယူအသင်းဟာ အနည်းဆုံးတစ်ပွဲကို တစ်ဂိုးပေးထားရ
တယ်ဆိုတဲ့ အချက်နဲ့ မက်ဂွိုင်းယားနဲ့ ရာဖေးလ် ဗာရန်းကို အတူတကွပွဲထုတ်လာတဲ့ နှစ်
ကြိမ်စလုံးမှာ ရှုံးခဲ့တယ်ဆိုတာကို သတိထားပြီး သူ့ကို နောက်ရာသီမှာ သင့်တော်စွာအသုံး
ချသွားနိုင်ဖို့ မျှော်လင့်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။