အရင်းနှီးဆုံးမိတ်ဆွေကိုယ်တိုင်ဖွင့်ဟလာတဲ့ ယူနိုက်တက်နဲ့ပတ်သက်ပြီးပြောင်းလဲလာတဲ့ ရော်နယ်ဒိုရဲ့ သဘောထား

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ အသင်းကနေ ထွက်ခွာဖို့ လုံးဝကို စိတ်ပိုင်းဖြတ်ထား

ပြီး အသင်းအတွက် နောက်ထပ်တပွဲတောင် ပါဝင်ကစားပေးလိုခြင်းမရှိတော့ဘူးလို့ သိရှိရပါတယ်။

ဒီအကြောင်းကိုတော့ ရော်နယ်ဒိုရဲ့ အရင်းနှီးဆုံးမိတ်ဆွေ ပီယာ့စ်မော်ဂန်က ဖွင့်ဟခဲ့တာဖြစ်ပြီး

သူတို့နှစ်ယောက်အကြား အဆက်အသွယ်ပုံမှန်ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ရော်နယ်ဒိုဟာ ဇူ

လိုင်အစောပိုင်းမှာ ယူနိုက်တက်က ထွက်ခွင့်တောင်းခဲ့ပြီးနောက် အသင်းနဲ့ လာရောက်လေ့ကျင့်

ခန်းမဆင်းခဲ့သလို ရာသီကြိုခြေစမ်းခရီးစဥ်မှာလည်း လိုက်ပါခဲ့ခြင်းမရှိပါဘူး။ ရော်နယ်ဒိုဟာ ချန်

ပီယံလိဂ်ကစားလိုတာကြောင့် သူ့အတွက် သင့်တော်တဲ့ကမ်းလှမ်းမှုရခဲ့ရင် ရောင်းထုတ်ပေးဖို့ အ

သင်းထံ ခွင့်တောင်းထားပါတယ်။ဒါပေမယ့် လတ်တလော အနေအထားအရ ရော်နယ်ဒိုကို ခေါ်

ါ်ယူလိုတဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရ ထိပ်တန်းအသင်းက မရှိဘူးလို့ဆိုရမှာပါ။ ရော်နယ်ဒိုအနေနဲ့ မ

ထင်မှတ်တဲ့အသင်းကို အံ့အားသင့်ဖွယ်ပြောင်းသွားနိုင်တယ်လို့လည်း မော်ဂန်က ပြောပါတယ်။

မော်ဂန်က “ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ကျနော် ရော်နယ်ဒိုနဲ့ တော်တော်လေး အဆက်အ

သွယ်လုပ်ဖြစ်ခဲ့ပါတယ်။ ကျနော်ထင်သလောက်ဆိုရင် ရော်နယ်ဒိုက ယူနိုက်တက်အတွက် နောက်

ထပ်တပွဲလောက်ပဲ ကစားပေးဖို့တောင် မဖြစ်နိုင်တော့ပါဘူး။ သူ ယူနိုက်တက်ကနေ ထွက်ဖို့ လုံး

ဝစိတ်ပိုင်းဖြတ်ပြီးပြီထင်ပါတယ်”“ကျနော်တို့ နှစ်ယောက်ကြား ဘာတွေပြောခဲ့လဲဆိုတာကို ကျ

နော် ပြောမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော် အစတည်းက ပြောခဲ့သလိုမျိုး ယူနိုက်တက်က ရော်

နယ်ဒိုရဲ့ ရည်မှန်းချက်တွေကို မျှဝေမခံစားနိုင်ပါဘူး။ သူတို့ရဲ့ လက်ရှိကစားသမားခေါ်ယူမှုတွေ၊ ပြီး

ခဲ့တဲ့ရာသီမှာ ပြသခဲ့တဲ့ ပုံစံတွေကြောင့် ချန်ပီယံလိဂ်နဲ့ လွဲခဲ့ရတာတွေက ရော်နယ်ဒိုကို ဒီလိုမျိုးဖြစ်

စေခဲ့တာပါ” လို့ ပြောကြားခဲ့ပါတယ်။

ယူႏိုက္တက္တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ အသင္းကေန ထြက္ခြာဖို႔ လုံးဝကို စိတ္ပိုင္းျဖတ္ထား

ၿပီး အသင္းအတြက္ ေနာက္ထပ္တပြဲေတာင္ ပါဝင္ကစားေပးလိုျခင္းမရွိေတာ့ဘူးလို႔ သိရွိရပါတယ္။

ဒီအေၾကာင္းကိုေတာ့ ေရာ္နယ္ဒိုရဲ႕ အရင္းႏွီးဆုံးမိတ္ေဆြ ပီယာ့စ္ေမာ္ဂန္က ဖြင့္ဟခဲ့တာျဖစ္ၿပီး

သူတို႔ႏွစ္ေယာက္အၾကား အဆက္အသြယ္ပုံမွန္ရွိခဲ့တယ္လို႔လည္း ဆိုပါတယ္။ေရာ္နယ္ဒိုဟာ ဇူ

လိုင္အေစာပိုင္းမွာ ယူႏိုက္တက္က ထြက္ခြင့္ေတာင္းခဲ့ၿပီးေနာက္ အသင္းနဲ႔ လာေရာက္ေလ့က်င့္

ခန္းမဆင္းခဲ့သလို ရာသီႀကိဳေျခစမ္းခရီးစဥ္မွာလည္း လိုက္ပါခဲ့ျခင္းမရွိပါဘူး။ ေရာ္နယ္ဒိုဟာ ခ်န္

ပီယံလိဂ္ကစားလိုတာေၾကာင့္ သူ႔အတြက္ သင့္ေတာ္တဲ့ကမ္းလွမ္းမႈရခဲ့ရင္ ေရာင္းထုတ္ေပးဖို႔ အ

သင္းထံ ခြင့္ေတာင္းထားပါတယ္။ဒါေပမယ့္ လတ္တေလာ အေနအထားအရ ေရာ္နယ္ဒိုကို ေခၚ

ၚယူလိုတဲ့ ခ်န္ပီယံလိဂ္ဝင္ခြင့္ရ ထိပ္တန္းအသင္းက မရွိဘူးလို႔ဆိုရမွာပါ။ ေရာ္နယ္ဒိုအေနနဲ႔ မ

ထင္မွတ္တဲ့အသင္းကို အံ့အားသင့္ဖြယ္ေျပာင္းသြားႏိုင္တယ္လို႔လည္း ေမာ္ဂန္က ေျပာပါတယ္။

ေမာ္ဂန္က “ၿပီးခဲ့တဲ့ ရက္သတၱပတ္အတြင္းမွာ က်ေနာ္ ေရာ္နယ္ဒိုနဲ႔ ေတာ္ေတာ္ေလး အဆက္အ

သြယ္လုပ္ျဖစ္ခဲ့ပါတယ္။ က်ေနာ္ထင္သေလာက္ဆိုရင္ ေရာ္နယ္ဒိုက ယူႏိုက္တက္အတြက္ ေနာက္

ထပ္တပြဲေလာက္ပဲ ကစားေပးဖို႔ေတာင္ မျဖစ္ႏိုင္ေတာ့ပါဘူး။ သူ ယူႏိုက္တက္ကေန ထြက္ဖို႔ လုံး

ဝစိတ္ပိုင္းျဖတ္ၿပီးၿပီထင္ပါတယ္”“က်ေနာ္တို႔ ႏွစ္ေယာက္ၾကား ဘာေတြေျပာခဲ့လဲဆိုတာကို က်

ေနာ္ ေျပာမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ က်ေနာ္ အစတည္းက ေျပာခဲ့သလိုမ်ိဳး ယူႏိုက္တက္က ေရာ္

နယ္ဒိုရဲ႕ ရည္မွန္းခ်က္ေတြကို မွ်ေဝမခံစားႏိုင္ပါဘူး။ သူတို႔ရဲ႕ လက္ရွိကစားသမားေခၚယူမႈေတြ၊ ၿပီး

ခဲ့တဲ့ရာသီမွာ ျပသခဲ့တဲ့ ပုံစံေတြေၾကာင့္ ခ်န္ပီယံလိဂ္နဲ႔ လြဲခဲ့ရတာေတြက ေရာ္နယ္ဒိုကို ဒီလိုမ်ိဳးျဖစ္

ေစခဲ့တာပါ” လို႔ ေျပာၾကားခဲ့ပါတယ္။