အမှတ်ပေးဇယားထိပ်မှာရပ်တည်နိုင်ဖို့ ငွေသုံးနိုင်တိုင်းမဟုတ်ဘူးဆိုတာကို ပြသနေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ယခုရာသီမှာ အားလုံးကို အထင်ကြီးစေခဲ့ပြီး ရာသီမတိုင်ခင် မျှော်မှန်းထားမှု

တွေကို ဆန့်ကျင်ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ၅ မှတ်ဖြတ် ဦးဆောင်နေတာဖြစ်ပါတယ်။ဒါပေမယ့်

လည်း အာဆင်နယ်ရဲ့ အောင်မြင်မှုကို ပိုပြီးတော့ ထူးခြားစေတာက အခြားယှဉ်ပြိုင်သူတွေနဲ့ ပြင်းထန်

တဲ့ပြိုင်ဘက်တွေအားလုံးထက် အများကြီး ပိုမိုသေးငယ်တဲ့ လစာပေးချေမှုပမာဏနဲ့ အခုလို စွမ်းဆောင်

ပြနေတာ ဖြစ်ပါတယ်။Daily Mirror ရဲ့ သတင်းသစ်အရ မြောက်လန်ဒန်ကလပ်အသင်းရဲ့ လစာပေးချေ

မှုပမာဏဟာ စုစုပေါင်းပေါင် ၉၈ သန်းသာ ရှိသေးတယ်လို့ သိရပြီး လစာပေးချေမှုပမာဏ ပေါင်

၂၁၂၀၉၀၀၀၀ နဲ့ ပေါင် ၂၁၁၈၇၅၀၀၀ အသီးသီး ကုန်ကျနေတဲ့ ချဲလ်ဆီး၊ မန်ယူနိုက်တက်တို့ ၂ သင်းစလုံး

ထက် ထက်ဝက်​ကျော် လျော့နည်းနေတာဖြစ်ပါတယ်။စိတ်ဝင်စားစရာကောင်းတာက ဂန်းနားတွေဟာ

ယခုရာသီ လစာငွေကြေးသုံးစွဲမှုမှာ အဆင့် ၆ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး ပေါင်သန်း ၁၁၀ ကျော်

ကုန်ကျနေတဲ့ တော့တင်ဟမ်ဟော့စပါးထက် တစ်ဆင့်ပိုမိုလျော့နည်းတဲ့နေရာမှာ ရပ်တည်နေတာဖြစ်ပါ

တယ်။မန်ချက်စတာစီးတီးအသင်းကတော့ ပေါင် ၁၈၂.၆ သန်းနဲ့ တတိယနေရာမှာ ရပ်တည်နေပြီး လီဗာ

ပူးလ်အသင်းကတော့ ပေါင် ၁၅၈.၈ သန်းနဲ့ စတုတ္ထနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ အာဆင်နယ်

သာ ဒီရာသီ ပရီးမီးယားလိဂ်ဖလားရရှိသွားမယ်ဆိုရင် ကြယ်ပွင့်ကစားသမားတွေက ပိုမိုကောင်းမွန်တဲ့

လစာတိုးတောင်းမှာဖြစ်တာကြောင့် လစာပေးချေမှု ပမာဏက မြင့်တက်လာနိုင်တယ်လို့ ယူဆကြမှာ

ဖြစ်ပေမယ့်လည်း ရှိနေတဲ့ အရင်းအမြစ်တွေနဲ့ နှိုင်းယှဉ်ရင် လစာပမာဏနည်းနည်းလေးနဲ့ အကောင်းဆုံး

ဖြစ်အောင် လုပ်ဆောင်နေတဲ့ အသင်း ၂ သင်းလည်း ဥပမာအဖြစ် ရှိနေပါတယ်။ဘရန့်တ်ဖို့ဒ်အသင်းရဲ့

လစာပေးချေမှုပမာဏဟာ ပေါင် ၃၀.၁ သန်းသာ ရှိတာကြောင့် ယခုရာသီ ပရီးမီးယားလိဂ်မှာ အနည်းပါး

ဆုံးဖြစ်ပြီး ဘရိုက်တန်ကလည်း ပေါင် ၃၅.၇ သန်းနဲ့ ဒုတိယလစာပေးချေမှုအနည်းဆုံးအသင်းအဖြစ် ရပ်

တည်နေပါတယ်။ထူးခြားတာက ဘရိုက်တန်ရော ဘရန့်တ်ဖို့ဒ်ပါ ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ်

ဆုံး ၈ သင်းထဲမှာ ရပ်တည်နေပြီး ငွေသုံးနိုင်တိုင်းလည်း အောင်မြင်မှု ရရှိနိုင်တာမဟုတ်ဘူးဆိုတာကို

ပြသနေတာ ဖြစ်ပါတယ်။

အာဆင္နယ္အသင္းဟာ ယခုရာသီမွာ အားလုံးကို အထင္ႀကီးေစခဲ့ၿပီး ရာသီမတိုင္ခင္ ေမွ်ာ္မွန္းထားမႈ

ေတြကို ဆန႔္က်င္ၿပီး အမွတ္ေပးဇယားထိပ္ဆုံးမွာ ၅ မွတ္ျဖတ္ ဦးေဆာင္ေနတာျဖစ္ပါတယ္။ဒါေပမယ့္

လည္း အာဆင္နယ္ရဲ႕ ေအာင္ျမင္မႈကို ပိုၿပီးေတာ့ ထူးျခားေစတာက အျခားယွဥ္ၿပိဳင္သူေတြနဲ႔ ျပင္းထန္

တဲ့ၿပိဳင္ဘက္ေတြအားလုံးထက္ အမ်ားႀကီး ပိုမိုေသးငယ္တဲ့ လစာေပးေခ်မႈပမာဏနဲ႔ အခုလို စြမ္းေဆာင္

ျပေနတာ ျဖစ္ပါတယ္။Daily Mirror ရဲ႕ သတင္းသစ္အရ ေျမာက္လန္ဒန္ကလပ္အသင္းရဲ႕ လစာေပးေခ်

မႈပမာဏဟာ စုစုေပါင္းေပါင္ ၉၈ သန္းသာ ရွိေသးတယ္လို႔ သိရၿပီး လစာေပးေခ်မႈပမာဏ ေပါင္

၂၁၂၀၉၀၀၀၀ နဲ႔ ေပါင္ ၂၁၁၈၇၅၀၀၀ အသီးသီး ကုန္က်ေနတဲ့ ခ်ဲလ္ဆီး၊ မန္ယူႏိုက္တက္တို႔ ၂ သင္းစလုံး

ထက္ ထက္ဝက္​ေက်ာ္ ေလ်ာ့နည္းေနတာျဖစ္ပါတယ္။စိတ္ဝင္စားစရာေကာင္းတာက ဂန္းနားေတြဟာ

ယခုရာသီ လစာေငြေၾကးသုံးစြဲမႈမွာ အဆင့္ ၆ ေနရာမွာ ရပ္တည္ေနတာျဖစ္ၿပီး ေပါင္သန္း ၁၁၀ ေက်ာ္

ကုန္က်ေနတဲ့ ေတာ့တင္ဟမ္ေဟာ့စပါးထက္ တစ္ဆင့္ပိုမိုေလ်ာ့နည္းတဲ့ေနရာမွာ ရပ္တည္ေနတာျဖစ္ပါ

တယ္။မန္ခ်က္စတာစီးတီးအသင္းကေတာ့ ေပါင္ ၁၈၂.၆ သန္းနဲ႔ တတိယေနရာမွာ ရပ္တည္ေနၿပီး လီဗာ

ပူးလ္အသင္းကေတာ့ ေပါင္ ၁၅၈.၈ သန္းနဲ႔ စတုတၳေနရာမွာ ရပ္တည္ေနတာ ျဖစ္ပါတယ္။ အာဆင္နယ္

သာ ဒီရာသီ ပရီးမီးယားလိဂ္ဖလားရရွိသြားမယ္ဆိုရင္ ၾကယ္ပြင့္ကစားသမားေတြက ပိုမိုေကာင္းမြန္တဲ့

လစာတိုးေတာင္းမွာျဖစ္တာေၾကာင့္ လစာေပးေခ်မႈ ပမာဏက ျမင့္တက္လာႏိုင္တယ္လို႔ ယူဆၾကမွာ

ျဖစ္ေပမယ့္လည္း ရွိေနတဲ့ အရင္းအျမစ္ေတြနဲ႔ ႏႈိင္းယွဥ္ရင္ လစာပမာဏနည္းနည္းေလးနဲ႔ အေကာင္းဆုံး

ျဖစ္ေအာင္ လုပ္ေဆာင္ေနတဲ့ အသင္း ၂ သင္းလည္း ဥပမာအျဖစ္ ရွိေနပါတယ္။ဘရန႔္တ္ဖို႔ဒ္အသင္းရဲ႕

လစာေပးေခ်မႈပမာဏဟာ ေပါင္ ၃၀.၁ သန္းသာ ရွိတာေၾကာင့္ ယခုရာသီ ပရီးမီးယားလိဂ္မွာ အနည္းပါး

ဆုံးျဖစ္ၿပီး ဘ႐ိုက္တန္ကလည္း ေပါင္ ၃၅.၇ သန္းနဲ႔ ဒုတိယလစာေပးေခ်မႈအနည္းဆုံးအသင္းအျဖစ္ ရပ္

တည္ေနပါတယ္။ထူးျခားတာက ဘ႐ိုက္တန္ေရာ ဘရန႔္တ္ဖို႔ဒ္ပါ ပရီးမီးယားလိဂ္အမွတ္ေပးဇယား ထိပ္

ဆုံး ၈ သင္းထဲမွာ ရပ္တည္ေနၿပီး ေငြသုံးႏိုင္တိုင္းလည္း ေအာင္ျမင္မႈ ရရွိႏိုင္တာမဟုတ္ဘူးဆိုတာကို

ျပသေနတာ ျဖစ္ပါတယ္