အမွှာပူးပိုင်ဆိုင်တော့မယ်ဆိုတဲ့ စီရော်နယ်လ်ဒို Post ရဲ့ like အရေအတွက်က မက်ဆီ Post ရဲ့ Likeစံချိန်ကို ချိုးဖျက်ခဲ့

မန်ချက်စတာယူနိုက်တက်အသင်းနာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုဟာ မကြာသေးခင်က သူနဲ့အတူနေချစ်သူဂျော်ဂျီနာရိုဒရီဂွက်ဇ်တို့ဟာ အမွှာပူးရင်သွေးတွေပိုင်ဆိုင်တော့မှာဖြစ်တယ်လို့ Instagram မှာ Post တင်ခဲ့ပြီး

အဲဒီ Post ကို Like လုပ်တဲ့သူအရေအတွက်က မက်ဆီတင်ရှိထားတဲ့ Instagram မှာ Like အများဆုံးရတဲ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ အမွှာပူးရင်သွေးလေးတွေပိုင်ဆိုင်တော့မယ်ဆိုတာက ပြီးခဲ့တဲ့ကြာသပတေးနေ့က Post တင်ခဲ့တာဖြစ်ပြီး သူက “ကျွန်တော်တို့မှာ ရင်သွေးအမွှာပူးပိုင်ဆိုင်ထားပြီဆိုတာကို ဝမ်းမြောက်စွာနဲ့ကြေညာလိုက်ပါတယ်။

ဒီသတင်းက ကျွန်တော်တို့နှစ်ယောက်စလုံးအတွက် ကြည်နူးစရာဖြစ်ပြီး လူ့လောကထဲရောက်လာမယ့် ရင်သွေးတွေကို အမြန်ဆုံးမြင်တွေ့လိုနေပါပြီ”လို့ Caption ရေးသားခဲ့ပါတယ်။

အဲဒီ Post ကို Like လုပ်တဲ့သူအရေအတွက်က မနေ့ကအထိ (၂၇.၉)သန်းကျော်ရှိနေပြီး ဒါက Instagram အသုံးပြုနေတဲ့ အားကစားသမားတွေထဲမှာ Like အများဆုံးအဖြစ်စံချိန်တင်ထားတဲ့ မက်ဆီရဲ့စံချိန်ကို ကျော်ဖြတ်ခဲ့တာဖြစ်သလို နောက်ထပ်လည်း Like တွေထပ်များလာဖို့ရှိနေပါပြီ။

မက်ဆီဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက PSG အသင်းဆီပြောင်းရွှေ့ခဲ့ချိန်မှာ PSG ဂျာစီကိုင်ဆောင်ထားတဲ့ပုံကို Instagram မှာ Post တင်ခဲ့ပြီး Like အရေအတွက် (၂၂.၁)သန်းအထိရရှိခဲ့တဲ့အတွက် စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ အခုအချိန်မှာတော့ စီရော်နယ်လ်ဒိုက မက်ဆီရဲ့စံချိန်ကို (၆)သန်းနီးပါးအရေအတွက်နဲ့ကျော်ဖြတ်နိုင်ခဲ့တာပါ။

စီရော်နယ်လ်ဒိုနဲ့မက်ဆီတို့ဟာ ဘောလုံးသမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားနှစ်ဦးအဖြစ် သတ်မှတ်ခံထားရတာဖြစ်သလို Instagram အသုံးပြုနေတဲ့ အားကစားသမားတွေထဲမှာ Followers အများဆုံးကစားသမားတွေအဖြစ် ရပ်တည်နေပါတယ်။

စီရော်နယ်လ်ဒိုဟာ နာမည်ကျော်လူပုဂ္ဂိုလ်တွေထဲမှာ Followers အများဆုံးအဖြစ် သန်း(၃၄၀)နဲ့ရပ်တည်နေပြီး သူ့ထက် Followers ပိုများတာဆိုလို့ Instagram ရဲ့တရားဝင် Account သာရှိပါတော့တယ်။

မက်ဆီကတော့ Followers အရေအတွက် (၂၇၇)သန်းအထိရှိပြီး နာမည်ကျော်လူပုဂ္ဂိုလ်တွေထဲမှာတော့ စတုတ္ထမြောက် Followers အများဆုံးအဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။

zawgyi

အမႊာပူးပိုင္ဆိုင္ေတာ့မယ္ဆိုတဲ့ စီေရာ္နယ္လ္ဒို Post ရဲ႕ like အေရအတြက္က မက္ဆီရဲ႕စံခ်ိန္ကို ခ်ိဳးဖ်က္ခဲ့

မန္ခ်က္စတာယူႏိုက္တက္အသင္းနာမည္ေက်ာ္ကစားသမားစီေရာ္နယ္လ္ဒိုဟာ မၾကာေသးခင္က သူနဲ႔အတူေနခ်စ္သူေဂ်ာ္ဂ်ီနာ႐ိုဒရီဂြက္ဇ္တို႔ဟာ အမႊာပူးရင္ေသြးေတြပိုင္ဆိုင္ေတာ့မွာျဖစ္တယ္လို႔ Instagram မွာ Post တင္ခဲ့ၿပီး အဲဒီ Post ကို Like လုပ္တဲ့သူအေရအတြက္က မက္ဆီတင္ရွိထားတဲ့ Instagram မွာ Like အမ်ားဆုံးရတဲ့စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့ပါတယ္။ စီေရာ္နယ္လ္ဒိုဟာ အမႊာပူးရင္ေသြးေလးေတြပိုင္ဆိုင္ေတာ့မယ္ဆိုတာက ၿပီးခဲ့တဲ့ၾကာသပေတးေန႔က Post တင္ခဲ့တာျဖစ္ၿပီး သူက “ကြၽန္ေတာ္တို႔မွာ ရင္ေသြးအမႊာပူးပိုင္ဆိုင္ထားၿပီဆိုတာကို ဝမ္းေျမာက္စြာနဲ႔ေၾကညာလိုက္ပါတယ္။ ဒီသတင္းက ကြၽန္ေတာ္တို႔ႏွစ္ေယာက္စလုံးအတြက္ ၾကည္ႏူးစရာျဖစ္ၿပီး လူ႔ေလာကထဲေရာက္လာမယ့္ ရင္ေသြးေတြကို အျမန္ဆုံးျမင္ေတြ႕လိုေနပါၿပီ”လို႔ Caption ေရးသားခဲ့ပါတယ္။ အဲဒီ Post ကို Like လုပ္တဲ့သူအေရအတြက္က မေန႔ကအထိ (၂၇.၉)သန္းေက်ာ္ရွိေနၿပီး ဒါက Instagram အသုံးျပဳေနတဲ့ အားကစားသမားေတြထဲမွာ Like အမ်ားဆုံးအျဖစ္စံခ်ိန္တင္ထားတဲ့ မက္ဆီရဲ႕စံခ်ိန္ကို ေက်ာ္ျဖတ္ခဲ့တာျဖစ္သလို ေနာက္ထပ္လည္း Like ေတြထပ္မ်ားလာဖို႔ရွိေနပါၿပီ။

မက္ဆီဟာ ၿပီးခဲ့တဲ့ေႏြရာသီတုန္းက PSG အသင္းဆီေျပာင္းေ႐ႊ႕ခဲ့ခ်ိန္မွာ PSG ဂ်ာစီကိုင္ေဆာင္ထားတဲ့ပုံကို Instagram မွာ Post တင္ခဲ့ၿပီး Like အေရအတြက္ (၂၂.၁)သန္းအထိရရွိခဲ့တဲ့အတြက္ စံခ်ိန္တင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ အခုအခ်ိန္မွာေတာ့ စီေရာ္နယ္လ္ဒိုက မက္ဆီရဲ႕စံခ်ိန္ကို (၆)သန္းနီးပါးအေရအတြက္နဲ႔ေက်ာ္ျဖတ္ႏိုင္ခဲ့တာပါ။ စီေရာ္နယ္လ္ဒိုနဲ႔မက္ဆီတို႔ဟာ ေဘာလုံးသမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးကစားသမားႏွစ္ဦးအျဖစ္ သတ္မွတ္ခံထားရတာျဖစ္သလို Instagram အသုံးျပဳေနတဲ့ အားကစားသမားေတြထဲမွာ Followers အမ်ားဆုံးကစားသမားေတြအျဖစ္ ရပ္တည္ေနပါတယ္။ စီေရာ္နယ္လ္ဒိုဟာ နာမည္ေက်ာ္လူပုဂၢိဳလ္ေတြထဲမွာ Followers အမ်ားဆုံးအျဖစ္ သန္း(၃၄၀)နဲ႔ရပ္တည္ေနၿပီး သူ႔ထက္ Followers ပိုမ်ားတာဆိုလို႔ Instagram ရဲ႕တရားဝင္ Account သာရွိပါေတာ့တယ္။ မက္ဆီကေတာ့ Followers အေရအတြက္ (၂၇၇)သန္းအထိရွိၿပီး နာမည္ေက်ာ္လူပုဂၢိဳလ္ေတြထဲမွာေတာ့ စတုတၳေျမာက္ Followers အမ်ားဆုံးအျဖစ္ရပ္တည္ေနတာျဖစ္ပါတယ္။