အမ်ဘာပေကို ဒုတိယအသင်းခေါင်းဆောင်လက်ပတ်လွဲပေးလိုက်ရတဲ့အပေါ်ဖြေရှင်းလာတဲ့ ပရက်စ်နယ်ကင်ပန်ဘီ

ပရက်စ်နယ် ကင်ပန်ဘီဟာ ၎င်းရဲ့နေရာမှာ ခီလီယန် အမ်ဘာပေကို ဒုတိယအသင်းခေါင်းဆောင်အဖြစ်

ခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် လူသိရှင်ကြားထုတ်ဖော်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ပီအက်စ်ဂျီ

နောက်ခံလူဟာ ဒဏ်ရာကြောင့် အနားယူနေခဲ့ရသူဖြစ်ပြီး အရင်တုန်းက ဘရာဇီးလ်ကွင်းလယ်ကြယ်ပွင့်

မာကင်ညို့စ်ပြီးရင် ဒုတိယအသင်းခေါင်းဆောင်အဖြစ် ကစားပေးခဲ့သူ ဖြစ်ပါတယ်။ မာကို ဗာရက်တီက

မာကင်ညို့စ်နဲ့ ကင်ပန်ဘီပြီးရင် တတိယအသင်းခေါင်းဆောင်ဖြစ်ပေမယ့်လည်း ပီအက်စ်ဂျီနည်းပြ ခရစ္စ

တိုဖီ ဂဲလ်တီယာက အံ့အားသင့်ဖွယ် အပြောင်းအလဲကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။အမ်ဘာပေဟာ

တနင်္လာနေ့က ပေးစ်ဒီကက်ဆဲလ်ကို ၇-၀ နဲ့ အပြတ်အသတ် ချေမှုန်းခဲ့တဲ့ ပြင်သစ်ဖလား ၃၂ သင်းအဆင့်

ပွဲစဉ်မှာ အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်ကစားခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းခေါင်း

ဆောင် မာကင်ညို့စ်က အရန်ခုံကနေ အမ်ဘာပေ တစ်ဦးတည်း ၅ ဂိုးထိ သွင်းယူခဲ့တာကို ထိုင်ကြည့်ခဲ့

ရပြီး ပွဲအပြီးမှာ နည်းပြ ဂဲလ်တီယာက ပြင်သစ်တိုက်စစ်မှူးဟာ ရာသီအစကတည်းက ဒုတိယအသင်း

ခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။”ရာသီအစကတည်းက သူက

ဒုတိယအသင်းခေါင်းဆောင်အဖြစ် ကျွန်တော် ဆုံးဖြတ်ခဲ့တယ်။ သူက မာကင်ညို့စ် မရှိတဲ့အချိန်မှာ ဒီ

လက်ပတ်နဲ့ ထိုက်တန်ပါတယ်။ ဘာလို့လဲဆိုတော့ သူ ဆက်နေဖို့ ဆုံးဖြတ်ခဲ့လို့ပါ။ သူက ပြက္ခဒိန်နှစ်တစ်

နှစ်အတွင်း ၅၆ ဂိုးသွင်းခဲ့တယ်။ သူက ကမ္ဘာ့အဆင့်တိုက်စစ်မှူးတွေထဲက တစ်ဦး၊ ကမ္ဘာပေါ်ကအ

ကောင်းဆုံးကစားသမားတွေထဲကတစ်ဦးပါ။ သူက အဲဒါကို နှစ်သက်တယ်။ သူက ဂိုးတွေသွင်းယူဖို့ ပုံစံ

ထုတ်ထားတဲ့သူပါ။ သူက အလွဲသုံးစားမလုပ်ဘဲ ဂိုးတွေက ပေါင်းစပ်ကစားပြီးနောက်မှာ သဘာဝအတိုင်း

ရောက်လာခဲ့တာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ကင်ပန်ဘီဟာ ဂဲလ်တီယာက ခီလီယန် အမ်ဘာပေ

ကို ဒုတိယအသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့တဲ့အပေါ်မှာ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီး အင်စတာ

ဂရမ်မှာ စာရေးသားခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် ပြင်သစ်နောက်ခံလူဟာ နည်းပြရဲ့ဆုံးဖြတ်ချက်

ကို လေးစားရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ထွက်ပေါ်နေတဲ့ကောလာဟလသတင်းတွေကို ငြင်းပယ်ခဲ့

ပါတယ်။ “ပြီးခဲ့တဲ့နာရီအနည်းငယ်အတွင်းမှာ ကျွန်တော့်အကြောင်းနဲ့ပတ်သက်တဲ့သတင်းတွေကို အများ

ကြီး ကြားခဲ့၊ ဖတ်ခဲ့ရပါတယ်။ အမ်ဘာပေကို ဒုတိယအသင်းခေါင်းဆောင်အဖြစ် ခန့်အပ်တာနဲ့ပတ်သက်

ပြီး သတင်းမှားတွေ ဆက်ပြန့်နေတာကို ရှောင်လွှဲနိုင်ဖို့အတွက် ကျွန်တော် အရာအားလုံးကို ရှင်းရှင်း

လင်းလင်း ဖြစ်သွားအောင် လုပ်ချင်ပါတယ်။ ကျွန်တော် ဒီဆုံးဖြတ်ချက်ချခဲ့တာကို မသိခဲ့ဘူးဆိုတာက

လုံးဝကို မှားပါတယ်။ ဒီလို ပြောပေမယ့်လည်း ကျွန်တော် အမြဲတမ်းအသင်းရဲ့ ဆုံးဖြတ်ချက်ကို လေးစား

သွားမှာပါ”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

ပရက္စ္နယ္ ကင္ပန္ဘီဟာ ၎ရဲ႕ေနရာမွာ ခီလီယန္ အမ္ဘာေပကို ဒုတိယအသင္းေခါင္းေဆာင္အျဖစ္

ခန႔္အပ္ဖို႔ ဆုံးျဖတ္ခဲ့ၿပီးေနာက္ လူသိရွင္ၾကားထုတ္ေဖာ္ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ပီအက္စ္ဂ်ီ

ေနာက္ခံလူဟာ ဒဏ္ရာေၾကာင့္ အနားယူေနခဲ့ရသူျဖစ္ၿပီး အရင္တုန္းက ဘရာဇီးလ္ကြင္းလယ္ၾကယ္ပြင့္

မာကင္ညိဳ႕စ္ၿပီးရင္ ဒုတိယအသင္းေခါင္းေဆာင္အျဖစ္ ကစားေပးခဲ့သူ ျဖစ္ပါတယ္။ မာကို ဗာရက္တီက

မာကင္ညိဳ႕စ္နဲ႔ ကင္ပန္ဘီၿပီးရင္ တတိယအသင္းေခါင္းေဆာင္ျဖစ္ေပမယ့္လည္း ပီအက္စ္ဂ်ီနည္းျပ ခရစၥ

တိုဖီ ဂဲလ္တီယာက အံ့အားသင့္ဖြယ္ အေျပာင္းအလဲကို ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။အမ္ဘာေပဟာ

တနလၤာေန႔က ေပးစ္ဒီကက္ဆဲလ္ကို ၇-၀ နဲ႔ အျပတ္အသတ္ ေခ်မႈန္းခဲ့တဲ့ ျပင္သစ္ဖလား ၃၂ သင္းအဆင့္

ပြဲစဥ္မွာ အသင္းေခါင္းေဆာင္လက္ပတ္ကို ဝတ္ဆင္ကစားခဲ့တာ ျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္းေခါင္း

ေဆာင္ မာကင္ညိဳ႕စ္က အရန္ခုံကေန အမ္ဘာေပ တစ္ဦးတည္း ၅ ဂိုးထိ သြင္းယူခဲ့တာကို ထိုင္ၾကည့္ခဲ့

ရၿပီး ပြဲအၿပီးမွာ နည္းျပ ဂဲလ္တီယာက ျပင္သစ္တိုက္စစ္မႉးဟာ ရာသီအစကတည္းက ဒုတိယအသင္း

ေခါင္းေဆာင္အျဖစ္ ခန႔္အပ္ျခင္းခံခဲ့ရတာျဖစ္တယ္လို႔ အတည္ျပဳခဲ့ပါတယ္။”ရာသီအစကတည္းက သူက

ဒုတိယအသင္းေခါင္းေဆာင္အျဖစ္ ကြၽန္ေတာ္ ဆုံးျဖတ္ခဲ့တယ္။ သူက မာကင္ညိဳ႕စ္ မရွိတဲ့အခ်ိန္မွာ ဒီ

လက္ပတ္နဲ႔ ထိုက္တန္ပါတယ္။ ဘာလို႔လဲဆိုေတာ့ သူ ဆက္ေနဖို႔ ဆုံးျဖတ္ခဲ့လို႔ပါ။ သူက ျပကၡဒိန္ႏွစ္တစ္

ႏွစ္အတြင္း ၅၆ ဂိုးသြင္းခဲ့တယ္။ သူက ကမာၻ႔အဆင့္တိုက္စစ္မႉးေတြထဲက တစ္ဦး၊ ကမာၻေပၚကအ

ေကာင္းဆုံးကစားသမားေတြထဲကတစ္ဦးပါ။ သူက အဲဒါကို ႏွစ္သက္တယ္။ သူက ဂိုးေတြသြင္းယူဖို႔ ပုံစံ

ထုတ္ထားတဲ့သူပါ။ သူက အလြဲသုံးစားမလုပ္ဘဲ ဂိုးေတြက ေပါင္းစပ္ကစားၿပီးေနာက္မွာ သဘာဝအတိုင္း

ေရာက္လာခဲ့တာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ကင္ပန္ဘီဟာ ဂဲလ္တီယာက ခီလီယန္ အမ္ဘာေပ

ကို ဒုတိယအသင္းေခါင္းေဆာင္အျဖစ္ ခန႔္အပ္ခဲ့တဲ့အေပၚမွာ တိတ္ဆိတ္မႈကို ၿဖိဳခြင္းလိုက္ၿပီး အင္စတာ

ဂရမ္မွာ စာေရးသားခဲ့ပါတယ္။ အသက္ ၂၇ ႏွစ္အ႐ြယ္ ျပင္သစ္ေနာက္ခံလူဟာ နည္းျပရဲ႕ဆုံးျဖတ္ခ်က္

ကို ေလးစားရမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး ထြက္ေပၚေနတဲ့ေကာလာဟလသတင္းေတြကို ျငင္းပယ္ခဲ့

ပါတယ္။ “ၿပီးခဲ့တဲ့နာရီအနည္းငယ္အတြင္းမွာ ကြၽန္ေတာ့္အေၾကာင္းနဲ႔ပတ္သက္တဲ့သတင္းေတြကို အမ်ား

ႀကီး ၾကားခဲ့၊ ဖတ္ခဲ့ရပါတယ္။ အမ္ဘာေပကို ဒုတိယအသင္းေခါင္းေဆာင္အျဖစ္ ခန႔္အပ္တာနဲ႔ပတ္သက္

ၿပီး သတင္းမွားေတြ ဆက္ျပန႔္ေနတာကို ေရွာင္လႊဲႏိုင္ဖို႔အတြက္ ကြၽန္ေတာ္ အရာအားလုံးကို ရွင္းရွင္း

လင္းလင္း ျဖစ္သြားေအာင္ လုပ္ခ်င္ပါတယ္။ ကြၽန္ေတာ္ ဒီဆုံးျဖတ္ခ်က္ခ်ခဲ့တာကို မသိခဲ့ဘူးဆိုတာက

လုံးဝကို မွားပါတယ္။ ဒီလို ေျပာေပမယ့္လည္း ကြၽန္ေတာ္ အၿမဲတမ္းအသင္းရဲ႕ ဆုံးျဖတ္ခ်က္ကို ေလးစား

သြားမွာပါ”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။