အမေရိကန်ရင်းနှီးမြှပ်နှံရေးအုပ်စု KAM Sport၏ ပစ်မှတ်ဖြစ်နေဆဲ အဲဗာတန်

အမေရိကန်အခြေစိုက် KAM Sport အုပ်စုဟာပရီးမီးယားလိဂ်ကလပ်အဲဗာတန်ကိုဝယ်ယူရန်စိတ်ဝင်စား

နေတုန်းဖြစ်ကြောင်းသိရပါတယ်။အဆိုပါအမေရိကန်ရင်းနှီးမြှပ်နှံရေးအုပ်စုဟာယခုနှစ်အစောပိုင်းတုန်းက

အဲဗာတန်ကိုဝယ်ယူရေးဆွေးနွေးမှုပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းတွင်အဲဗာတန်ပိုင်ရှင်ဖာဟက်မိုရှီရီ

ကအဲဗာတန်ကိုရောင်းချတော့မှာမဟုတ်ကြောင်းပြောကြားကာဆွေးနွေးမှုကိုအဆုံးသတ်မှုပြုလုပ်ခဲ့ပါ

တယ်။KAM Sport ကိုကာမမ်စကီးမိသားစုကပိုင်ဆိုင်တာဖြစ်ပြီး၎င်းတို့ရဲ့အဓိကစီးပွားရေးလုပ်ငန်းမှာအိမ်

ခြံမြေလုပ်ငန်းဖြစ်ပါတယ်။အဲဗာတန်ကိုဝယ်ယူမယ့် KAM Sport အဖွဲ့တွင်ယူနိုက်တက်နှင့်ချဲလ်ဆီးစီအီးအို

ဟောင်းပီတာကီယွန်လည်းပါဝင်ပါတယ်။တဖက်တွင်မိုရှီရီဟာ၂၀၁၆ခုနှစ်တွင်အဲဗာတန်ကိုဝယ်ယူပြီး

နောက်ပေါင်သန်းပေါင်းများစွာရင်းနှီးမြှပ်နှံမှုပြုလုပ်လာတဲ့အပြင်၂၀၂၄ခုနှစ်တွင်ပရိသတ်၅၃၀၀၀ဆန့်

ကွင်းသစ်ကြီးသို့ပြောင်းရွှေ့ရန်လည်းစီစဉ်ထားပါတယ်။အဲဗာတန်ဟာပြီးခဲ့တဲ့ဘောလုံးရာသီသုံးခုတွင်

ပေါင်၃၇၂သန်းအထိအရှုံးပေါ်ခဲ့ပေမဲ့ပြီးခဲ့တဲ့ရာသီတုန်းကရာသီသိမ်းပွဲတွင်မှတန်းမဆင်းရရေးသေချာခဲ့

ပါတယ်။

အေမရိကန္အေျခစိုက္ KAM Sport အုပ္စုဟာပရီးမီးယားလိဂ္ကလပ္အဲဗာတန္ကိုဝယ္ယူရန္စိတ္ဝင္စား

ေနတုန္းျဖစ္ေၾကာင္းသိရပါတယ္။အဆိုပါအေမရိကန္ရင္းႏွီးျမႇပ္ႏွံေရးအုပ္စုဟာယခုႏွစ္အေစာပိုင္းတုန္းက

အဲဗာတန္ကိုဝယ္ယူေရးေဆြးေႏြးမႈျပဳလုပ္ခဲ့ပါတယ္။ဒါေပမဲ့ေနာက္ပိုင္းတြင္အဲဗာတန္ပိုင္ရွင္ဖာဟက္မိုရွီရီ

ကအဲဗာတန္ကိုေရာင္းခ်ေတာ့မွာမဟုတ္ေၾကာင္းေျပာၾကားကာေဆြးေႏြးမႈကိုအဆုံးသတ္မႈျပဳလုပ္ခဲ့ပါ

တယ္။KAM Sport ကိုကာမမ္စကီးမိသားစုကပိုင္ဆိုင္တာျဖစ္ၿပီး၎တို႔ရဲ႕အဓိကစီးပြားေရးလုပ္ငန္းမွာအိမ္

ၿခံေျမလုပ္ငန္းျဖစ္ပါတယ္။အဲဗာတန္ကိုဝယ္ယူမယ့္ KAM Sport အဖြဲ႕တြင္ယူႏိုက္တက္ႏွင့္ခ်ဲလ္ဆီးစီအီးအို

ေဟာင္းပီတာကီယြန္လည္းပါဝင္ပါတယ္။တဖက္တြင္မိုရွီရီဟာ၂၀၁၆ခုႏွစ္တြင္အဲဗာတန္ကိုဝယ္ယူၿပီး

ေနာက္ေပါင္သန္းေပါင္းမ်ားစြာရင္းႏွီးျမႇပ္ႏွံမႈျပဳလုပ္လာတဲ့အျပင္၂၀၂၄ခုႏွစ္တြင္ပရိသတ္၅၃၀၀၀ဆန႔္

ကြင္းသစ္ႀကီးသို႔ေျပာင္းေ႐ႊ႕ရန္လည္းစီစဥ္ထားပါတယ္။အဲဗာတန္ဟာၿပီးခဲ့တဲ့ေဘာလုံးရာသီသုံးခုတြင္

ေပါင္၃၇၂သန္းအထိအရႈံးေပၚခဲ့ေပမဲ့ၿပီးခဲ့တဲ့ရာသီတုန္းကရာသီသိမ္းပြဲတြင္မွတန္းမဆင္းရေရးေသခ်ာခဲ့

ပါတယ္။