အမေရိကန်နဲ့ပွဲမှာ Rating အမြင့်ဆုံးယူပြပြီး ယူနိုက်တက်ပရိသတ်တွေကို သူ့အကြာင်းပြခဲ့တဲ့ မက်ဂွိုင်းယား

ဒီရာသီကလပ်အသင်းမန်ယူမှာသာ အရန်ကစားသမားဖြစ်နေပေမယ့်အင်္ဂလန်အသင်းမှာတော့ မက်

ဂွိုင်းယားဟာ အဓိကကျသူတစ်ယောက်ဖြစ်နေဆဲပါပဲ။ ဂိုးပြတ်နိုင်ပွဲနဲ့ ကမ္ဘာ့ဖလားကို စတင်နိုင်ခဲ့တဲ့

အင်္ဂလန်ဟာအမေရိကန်နဲ့အုပ်စုဒုတိယပွဲမှာတော့ စိတ်ပျက်ဖွယ်ခြေစွမ်းနဲ့အတူဂိုးမရှိသရေကျခဲ့ပါတယ်။

သူ့အသင်းဖော်တွေ ရုန်းကန်ခဲ့ရတဲ့ပွဲမှာမက်ဂွိုင်းယားကတော့ ခံစစ်ပိုင်းမှာ တာဝန်ကျေပြီး ခြေစွမ်းပြ

ကစားနိုင်ခဲ့တာပါ။ဒါကြောင်မို့လည်း နာမည်ကြီအင်္ဂလန်သတင်းစာတစ်စောင်ဖြစ်တဲ့Daily Mail က ပွဲ

အပြီးမှာ အင်္ဂလန်အသင်းသားတွေရဲ့ စွမ်းဆောင်ရည်ကိုအကဲဖြတ်(rating) သတ်မှတ်တဲ့အခါ မက်ဂွိုင်း

ယားက အမြင့်ဆုံးဖြစ်နေခဲ့ပါတယ်။ သူက အဲဒီပွဲမှာ rating သတ်မှတ်ချက် ၁၀ မှာ ၆ ရခဲ့ပြီးဘယ်အင်္ဂ

လန်ကစားသမားကမှ ၅ ထက်ပိုမရခဲ့ပါဘူး။မက်ဂွိုင်းယားအတွက် မှတ်မှတ်ရရဖြစ်သွားခဲ့တာက အမေ

ရိကန်နဲ့ပွဲဟာအင်္ဂလန်အတွက် သူ့ရဲ့ပွဲ ၅၀ ပြည့်လည်း ဖြစ်သွားခဲ့တာပါ။အဲဒီအတွက်လည်း ဂုဏ်ယူရ

ကြောင်း မက်ဂွိုင်းယားကပွဲအပြီးမှာ BBC ကိုပြောခဲ့ပါတယ်။ ”ကျွန်တော် အရမ်းကိုဂုဏ်ယူမိပါတယ်။

အဲဒါဟာ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် ဂုဏ်ယူစရာအခိုက်အတန့်တစ်ခုလည်း ဖြစ်ခဲ့တာပါ။

အဲဒါကြောင့် ကြိုးစားမှုနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကရလာတဲ့အသီးအပွင့်ပါ”လို့ မက်ဂွိုင်းယားက

ပြောခဲ့တာပါ။၂၉ နှစ်အရွယ် မက်ဂွိုင်းယားဟာ လွန်ခဲ့တဲ့ ၅ နှစ်က အင်္ဂလန်အသင်းမှာပွဲဦးထွက်ခွင့်ရခဲ့

တာ ဖြစ်ပါတယ်။ အဲဒီကတည်းက သူဟာ နိုင်ငံအသင်းမှာပုံမှန်ပါဝင်ခွင့်ရခဲ့ပြီး ဆောက်ဂိတ်ရဲ့အသင်း

မှာ အရေးပါသူတစ်ယောက်ဖြစ်လာခဲ့တာပါ။

ဒီရာသီကလပ္အသင္းမန္ယူမွာသာ အရန္ကစားသမားျဖစ္ေနေပမယ့္အဂၤလန္အသင္းမွာေတာ့ မက္

ဂြိဳင္းယားဟာ အဓိကက်သူတစ္ေယာက္ျဖစ္ေနဆဲပါပဲ။ ဂိုးျပတ္ႏိုင္ပြဲနဲ႔ ကမာၻ႔ဖလားကို စတင္ႏိုင္ခဲ့တဲ့

အဂၤလန္ဟာအေမရိကန္နဲ႔အုပ္စုဒုတိယပြဲမွာေတာ့ စိတ္ပ်က္ဖြယ္ေျခစြမ္းနဲ႔အတူဂိုးမရွိသေရက်ခဲ့ပါတယ္။

သူ႔အသင္းေဖာ္ေတြ ႐ုန္းကန္ခဲ့ရတဲ့ပြဲမွာမက္ဂြိဳင္းယားကေတာ့ ခံစစ္ပိုင္းမွာ တာဝန္ေက်ၿပီး ေျခစြမ္းျပ

ကစားႏိုင္ခဲ့တာပါ။ဒါေၾကာင္မို႔လည္း နာမည္ႀကီအဂၤလန္သတင္းစာတစ္ေစာင္ျဖစ္တဲ့Daily Mail က ပြဲ

အၿပီးမွာ အဂၤလန္အသင္းသားေတြရဲ႕ စြမ္းေဆာင္ရည္ကိုအကဲျဖတ္(rating) သတ္မွတ္တဲ့အခါ မက္ဂြိဳင္း

ယားက အျမင့္ဆုံးျဖစ္ေနခဲ့ပါတယ္။ သူက အဲဒီပြဲမွာ rating သတ္မွတ္ခ်က္ ၁၀ မွာ ၆ ရခဲ့ၿပီးဘယ္အဂၤ

လန္ကစားသမားကမွ ၅ ထက္ပိုမရခဲ့ပါဘူး။မက္ဂြိဳင္းယားအတြက္ မွတ္မွတ္ရရျဖစ္သြားခဲ့တာက အေမ

ရိကန္နဲ႔ပြဲဟာအဂၤလန္အတြက္ သူ႔ရဲ႕ပြဲ ၅၀ ျပည့္လည္း ျဖစ္သြားခဲ့တာပါ။အဲဒီအတြက္လည္း ဂုဏ္ယူရ

ေၾကာင္း မက္ဂြိဳင္းယားကပြဲအၿပီးမွာ BBC ကိုေျပာခဲ့ပါတယ္။ ”ကြၽန္ေတာ္ အရမ္းကိုဂုဏ္ယူမိပါတယ္။

အဲဒါဟာ ကြၽန္ေတာ္နဲ႔ ကြၽန္ေတာ့္မိသားစုအတြက္ ဂုဏ္ယူစရာအခိုက္အတန႔္တစ္ခုလည္း ျဖစ္ခဲ့တာပါ။

အဲဒါေၾကာင့္ ႀကိဳးစားမႈနဲ႔ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈကရလာတဲ့အသီးအပြင့္ပါ”လို႔ မက္ဂြိဳင္းယားက

ေျပာခဲ့တာပါ။၂၉ ႏွစ္အ႐ြယ္ မက္ဂြိဳင္းယားဟာ လြန္ခဲ့တဲ့ ၅ ႏွစ္က အဂၤလန္အသင္းမွာပြဲဦးထြက္ခြင့္ရခဲ့

တာ ျဖစ္ပါတယ္။ အဲဒီကတည္းက သူဟာ ႏိုင္ငံအသင္းမွာပုံမွန္ပါဝင္ခြင့္ရခဲ့ၿပီး ေဆာက္ဂိတ္ရဲ႕အသင္း

မွာ အေရးပါသူတစ္ေယာက္ျဖစ္လာခဲ့တာပါ။