
မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အဲရစ် တန်ဟန့်ဟာ မန်ယူအသင်းဆီကို အောင်မြင်မှု
တွေ ပြန်ပြီး ယူဆောင်လာပေးမယ်လို့ ကြွေးကြော်ထားတာနဲ့အညီ သူ့ရဲ့ လုပ်ငန်းတာဝန်တွေထဲ
မှာ ထဲထဲဝင်ဝင်ပါဝင်နေပြီး ကစားသမားတွေကို သူ့ရဲ့ နည်းစနစ်ထဲမှာ ဝင်ဆံ့ဖို့အတွက်အပြင်း
အထန် လေ့ကျင့်ပေးလျက်ရှိပါတယ်။ လက်ရှိမှာတော့ တန်ဟန့်ဟာမန်ယူအသင်းအတွက် တိုင်
ရယ် မာလစီယာ၊ ခရစ္စတန်ဆန် အဲရစ်ဆန်နဲ့ လီဆန်ဒရို မာတီးနက်ဇ် အစရှိတဲ့ ကစားသမားသစ်
သုံးဦးခေါ်ယူပေးထားခဲ့ပါတယ်။ ထိုအထဲကမှ ဘယ်ခြမ်းခံစစ်နေရာအတွက် လုခ်ရှောနဲ့ ယှဉ်ပြိုင်
ဖို့အတွက် ဖီယင်နုအသင်းကနေ ခေါ်ယူထားခဲ့တဲ့ မာလစီယာက နည်းပြ တန်ဟန့်နဲ့ သူ့ရဲ့ နည်း
ပြအဖွဲ့ဝင်တွေက ဆောင်ရွက်နေတဲ့နေ့စဉ်ထရိမ်နင်လေ့ကျင့်ခန်းတွေအောက်မှာ ယူနိုက်တက်
ကစားသမားတွေ ပျော်ရွှင်နေကြကြောင်း ပြောဆိုလာပါတယ်။ “ သူနဲ့ ပထမဆုံးအကြိမ် ဖုန်းပြော
ာရတဲ့ အခိုက်အတန့်ကစပြီး ကောင်းတယ်ဆိုတဲ့ ခံစားချက်ကို ကျွန်တော် ရခဲ့ပါတယ်၊ အခုချိန်
မှာတော့ ကျွန်တော် ဒီမှာ ရှိနေပြီ၊ အဲ့ဒါက ပိုပြီးတော့ ခံစားရကောင်းလာပြီ။ နည်းပြက ထရိမ်
နင်တွေမှာ ”“ ထဲထဲဝင်ဝင်ဆောင်ရွက်ပေးပါတယ်၊ ကစားသမားတိုင်းက အဲ့ဒါကို အတော်လေး
ကြိုက်ကြပါတယ်၊ အဲ့ဒါကို ကျွန်တော်တို့ နှစ်သက်ကြပါတယ်။ သူ့ဆီကနေ ကျွန်တော်တို့ အများ
ကြီးသင်ယူနိုင်ပါတယ်၊ အဲ့ဒါက ကျွန်တော်တို့အားလုံးအတွက် ကောင်းပါတယ်။ ကျွန်တော့်ရဲ့ အ
သင်းဟောင်းမှာ ကစားခဲ့သလိုမျိုး ကစားနိုင်ဖို့ ကြိုးစားနေပါတယ် ”“ ဆက်လက်ပြီးတော့လည်း
ကျွန်တော် တိုးတက်ချင်ပါတယ်။ ကျွန်တော့်ရဲ့ ကစားနိုင်စွမ်းတွေကို ဒီနေရာဆီ ယူဆောင်လာ
နိုင်တဲ့အတွက် အရမ်းပျော်ရွှင်မိပါတယ်။ ရာသီကြိုကာလမှာ ပါဝင်ခဲ့ရတာ ကျွန်တော့်အတွက် အ
ရမ်းကောင်းပါတယ်၊ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်က အရမ်းကောင်းခဲ့ပါတယ်၊ ဒါပေမယ့် တိုးတက်
ဖို့အတွက် အမြဲလိုနေပြီး၊ ကျွန်တော့်ကို အကူအညီအရမ်းပေးကြတဲ့ နည်းပြတော်တော်များများနဲ့
လည်း ဆွေးနွေးနေပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။
မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပ အဲရစ္ တန္ဟန႔္ဟာ မန္ယူအသင္းဆီကို ေအာင္ျမင္မႈ
ေတြ ျပန္ၿပီး ယူေဆာင္လာေပးမယ္လို႔ ေႂကြးေၾကာ္ထားတာနဲ႔အညီ သူ႔ရဲ႕ လုပ္ငန္းတာဝန္ေတြထဲ
မွာ ထဲထဲဝင္ဝင္ပါဝင္ေနၿပီး ကစားသမားေတြကို သူ႔ရဲ႕ နည္းစနစ္ထဲမွာ ဝင္ဆံ့ဖို႔အတြက္အျပင္း
အထန္ ေလ့က်င့္ေပးလ်က္ရွိပါတယ္။ လက္ရွိမွာေတာ့ တန္ဟန႔္ဟာမန္ယူအသင္းအတြက္ တိုင္
ရယ္ မာလစီယာ၊ ခရစၥတန္ဆန္ အဲရစ္ဆန္နဲ႔ လီဆန္ဒ႐ို မာတီးနက္ဇ္ အစရွိတဲ့ ကစားသမားသစ္
သုံးဦးေခၚယူေပးထားခဲ့ပါတယ္။ ထိုအထဲကမွ ဘယ္ျခမ္းခံစစ္ေနရာအတြက္ လုခ္ေရွာနဲ႔ ယွဥ္ၿပိဳင္
ဖို႔အတြက္ ဖီယင္ႏုအသင္းကေန ေခၚယူထားခဲ့တဲ့ မာလစီယာက နည္းျပ တန္ဟန႔္နဲ႔ သူ႔ရဲ႕ နည္း
ျပအဖြဲ႕ဝင္ေတြက ေဆာင္႐ြက္ေနတဲ့ေန႔စဥ္ထရိမ္နင္ေလ့က်င့္ခန္းေတြေအာက္မွာ ယူႏိုက္တက္
ကစားသမားေတြ ေပ်ာ္႐ႊင္ေနၾကေၾကာင္း ေျပာဆိုလာပါတယ္။ “ သူနဲ႔ ပထမဆုံးအႀကိမ္ ဖုန္းေျပာ
ာရတဲ့ အခိုက္အတန႔္ကစၿပီး ေကာင္းတယ္ဆိုတဲ့ ခံစားခ်က္ကို ကြၽန္ေတာ္ ရခဲ့ပါတယ္၊ အခုခ်ိန္
မွာေတာ့ ကြၽန္ေတာ္ ဒီမွာ ရွိေနၿပီ၊ အဲ့ဒါက ပိုၿပီးေတာ့ ခံစားရေကာင္းလာၿပီ။ နည္းျပက ထရိမ္
နင္ေတြမွာ ”“ ထဲထဲဝင္ဝင္ေဆာင္႐ြက္ေပးပါတယ္၊ ကစားသမားတိုင္းက အဲ့ဒါကို အေတာ္ေလး
ႀကိဳက္ၾကပါတယ္၊ အဲ့ဒါကို ကြၽန္ေတာ္တို႔ ႏွစ္သက္ၾကပါတယ္။ သူ႔ဆီကေန ကြၽန္ေတာ္တို႔ အမ်ား
ႀကီးသင္ယူႏိုင္ပါတယ္၊ အဲ့ဒါက ကြၽန္ေတာ္တို႔အားလုံးအတြက္ ေကာင္းပါတယ္။ ကြၽန္ေတာ့္ရဲ႕ အ
သင္းေဟာင္းမွာ ကစားခဲ့သလိုမ်ိဳး ကစားႏိုင္ဖို႔ ႀကိဳးစားေနပါတယ္ ”“ ဆက္လက္ၿပီးေတာ့လည္း
ကြၽန္ေတာ္ တိုးတက္ခ်င္ပါတယ္။ ကြၽန္ေတာ့္ရဲ႕ ကစားႏိုင္စြမ္းေတြကို ဒီေနရာဆီ ယူေဆာင္လာ
ႏိုင္တဲ့အတြက္ အရမ္းေပ်ာ္႐ႊင္မိပါတယ္။ ရာသီႀကိဳကာလမွာ ပါဝင္ခဲ့ရတာ ကြၽန္ေတာ့္အတြက္ အ
ရမ္းေကာင္းပါတယ္၊ ကြၽန္ေတာ့္ရဲ႕ စြမ္းေဆာင္ရည္က အရမ္းေကာင္းခဲ့ပါတယ္၊ ဒါေပမယ့္ တိုးတက္
ဖို႔အတြက္ အၿမဲလိုေနၿပီး၊ ကြၽန္ေတာ့္ကို အကူအညီအရမ္းေပးၾကတဲ့ နည္းျပေတာ္ေတာ္မ်ားမ်ားနဲ႔
လည္း ေဆြးေႏြးေနပါတယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။