အန်တိုနီနဲ့ပတ်သက်တဲ့ မမှန်သတင်းတွေအပေါ် တုန့်ပြန်ဖြေရှင်းလာတဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်က အန်တိုနီဘက်ကနေ ကာကွယ်ခဲ့ပြီး ဘရာဇီးလ်

တောင်ပံကစားသမားရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး အသင်းဖော်တွေက စိတ်ပျက်နေကြတယ်ဆိုတဲ့

သတင်းတွေကို ငြင်းပယ်ခဲ့ပါတယ်။အန်တိုနီဟာ ပြီးခဲ့တဲ့နွေရာသီမှာ ပေါင် ၈၄ သန်းနဲ့ အိုင်းယက်စ်ကနေ

အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပေါ့ဂ်ဘာပြီးရင် ဒုတိယမြောက် ဈေးအကြီးဆုံး ကစားသမားခေါ်

ယူမှု ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးလ်တောင်ပံကစားသမားဟာ မန်ချက်စတာယူနိုက်တက်အသင်းအ

တွက် ပထမဆုံး ၃ ပွဲစလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပေးရတဲ့ပမာဏနဲ့ တန်တဲ့ပုံပေါ်ခဲ့ပေမယ့်လည်း

အဲဒီနောက်ပိုင်းကတည်းက ဘရာဇီးလ်ကြယ်ပွင့်ဟာ ပရီးမီးယားလိဂ်မှာ သွင်းဂိုးရော ဂိုးဖန်တီးမှုပါ ပြု

လုပ်နိုင်ခြင်းမရှိသေးတာ ဖြစ်ပါတယ်။ဘရာဇီးလ်တောင်ပံကစားသမားရဲ့ စွမ်းဆောင်ရည်ဟာ ပြင်းထန်

တဲ့ အကဲဖြတ်မှုတွေခံခဲ့ရပြီး အချို့ကလည်း တန်ဟက်အနေနဲ့ အန်တိုနီကို အရန်ခုံပို့ထားရမယ့်အချိန်ကျ

ပြီလို့ ယုံကြည်နေပေမယ့်လည်း ဒတ်ချ်လူမျိုးနည်းပြက ကစားသမားက ၎င်းရဲ့အသင်းမှာ အရေးကြီးတဲ့

အစိတ်အပိုင်းဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အဲရစ် တန်ဟက်က ခရစ္စတယ် ပဲလေ့စ်နဲ့ ၁-၁

သရေကျခဲ့တဲ့ပွဲစဉ်အတွင်း ဘရူနို ဖာနန်ဒက်စ်နဲ့ ကွင်းထဲမှာ စကားများခဲ့ပြီးနောက် အန်တိုနီနဲ့ ၎င်းရဲ့

အသင်းဖော်တွေကြားမှာ အကွဲအပြဲတွေ ရှိနေခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေကို ဖြေရှင်းခဲ့ပါတယ်။”ဒါမျိုးက

ဖြစ်တတ်တယ်လို့ ကျွန်တော်ထင်တယ်။ သူတို့က နှလုံးသားနဲ့ ကစားကြတဲ့သူတွေဖြစ်ပြီး ပွဲစဉ်ထဲမှာ

နှလုံးသားနဲ့ ကစားကြတဲ့အချိန်မှာ သူတို့တွေက အကောင်းဆုံးပုံစံမှာရှိနေတယ်။ အဲဒီတော့ အဲဒါက အ

မြဲတမ်း ဟန်ချက်ညီမှုတစ်ခုပါပဲ။ ပြီးတော့ အမြဲတမ်း ကစားသမားတွေကြားမှာ တခါတလေ စိတ်ခံစားမှု

တွေ တောက်လောင်နေတတ်ပေမယ့် ကျွန်တော် ထင်တယ်။ ဒုတိယအခိုက်အတန့်မှာ သူတို့တွေက တစ်

ယောက်နဲ့တစ်ယောက် ဆက်ဆံရေးကောင်းမွန်နေပြီးဖြစ်လို့ အဲဒါက ပြဿနာမဟုတ်ပါဘူး။ ကစား

သမားတွေက သူနဲ့ပတ်သက်ပြီး စိတ်ပျက်နေကြတာ လုံးဝမဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်”လို့ ပြော

ကြားခဲ့တာဖြစ်ပါတယ်။

မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟက္က အန္တိုနီဘက္ကေန ကာကြယ္ခဲ့ၿပီး ဘရာဇီးလ္

ေတာင္ပံကစားသမားရဲ႕ စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး အသင္းေဖာ္ေတြက စိတ္ပ်က္ေနၾကတယ္ဆိုတဲ့

သတင္းေတြကို ျငင္းပယ္ခဲ့ပါတယ္။အန္တိုနီဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ေပါင္ ၈၄ သန္းနဲ႔ အိုင္းယက္စ္ကေန

အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ၿပီး ေပါ့ဂ္ဘာၿပီးရင္ ဒုတိယေျမာက္ ေဈးအႀကီးဆုံး ကစားသမားေခၚ

ယူမႈ ျဖစ္ခဲ့တာ ျဖစ္ပါတယ္။ ဘရာဇီးလ္ေတာင္ပံကစားသမားဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းအ

တြက္ ပထမဆုံး ၃ ပြဲစလုံးမွာ ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ ေပးရတဲ့ပမာဏနဲ႔ တန္တဲ့ပုံေပၚခဲ့ေပမယ့္လည္း

အဲဒီေနာက္ပိုင္းကတည္းက ဘရာဇီးလ္ၾကယ္ပြင့္ဟာ ပရီးမီးယားလိဂ္မွာ သြင္းဂိုးေရာ ဂိုးဖန္တီးမႈပါ ျပဳ

လုပ္ႏိုင္ျခင္းမရွိေသးတာ ျဖစ္ပါတယ္။ဘရာဇီးလ္ေတာင္ပံကစားသမားရဲ႕ စြမ္းေဆာင္ရည္ဟာ ျပင္းထန္

တဲ့ အကဲျဖတ္မႈေတြခံခဲ့ရၿပီး အခ်ိဳ႕ကလည္း တန္ဟက္အေနနဲ႔ အန္တိုနီကို အရန္ခုံပို႔ထားရမယ့္အခ်ိန္က်

ၿပီလို႔ ယုံၾကည္ေနေပမယ့္လည္း ဒတ္ခ်္လူမ်ိဳးနည္းျပက ကစားသမားက ၎ရဲ႕အသင္းမွာ အေရးႀကီးတဲ့

အစိတ္အပိုင္းျဖစ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ အဲရစ္ တန္ဟက္က ခရစၥတယ္ ပဲေလ့စ္နဲ႔ ၁-၁

သေရက်ခဲ့တဲ့ပြဲစဥ္အတြင္း ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ကြင္းထဲမွာ စကားမ်ားခဲ့ၿပီးေနာက္ အန္တိုနီနဲ႔ ၎ရဲ႕

အသင္းေဖာ္ေတြၾကားမွာ အကြဲအၿပဲေတြ ရွိေနခဲ့တယ္ဆိုတဲ့ ေျပာဆိုမႈေတြကို ေျဖရွင္းခဲ့ပါတယ္။”ဒါမ်ိဳးက

ျဖစ္တတ္တယ္လို႔ ကြၽန္ေတာ္ထင္တယ္။ သူတို႔က ႏွလုံးသားနဲ႔ ကစားၾကတဲ့သူေတြျဖစ္ၿပီး ပြဲစဥ္ထဲမွာ

ႏွလုံးသားနဲ႔ ကစားၾကတဲ့အခ်ိန္မွာ သူတို႔ေတြက အေကာင္းဆုံးပုံစံမွာရွိေနတယ္။ အဲဒီေတာ့ အဲဒါက အ

ၿမဲတမ္း ဟန္ခ်က္ညီမႈတစ္ခုပါပဲ။ ၿပီးေတာ့ အၿမဲတမ္း ကစားသမားေတြၾကားမွာ တခါတေလ စိတ္ခံစားမႈ

ေတြ ေတာက္ေလာင္ေနတတ္ေပမယ့္ ကြၽန္ေတာ္ ထင္တယ္။ ဒုတိယအခိုက္အတန႔္မွာ သူတို႔ေတြက တစ္

ေယာက္နဲ႔တစ္ေယာက္ ဆက္ဆံေရးေကာင္းမြန္ေနၿပီးျဖစ္လို႔ အဲဒါက ျပႆနာမဟုတ္ပါဘူး။ ကစား

သမားေတြက သူနဲ႔ပတ္သက္ၿပီး စိတ္ပ်က္ေနၾကတာ လုံးဝမဟုတ္ဘူးလို႔ ကြၽန္ေတာ္ ထင္တယ္”လို႔ ေျပာ

ၾကားခဲ့တာျဖစ္ပါတယ္။