အနိုင်ရတုန်းကအကြောင်းကို ပြန်ထောက်ပြပြီး အီဗရာနဲ့ ဘာဘာတော့ဗ်တို့ကို ပြန်နှိပ်ကွပ်လိုက်တဲ့ မန်စီးတီးနည်းပြ

ယူနိုက်တက်ကစားသမားဟောင်းတွေဖြစ်တဲ့ အီဗရာနဲ့ ဘာဘာတော့ဗ်တို့က သူ့အသင်းအပေါ် ဝေဖန်

ခဲ့တာတွေကို မန်စီးတီးနည်းပြဂွာဒိယိုလာက ပြန်လည်တုံ့ပြန်မှုတွေပြုလုပ်သွားခဲ့ပါတယ်။ ချန်ပီယံလိဂ်

မှာ ရီးရဲလ်မက်ဒရစ်ကို အရေးနိမ့်ပြီး မန်စီးတီးတို့ထွက်ခွာခဲ့ရတဲ့အပေါ်မှာ အီဗရာနဲ့ ဘာဘာတော့ဗ်တို့

က ဝေဖန်ပြောဆိုခဲ့တာဖြစ်ပါတယ်။ အီဗရာက “မန်စီးတီးမှာက ခေါင်းဆောင်တွေလိုအပ်နေတာ၊ ဒါပေ

မယ့် ဂွာဒီယိုလာက ခေါင်းဆောင်တွေကိုမလိုချင်ဘူး၊ သူပဲ အရာရာကို ဦးဆောင်ချင်နေတာ၊ ဒါကြောင့်

လည်း သူတို့တွေ ဒုက္ခရောက်တဲ့အချိန်ဆိုရင် ကွင်းထဲမှာ ကူညီမယ့်သူတွေမရှိတော့ဘူး” လို့ ပြောဆိုခဲ့

တာဖြစ်ပါတယ်။ ဘာဘာတော့ဗ်ကလည်း သူ့အမြင်ကို အခုလိုပဲ ပြောဆိုသွားခဲ့ပါတယ်။ “ပွဲပြီးခါနီး

နောက်ဆုံးအချိန်မှာ သူတို့ နှစ်ဂိုးပေးခဲ့ရပြီးတော့ ခြေစွမ်းပိုင်းမကောင်းတဲ့ အသင်းငယ်တသင်းကသာ

ပွဲပြီးခါနီးမှာ အဲဒီလိုမျိုးဂိုးတွေပေးလိုက်ရရင် သူတို့က အနိုင်ရလိုစိတ်မရှိတဲ့အသင်း၊ သိမ်ငယ်စိတ်ဝင်

နေတဲ့အသင်းဆိုပြီး အပြောခံရမှာပါ” လို့ ဆိုခဲ့ပါတယ်။ ဒီပြောဆိုမှုတွေကိုတော့ ဂွာဒီယိုလာက သာ

သာနဲ့နာနာပြန်လည်ထိုးနှက်သွားခဲ့ပါတယ်။ “သူတို့ပြောတဲ့ ခေါင်းဆောင်စိတ်ဓာတ်မျိုးကို သူတို့အသင်း

နဲ့ ကျနော်ရင်ဆိုင်ရတုန်းက မတွေ့ခဲ့ရဘူး၊ ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာ သူ

တို့ကို ကျနော်က တစစီချိုးဖဲ့ခဲ့တုန်းက သူတို့ အခုပြောတဲ့ စိတ်ဓာတ်မျိုးကိုမတွေ့ရဘူးဗျ” လို့ ဂွာဒီယို

လာက ပြန်လည်တုံ့ပြန်သွားခဲ့ပါတယ်။ ဒါဟာ ၂၀၁၁ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘာစီလိုနာက ယူနိုက်

တက်ကို အနိုင်ရတုန်းကအကြောင်းကို ဂွာဒိယိုလာက ပြန်ထောက်ပြခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲမှာ

အီဗရာရော၊ ဘာဘာတော့ဗ်ပါ ပါဝင်ကစားခဲ့ပြီး ဘာစီလိုနာရဲ့ အနိုင်ယူခြင်းကိုခံခဲ့ရပါတယ်။

ယူႏိုက္တက္ကစားသမားေဟာင္းေတြျဖစ္တဲ့ အီဗရာနဲ႔ ဘာဘာေတာ့ဗ္တို႔က သူ႔အသင္းအေပၚ ေဝဖန္

ခဲ့တာေတြကို မန္စီးတီးနည္းျပဂြာဒိယိုလာက ျပန္လည္တုံ႔ျပန္မႈေတြျပဳလုပ္သြားခဲ့ပါတယ္။ ခ်န္ပီယံလိဂ္

မွာ ရီးရဲလ္မက္ဒရစ္ကို အေရးနိမ့္ၿပီး မန္စီးတီးတို႔ထြက္ခြာခဲ့ရတဲ့အေပၚမွာ အီဗရာနဲ႔ ဘာဘာေတာ့ဗ္တို႔

က ေဝဖန္ေျပာဆိုခဲ့တာျဖစ္ပါတယ္။ အီဗရာက “မန္စီးတီးမွာက ေခါင္းေဆာင္ေတြလိုအပ္ေနတာ၊ ဒါေပ

မယ့္ ဂြာဒီယိုလာက ေခါင္းေဆာင္ေတြကိုမလိုခ်င္ဘူး၊ သူပဲ အရာရာကို ဦးေဆာင္ခ်င္ေနတာ၊ ဒါေၾကာင့္

လည္း သူတို႔ေတြ ဒုကၡေရာက္တဲ့အခ်ိန္ဆိုရင္ ကြင္းထဲမွာ ကူညီမယ့္သူေတြမရွိေတာ့ဘူး” လို႔ ေျပာဆိုခဲ့

တာျဖစ္ပါတယ္။ ဘာဘာေတာ့ဗ္ကလည္း သူ႔အျမင္ကို အခုလိုပဲ ေျပာဆိုသြားခဲ့ပါတယ္။ “ပြဲၿပီးခါနီး

ေနာက္ဆုံးအခ်ိန္မွာ သူတို႔ ႏွစ္ဂိုးေပးခဲ့ရၿပီးေတာ့ ေျခစြမ္းပိုင္းမေကာင္းတဲ့ အသင္းငယ္တသင္းကသာ

ပြဲၿပီးခါနီးမွာ အဲဒီလိုမ်ိဳးဂိုးေတြေပးလိုက္ရရင္ သူတို႔က အႏိုင္ရလိုစိတ္မရွိတဲ့အသင္း၊ သိမ္ငယ္စိတ္ဝင္

ေနတဲ့အသင္းဆိုၿပီး အေျပာခံရမွာပါ” လို႔ ဆိုခဲ့ပါတယ္။ ဒီေျပာဆိုမႈေတြကိုေတာ့ ဂြာဒီယိုလာက သာ

သာနဲ႔နာနာျပန္လည္ထိုးႏွက္သြားခဲ့ပါတယ္။ “သူတို႔ေျပာတဲ့ ေခါင္းေဆာင္စိတ္ဓာတ္မ်ိဳးကို သူတို႔အသင္း

နဲ႔ က်ေနာ္ရင္ဆိုင္ရတုန္းက မေတြ႕ခဲ့ရဘူး၊ ယူႏိုက္တက္နဲ႔ ဘာစီလိုနာတို႔ ကစားခဲ့တဲ့ ဗိုလ္လုပြဲမွာ သူ

တို႔ကို က်ေနာ္က တစစီခ်ိဳးဖဲ့ခဲ့တုန္းက သူတို႔ အခုေျပာတဲ့ စိတ္ဓာတ္မ်ိဳးကိုမေတြ႕ရဘူးဗ်” လို႔ ဂြာဒီယို

လာက ျပန္လည္တုံ႔ျပန္သြားခဲ့ပါတယ္။ ဒါဟာ ၂၀၁၁ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ဘာစီလိုနာက ယူႏိုက္

တက္ကို အႏိုင္ရတုန္းကအေၾကာင္းကို ဂြာဒိယိုလာက ျပန္ေထာက္ျပခဲ့တာျဖစ္ပါတယ္။ အဆိုပါပြဲမွာ

အီဗရာေရာ၊ ဘာဘာေတာ့ဗ္ပါ ပါဝင္ကစားခဲ့ၿပီး ဘာစီလိုနာရဲ႕ အႏိုင္ယူျခင္းကိုခံခဲ့ရပါတယ္။