အနာဂတ်နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို ယခုအပတ်အတွင်းအပြီးသတ်ဆုံးဖြတ်မဲ့ အဲရစ်ဆင်
ခရစ္စတီယန်အဲရစ်ဆင်ဟာယခုအပတ်အတွင်းတွင်အနာဂတ်ကိုဆုံးဖြတ်ချက်ချလာပါမယ်။
ဒိန်းမတ်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာဘရန့်ဖို့ဒ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးထား
သူဖြစ်ပြီးဘရန့်ဖို့ဒ်ကစာချုပ်သစ်ချုပ်ဆိုလိုနေသလိုယူနိုက်တက်၊အသင်းဟောင်းစပါးစ်တို့
ကလည်းစိတ်ဝင်စားနေပါတယ်။အသက်၃၀နှစ်ရှိခရစ္စတီယန်အဲရစ်ဆင်ဟာပရီးမီးယားလိဂ်
ရာသီကုန်ဆုံးပြီးနောက်ဒိန်းမတ်လက်ရွေးစင်အသင်းရဲ့ပွဲစဉ်များကိုအာရုံစိုက်နေခဲ့ပါတယ်။
ဒါပေမဲ့သူဟာယနေ့ညတွင်ကစားမယ့်ဩစတြီးယားနှင့်ယူအီးအက်ဖ်အေနေးရှင်းလိဂ်ပွဲအပြီး
မှာတော့ကလပ်အနာဂတ်နှင့်ပတ်သက်ပြီးစဉ်းစားသွားပါမယ်။ဘရန့်ဖို့ဒ်ဟာခရစ္စတီယန်အဲ
ရစ်ဆင်ကိုကလပ်တွင်ဆက်ထိန်းထားနိုင်ရေးအတွက်ကောင်းမွန်တဲ့ကမ်းလှမ်းမှုတစ်ခုပြုလုပ်
ထားပြီးဖြစ်ပါတယ်။ဒါပေမဲ့သူ့ကိုစပါးစ်နှင့်ယူနိုက်တက်ကတည်းစိတ်ဝင်စားနေပါတယ်။အဲရစ်
ဆင်ဟာပြီးခဲ့တဲ့ဆောင်းရာသီတုန်းကဘရန့်ဖို့ဒ်သို့ပြောင်းရွှေ့လာပြီးနောက်၁၁ပွဲကစားကာ
တန်းမဆင်းရရေးအဓိကနေရာမှကူညီခဲ့သူလည်းဖြစ်ပါတယ်။သူဟာစပါးစ်တွင်ခြောက်နှစ်ခွဲ
ကြာကစားခဲ့ဖူးပြီးစပါးစ်နည်းပြကွန်တီနှင့်လည်းအင်တာမီလန်တွင်လက်တွဲခဲ့ဖူးပါတယ်။
တဖက်တွင်ယူနိုက်တက်နည်းပြသစ်အဲရစ်တန်ဟက်ကလည်းအားနည်းနေတဲ့အလယ်တန်း
အတွက်အဲရစ်ဆင်ကိုအားဖြည့်လိုနေပါတယ်။