အဓိကအမှတ်ပေးဖလားမရရှိတော့တာ ဆယ်စုနှစ်တစ်ခုကြာပြီဖြစ်ပေမယ့် အဖိုးတန်ဆုံးအသင်းစာရင်းမှာ ထိပ်ဆုံးမှာရှိနေတဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ အဖိုးတန်ဆုံးဘောလုံးအသင်းအဖြစ် သတ်မှတ်
ခံလိုက်ရကြောင်း Sportico သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။ မန်ယူအသင်းဟာ ဂန္တဝင်နည်း
ပြကြီး ဆာအဲလက်စ် ဖာဂူဆန်အနားယူသွားပြီးတည်းက အဓိကအမှတ်ပေးဖလားမရရှိတော့တာ ဆယ်စု
နှစ်တစ်ခုကြာပြီဖြစ်ပေမယ့်အဖိုးတန်ဆုံးအသင်းစာရင်းမှာ ယခုနောက်ပိုင်းကာလမှာ အောင်မြင်မှုရလာ
တဲ့ လီဗာပူးလ်နဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးတို့ရဲ့ အထက်မှာ ရှိနေတာ ဖြစ်ပါတယ်။ မန်ယူအ
သင်းရဲ့ တန်ဖိုးဟာ လီဗာပူးလ်အသင်းနဲ့ ၁ ဘီလီယံအထိကွာဟပြီး၊ မန်စီးတီးနဲ့ကကော့ ၁.၃ ဘီလီယံအ
ထိကွာဟနေကော၊ အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတို့နဲ့တော့၂ ဘီလီယံနီးပါး ကွာဟနေပါတယ်။ ပရီး
မီးယားလိဂ်ရဲ့ အဖိုးတန်ဆုံးကလပ်အသင်း ၁၀ ခုကတော့ အခုလိုပဲ ဖြစ်ပါတယ်။ (၁) မန်ချက်စတာယူ
နိုက်တက်၊ ပေါင် ၄.၈ ဘီလီယံ။ (၂) လီဗာပူးလ်၊ ပေါင် ၃.၈ ဘီလီယံ။ (၃) မန်ချက်စတာစီးတီး၊ ပေါင် ၃.၅
ဘီလီယံ။ (၄) အာဆင်နယ်၊ ပေါင် ၂.၉ ဘီလီယံ။ (၅) ချယ်လ်ဆီး၊ ပေါင် ၂.၈ ဘီလီယံ။ (၆) စပါး၊ပေါင်
၂.၆ ဘီလီယံ။ (၇) ဝက်စ်ဟန်း၊ ပေါင် ၅၃၉ သန်း။ (၈) အဲဗာတန်၊ ပေါင် ၄၈၆ သန်း။ (၉) လက်စတာစီး
တီး၊ ပေါင် ၄၄၂ သန်း။ (၁၀) နယူးကာဆယ်၊ ပေါင် ၃၅၆ သန်း တို့ ဖြစ်ကြပါတယ်။ မန်ယူအသင်းအနေနဲ့
အခုလိုတန်ဖိုးအမြင့်ဆုံးအသင်းဖြစ်နေခြင်းဟာ အသင်းပိုင်ရှင် ဂလေဇာမိသားစုအတွက်တော့ ကျေနပ်
စရာဖြစ်နေပြီးမန်ယူအသင်းကို ရောင်းချရာမှာ သူတို့စိတ်ကြိုက်ဈေးသတ်မှတ်နိုင်တာ ဖြစ်ပါတယ်။ မန်
ယူအသင်းဟာ ဒီရာသီ နည်းပြ အဲရစ် တန်ဟန့်ရဲ့ လက်အောက် ပရီးမီးယားလိဂ်မှာ အခြေအနေကောင်း
တစ်ခုပိုင်ဆိုင်ထားပြီး၊ အမှတ်ပေးဇယားရဲ့ အဆင့်လေးနေရာမှာ ရောက်ရှိနေပါတယ်။