အဓိကခံစစ်မှူးတွေ ဒဏ်ရာရနေချိန်မှာ ပွဲကျပ် (၆)ပွဲကို ဆိုးလ်ရှားဘယ်လိုကျော်ဖြတ်မလဲ…

စပိန်နဲ့ ကစားခဲ့တဲ့ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ဗိုလ်လုပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ ယူနိုက်တက်နောက်ခံလူ ဗာရန်းဟာ

ပထမပိုင်းမပြီးခင်မှာတင် လူစားလဲခဲ့ရသလို ကာရင်တန်မှာ ဒဏ်ရာကို အသေးစိတ်စစ်ဆေးပြီးချိန်မှာတော့

ရက်သတ္တပတ်အနည်းငယ်ကြာ အနားယူရတော့မယ်လို့ ယူနိုက်တက်အသင်းက တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

ပွဲကစားချိန် (၄၃) မိနစ်မှာ အူပါမီကာနိုနဲ့ လူစားလဲခဲ့ရလို့ ဗာရန်းအတွက် စိတ်ပူနေခဲ့ကြတဲ့

ယူနိုက်တက်ပရိသတ်တွေအတွက်တော့ စိတ်မကောင်းစရာသတင်းဖြစ်စေမှာပါ။

နည်းပြ ဆိုးလ်ရှားအတွက်လည်း ခြေသလုံးကြွက်သားဒဏ်ရာကြောင့်အနားယူနေရတဲ့ မက်ဂွိုင်းယား ကို လက်လွှတ်ထားရချိန်မှာ

နောက်ထပ် ခံစစ်မှူးတစ်ယောက်ကိုပါ ဆုံးရှုံးလိုက်ရတာကတော့ အတော့်ကို ခေါင်းခဲစရာကိစ္စပါပဲ။

နိုင်ငံတကာပွဲတွေပြီးဆုံးလို့ ကလပ်အသင်းပွဲတွေပြန်စချိန်မှာ ယူနိုက်တက် အသင်းရင်ဆိုင် ဖြတ်ကျော်ရမယ့် ပွဲစဉ်(၆)ပွဲက

အသင်းတွေကလည်း ကစားရ မလွယ်ကူတဲ့ အသင်းတွေဖြစ်နေတာကတော့ ဆိုးလ်ရှားအတွက် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်လာပါပြီ။

အနီးစပ်ဆုံးကစားမယ့် လက်စတာနဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်မှာ ဒဏ်ရာပြဿနာတွေကြောင့်

မက်ဂွိုင်းယားနဲ့ ဗာရန်းတို့ကတော့ သေချာပေါက် လွဲချော်သွားတော့မှာပါ။

လက်စတာနဲ့ပွဲအပြီး အောက်တိုဘာ (၂၁) မှာလည်း စီးရီးအေကလပ် အတ္တလန်တာနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ကို အိမ်ကွင်းမှာကစားရမှာဖြစ်ပြီး

အဲ့ဒီပွဲမှာ မက်ဂွိုင်းယားနဲ့ ဗာရန်းတို့ လွဲချော်ဖို့ရှိနိုင်တဲ့အပြင် ညာနောက်ခံလူ ဝမ်ဘစ်ဆာကာကလည်း

ယန်းဘွိုင်းနဲ့ပွဲမှာရရှိခဲ့တဲ့ အနီကပ်ကြောင့် ချန်ပီယံလိဂ် နှစ်ပွဲပယ်ပြစ်ဒဏ်ခံနေရပြီး ပါဝင်ကစားခွင့်မရရှိသေးပါဘူး။

ဒီနောက်မှာတော့ လီဗာပူးလ် နဲ့ အိမ်ကွင်း ၊ စပါးနဲ့ အဝေးကွင်း၊ အတ္တလန်တာနဲ့ အဝေးကွင်း ၊ မန်စီးတီးနဲ့ အိမ်ကွင်း ဆက်တိုက် ပွဲကျပ်တွေ ကစားရမှာပါ။

ယူနိုက်တက်အတွက် လာမယ့်ပွဲစဉ်တွေက တော်တော်လေးစိန်ခေါ်မှုပြင်းထန်နေသလို ဆိုးလ်ရှား အနေနဲ့ ဘယ်လိုပြင်ဆင်ထားမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ဒဏ်ရာမရှိသေးတဲ့ ဘိုင်ယီနဲ့ လင်ဒီလော့ဖ် တို့ ခံစစ်အတွဲက ဘယ်လို ခြေစွမ်းပြလာမလဲ၊ နည်းပြ ဆိုးလ်ရှား နဲ့ယူနိုက်အသင်းအတွက် ဒီပွဲကျပ်ကာလဟာ ပြတ်ပြတ်သားသား အဖြေတစ်ခုထွက်လာဖို့ အကောင်းဆုံး အချိန်ပါပဲ။

zawgyi

အဓိကခံစစ္မွဴးေတြ ဒဏ္ရာရေနခ်ိန္မွာ ပြဲက်ပ္ (၆)ပြဲကို ဆိုးလ္ရွားဘယ္လိုေက်ာ္ျဖတ္မလဲ…

စပိန္နဲ႔ ကစားခဲ့တဲ့ ယူအီးအက္ဖ္ေအ ေနးရွင္းလိဂ္ ဗိုလ္လုပြဲမွာ ဒဏ္ရာရရွိခဲ့တဲ့ ယူႏိုက္တက္ေနာက္ခံလူ ဗာရန္းဟာ ပထမပိုင္းမၿပီးခင္မွာတင္ လူစားလဲခဲ့ရသလို

ကာရင္တန္မွာ ဒဏ္ရာကို အေသးစိတ္စစ္ေဆးၿပီးခ်ိန္မွာေတာ့ ရက္သတၱပတ္အနည္းငယ္ၾကာ အနားယူရေတာ့မယ္လို႔ ယူႏိုက္တက္အသင္းက တရားဝင္ထုတ္ျပန္ခဲ့ပါတယ္။

ပြဲကစားခ်ိန္ (၄၃) မိနစ္မွာ အူပါမီကာႏိုနဲ႔ လူစားလဲခဲ့ရလို႔ ဗာရန္းအတြက္ စိတ္ပူေနခဲ့ၾကတဲ့ ယူႏိုက္တက္ပရိသတ္ေတြအတြက္ေတာ့ စိတ္မေကာင္းစရာသတင္းျဖစ္ေစမွာပါ။

နည္းျပ ဆိုးလ္ရွားအတြက္လည္း ေျခသလုံးႂကြက္သားဒဏ္ရာေၾကာင့္အနားယူေနရတဲ့ မက္ဂြိဳင္းယား ကို လက္လႊတ္ထားရခ်ိန္မွာ

ေနာက္ထပ္ ခံစစ္မွဴးတစ္ေယာက္ကိုပါ ဆံုးရႈံးလိုက္ရတာကေတာ့ အေတာ့္ကို ေခါင္းခဲစရာကိစၥပါပဲ။

ႏိုင္ငံတကာပြဲေတြၿပီးဆံုးလို႕ ကလပ္အသင္းပြဲေတြျပန္စခ်ိန္မွာ ယူႏိုက္တက္ အသင္းရင္ဆိုင္ ျဖတ္ေက်ာ္ရမယ့္ ပြဲစဥ္(၆)ပြဲက အသင္းေတြကလည္း

ကစားရ မလြယ္ကူတဲ့ အသင္းေတြျဖစ္ေနတာကေတာ့ ဆိုးလ္ရွားအတြက္ အၾကီးမားဆံုး စိန္ေခၚမႈျဖစ္လာပါၿပီ။

အနီးစပ္ဆုံးကစားမယ့္ လက္စတာနဲ႔ ပရီးမီးယားလိဂ္အေဝးကြင္းပြဲစဥ္မွာ ဒဏ္ရာျပႆနာေတြေၾကာင့္ မက္ဂြိဳင္းယားနဲ႕ ဗာရန္းတို႕ကေတာ့ ေသခ်ာေပါက္ လြဲေခ်ာ္သြားေတာ့မွာပါ။

လက္စတာနဲ႔ပြဲအၿပီး ေအာက္တိုဘာ (၂၁) မွာလည္း စီးရီးေအကလပ္ အတၱလန္တာနဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္ ကို အိမ္ကြင္းမွာကစားရမွာျဖစ္ၿပီး

အဲ့ဒီပြဲမွာ မက္ဂြိဳင္းယားနဲ႕ ဗာရန္းတို႕ လြဲေခ်ာ္ဖို႔ရွိႏိုင္တဲ့အျပင္ ညာေနာက္ခံလူ ဝမ္ဘစ္ဆာကာကလည္း ယန္းဘြိဳင္းနဲ႕ပြဲမွာရရွိခဲ့တဲ့ အနီကပ္ေၾကာင့္ ခ်န္ပီယံလိဂ္ ႏွစ္ပြဲပယ္ျပစ္ဒဏ္ခံေနရၿပီး ပါဝင္ကစားခြင့္မရရွိေသးပါဘူး။

ဒီေနာက္မွာေတာ့ လီဗာပူးလ္ နဲ႕ အိမ္ကြင္း ၊ စပါးနဲ႕ အေဝးကြင္း၊ အတၱလန္တာနဲ႕ အေဝးကြင္း ၊ မန္စီးတီးနဲ႕ အိမ္ကြင္း ဆက္တိုက္ ပြဲက်ပ္ေတြ ကစားရမွာပါ။

ယူႏိုက္တက္အတြက္ လာမယ့္ပြဲစဥ္ေတြက ေတာ္ေတာ္ေလးစိန္ေခၚမႈျပင္းထန္ေနသလို ဆိုးလ္ရွား အေနနဲ႕ ဘယ္လိုျပင္ဆင္ထားမလဲဆိုတာ စိတ္ဝင္စားဖို႕ေကာင္းေနပါတယ္။

ဒဏ္ရာမရွိေသးတဲ့ ဘိုင္ယီနဲ႕ လင္ဒီေလာ့ဖ္ တို႕ ခံစစ္အတြဲက ဘယ္လို ေျခစြမ္းျပလာမလဲ၊ နည္းျပ ဆိုးလ္ရွား နဲ႕ယူႏိုက္အသင္းအတြက္ ဒီပြဲက်ပ္ကာလဟာ ျပတ္ျပတ္သားသား အေျဖတစ္ခုထြက္လာဖို႕ အေကာင္းဆံုး အခ်ိန္ပါပဲ။