ခြေစွမ်းပြခဲ့တဲ့ အဘိုးကြီးနှစ်ယောက်ကြောင့် နည်းပြထိုင်ခုံမှာ ဆိုးလ်ရှားကို ဆက်မြင်ရဦးမယ်

နှစ်ယောက်ပေါင်းအသက်(၇၀)ရှိနေပြီဖြစ်တဲ့ စီရော်နယ်လ်ဒို၊ ကာဗာနီတို့ရဲ့ သွင်းဂိုးတွေနဲ့ ဒဏ်ရာကပြန်လာပြီးကတည်းက

တောက်လျှောက်ခြေစွမ်းပြနေတဲ့ ရပ်ရှ်ဖို့ဒ်တို့ကြောင့် ဆိုးလ်ရှားတစ်ယောက် အသက်ရှူချောင်သွားပြန်ပါပြီ။

ဒီပွဲမှာ ဆိုးလ်ရှားက သူဟာလည်း နည်းဗျူဟာကြွယ်ဝတဲ့သူဆိုတာပြတဲ့အနေနဲ့

တစ်သက်လုံးစွဲစွဲမြဲမြဲသုံးတော့မယ်လို့ထင်ထားတဲ့ (၄-၂-၃-၁)အစား ထူးထူးခြားခြား(၃-၅-၂)ကစားကွက်ခင်းပြလိုက်ပါတယ်။

ဒီပွဲမှာ ယူနိုက်တက်ခြေစွမ်းထက် နူနိုဆန်တို့ရဲ့ စပါးအသင်းက ပိုဆိုးရွားနေလို့

ဆိုးလ်ရှားရဲ့ကစားကွက်အပြောင်းအလဲက အလုပ်ဖြစ်တယ်လို့ထင်ချင်စရာပါပဲ။

ဆိုးလ်ရှားရဲ့အကျင့်ကလည်း ဒီပွဲမှာ ဒီနည်းဗျူဟာနဲ့ကြက်ကန်းဆန်အိုးတိုးသွားရင် အဲဒါနဲ့ပဲကစားလေ့ရှိတာဖြစ်ပြီး

လာမယ့်ပွဲတွေမှာ (၃-၅-၂)ဆက်သုံးဦးမယ်ဆိုရင်တော့ ဒီဂီယာကို ဆေးရုံသာပို့ရတော့မှာပါ။

လုခ်ရှောနဲ့ ဘစ်ဆာကာတို့ဟာ Wing Backs လိုကစားနိုင်တဲ့သူတွေမဟုတ်ဘဲ

တစ်ချိန်က အီဗရာ၊ ရာဖေးလ်တို့က ဂိုးသွင်းစွမ်းရည်အားနည်းတာကလွဲလို့ ပြေးအား၊ ရုန်းအား၊ ဖြတ်တင်ဘောပေးပို့မှုအပိုင်းတွေမှာ အားထားရသလို

တိုက်စစ်ကို ကောင်းကောင်းပံ့ပိုးနိုင်သူတွေဖြစ်ခဲ့တာကြောင့် အဲဒီလိုကစားသမားမျိုးတွေရှိရင်

(၃-၅-၂)က အလုပ်ဖြစ်ပေမယ့် လုခ်ရှော၊ ဘစ်ဆာကာတို့နဲ့တော့ တစ်ပွဲတိုးလောက်ပဲဖြစ်ပါလိမ့်မယ်။

လုခ်ရှော-လင်ဒီလော့ဖ်၊ ဘစ်ဆာကာ-ဗာရန်းတို့ကြားက Space တွေကို ဖရက်ဒ်နဲ့တွမ်မီနေး Cover လုပ်နိုင်ခဲ့ပေမယ့်

စပါးတိုက်စစ်ကစားသမားတွေရဲ့ ညံ့ဖျင်းမှုတွေကြောင့်လည်း ယူနိုက်တက်ခံစစ်ကို ကောင်းကောင်းမထိုးဖောက်နိုင်ခဲ့တာပါ။

အဖွင့်ဂိုးမရခင်အချိန်အထိ ယူနိုက်တက်ကစားသမားတွေရဲ့စိတ်ပိုင်းဆိုင်ရာပြဿနာက သူတို့ရဲ့မျက်နှာမှာပေါ်လွင်နေပြီး

ဒီပွဲမှာ စပါးအသင်းနဲ့မဟုတ်ဘဲ တခြားအသင်းတစ်သင်းနဲ့သာဆိုရင် ယူနိုက်တက် အခုလိုမလွယ်လောက်ပါဘူး။

ယူနိုက်တက်ကစားသမားတွေထက် စပါးကစားသမားတွေက ပိုဆိုးနေပြီး လုံးဝကို စုစည်းမှုပျက်ပြားနေတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းအတွက်အဖွင့်ဂိုးကို (၃၉)မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်ရဲ့တိကျသေချာတဲ့ပေးပို့မှုကနေ

စီရော်နယ်လ်ဒိုက သေသပ်လှပတဲ့ Volley ကန်ချက်နဲ့သွင်းယူခဲ့ပြီး ဒီဂိုးဟာ စီရော်နယ်လ်ဒိုအတွက်

စပါးအသင်းဘက်ကို သွင်းယူခဲ့တဲ့(၁၁)ဂိုးမြောက်လည်းဖြစ်ခဲ့ပါတယ်။

ဂိုးရပြီးနောက်ပိုင်းမှ ယူနိုက်တက်ယုံကြည်မှုပြန်ရလာခဲ့သလို

ဒုတိယပိုင်း(၆၄)မိနစ်မှာ စီရော်နယ်လ်ဒို ထိုးပေးလိုက်တာကနေ ကာဗာနီက သွင်းယူခဲ့တာဖြစ်ပါတယ်။

အသက်(၃၆)နှစ်၊ (၂၆၇)ရက်ရှိပြီဖြစ်တဲ့ စီရော်နယ်လ်ဒိုဟာ ပရီးမီးယားလိဂ်ကစားသမားဘဝမှာ

တစ်ပွဲတည်းဂိုးသွင်း၊ ဂိုးဖန်တီးမှုပြုလုပ်ခဲ့တာက (၁၂)ပွဲအထိရှိပြီး

အဲဒီထဲမှာ(၃)ပွဲက စပါးအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာပြုလုပ်ခဲ့တာဖြစ်သလို

၂၀၁၄၊ ဒီဇင်ဘာလတုန်းက ချယ်လ်ဆီးတိုက်စစ်မှူးဒရော့ဘာ(အသက်၃၆နှစ်၊ ၂၆၇ရက်)နောက်ပိုင်း

ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲမှာ ဂိုးသွင်း၊ဂိုးဖန်တီးမှုလုပ်ခဲ့တဲ့အသက်အကြီးဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၀၊ သြဂုတ်လတုန်းက နယူးကာဆယ်နဲ့ပွဲမှာ ပေါလ်စခိုးလ်+ရိုင်ယန်ဂစ်တို့နောက်ပိုင်း

ပထမဆုံးအကြိမ်အဖြစ် အသက်(၃၄)နှစ်နဲ့အထက် ကစားသမားနှစ်ဦးရဲ့တွဲလုံးကနေ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းအတွက် တတိယမြောက်ဂိုးကိုတော့ ပွဲပြီးခါနီးမှာ မာတစ်ရဲ့ထိုးပေးမှုကနေ

ရပ်ရှ်ဖို့ဒ်က သွင်းယူခဲ့တာဖြစ်ပြီး ဒီရာသီပြိုင်ပွဲစုံ(၄)ပွဲမှာ ရပ်ရှ်ဖို့ဒ်အတွက်(၃)ဂိုးမြောက်လည်းဖြစ်ခဲ့ပါတယ်။

အခုပွဲအနိုင်ရခဲ့လို့ ဆိုးလ်ရှားအတွက် ဖိအားအနည်းငယ်လျော့သွားပေမယ့် ရှေ့လာမယ့်ပွဲတွေက

အတ္တလန်တာ၊ မန်စီးတီးတို့နဲ့ကစားရမှာဖြစ်တာကြောင့် ဆိုးလ်ရှားရဲ့ ရင်ခုန်စရာနေ့ရက်တွေက မပြီးဆုံးသေးပါဘူး။

zawgyi

အထူအပါးနားမလည္တဲ့ အဘိုးႀကီးႏွစ္ေယာက္ေၾကာင့္ နည္းျပထိုင္ခုံမွာ ဆိုးလ္ရွားကို ဆက္ျမင္ရဦးမယ္

ႏွစ္ေယာက္ေပါင္းအသက္(၇၀)ရွိေနၿပီျဖစ္တဲ့ စီေရာ္နယ္လ္ဒို၊ ကာဗာနီတို႔ရဲ႕ သြင္းဂိုးေတြနဲ႔ ဒဏ္ရာကျပန္လာၿပီးကတည္းက

ေတာက္ေလွ်ာက္ေျခစြမ္းျပေနတဲ့ ရပ္ရွ္ဖို႔ဒ္တို႔ေၾကာင့္ ဆိုးလ္ရွားတစ္ေယာက္ အသက္ရႉေခ်ာင္သြားျပန္ပါၿပီ။

ဒီပြဲမွာ ဆိုးလ္ရွားက သူဟာလည္း နည္းဗ်ဴဟာႂကြယ္ဝတဲ့သူဆိုတာျပတဲ့အေနနဲ႔ တစ္သက္လုံးစြဲစြဲၿမဲၿမဲသုံးေတာ့မယ္လို႔ထင္ထားတဲ့ (၄-၂-၃-၁)အစား ထူးထူးျခားျခား(၃-၅-၂)ကစားကြက္ခင္းျပလိုက္ပါတယ္။

ဒီပြဲမွာ ယူႏိုက္တက္ေျခစြမ္းထက္ ႏူႏိုဆန္တို႔ရဲ႕ စပါးအသင္းက ပိုဆိုး႐ြားေနလို႔ ဆိုးလ္ရွားရဲ႕ကစားကြက္အေျပာင္းအလဲက အလုပ္ျဖစ္တယ္လို႔ထင္ခ်င္စရာပါပဲ။

ဆိုးလ္ရွားရဲ႕အက်င့္ကလည္း ဒီပြဲမွာ ဒီနည္းဗ်ဴဟာနဲ႔ၾကက္ကန္းဆန္အိုးတိုးသြားရင္ အဲဒါနဲ႔ပဲကစားေလ့ရွိတာျဖစ္ၿပီး လာမယ့္ပြဲေတြမွာ (၃-၅-၂)ဆက္သုံးဦးမယ္ဆိုရင္ေတာ့ ဒီဂီယာကို ေဆး႐ုံသာပို႔ရေတာ့မွာပါ။

လုခ္ေရွာနဲ႔ ဘစ္ဆာကာတို႔ဟာ Wing Backs လိုကစားႏိုင္တဲ့သူေတြမဟုတ္ဘဲ

တစ္ခ်ိန္က အီဗရာ၊ ရာေဖးလ္တို႔က ဂိုးသြင္းစြမ္းရည္အားနည္းတာကလြဲလို႔ ေျပးအား၊ ႐ုန္းအား၊ ျဖတ္တင္ေဘာေပးပို႔မႈအပိုင္းေတြမွာ အားထားရသလို

တိုက္စစ္ကို ေကာင္းေကာင္းပံ့ပိုးႏိုင္သူေတြျဖစ္ခဲ့တာေၾကာင့္ အဲဒီလိုကစားသမားမ်ိဳးေတြရွိရင္ (၃-၅-၂)က အလုပ္ျဖစ္ေပမယ့္ လုခ္ေရွာ၊ ဘစ္ဆာကာတို႔နဲ႔ေတာ့ တစ္ပြဲတိုးေလာက္ပဲျဖစ္ပါလိမ့္မယ္။

လုခ္ေရွာ-လင္ဒီေလာ့ဖ္၊ ဘစ္ဆာကာ-ဗာရန္းတို႔ၾကားက Space ေတြကို ဖရက္ဒ္နဲ႔တြမ္မီေနး Cover လုပ္ႏိုင္ခဲ့ေပမယ့္

စပါးတိုက္စစ္ကစားသမားေတြရဲ႕ ညံ့ဖ်င္းမႈေတြေၾကာင့္လည္း ယူႏိုက္တက္ခံစစ္ကို ေကာင္းေကာင္းမထိုးေဖာက္ႏိုင္ခဲ့တာပါ။

အဖြင့္ဂိုးမရခင္အခ်ိန္အထိ ယူႏိုက္တက္ကစားသမားေတြရဲ႕စိတ္ပိုင္းဆိုင္ရာျပႆနာက သူတို႔ရဲ႕မ်က္ႏွာမွာေပၚလြင္ေနၿပီး ဒီပြဲမွာ စပါးအသင္းနဲ႔မဟုတ္ဘဲ တျခားအသင္းတစ္သင္းနဲ႔သာဆိုရင္ ယူႏိုက္တက္ အခုလိုမလြယ္ေလာက္ပါဘူး။

ယူႏိုက္တက္ကစားသမားေတြထက္ စပါးကစားသမားေတြက ပိုဆိုးေနၿပီး လုံးဝကို စုစည္းမႈပ်က္ျပားေနတာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းအတြက္အဖြင့္ဂိုးကို (၃၉)မိနစ္မွာ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕တိက်ေသခ်ာတဲ့ေပးပို႔မႈကေန

စီေရာ္နယ္လ္ဒိုက ေသသပ္လွပတဲ့ Volley ကန္ခ်က္နဲ႔သြင္းယူခဲ့ၿပီး ဒီဂိုးဟာ စီေရာ္နယ္လ္ဒိုအတြက္ စပါးအသင္းဘက္ကို သြင္းယူခဲ့တဲ့(၁၁)ဂိုးေျမာက္လည္းျဖစ္ခဲ့ပါတယ္။

ဂိုးရၿပီးေနာက္ပိုင္းမွ ယူႏိုက္တက္ယုံၾကည္မႈျပန္ရလာခဲ့သလို ဒုတိယပိုင္း(၆၄)မိနစ္မွာ စီေရာ္နယ္လ္ဒို ထိုးေပးလိုက္တာကေန ကာဗာနီက သြင္းယူခဲ့တာျဖစ္ပါတယ္။

အသက္(၃၆)ႏွစ္၊ (၂၆၇)ရက္ရွိၿပီျဖစ္တဲ့ စီေရာ္နယ္လ္ဒိုဟာ ပရီးမီးယားလိဂ္ကစားသမားဘဝမွာ တစ္ပြဲတည္းဂိုးသြင္း၊ ဂိုးဖန္တီးမႈျပဳလုပ္ခဲ့တာက (၁၂)ပြဲအထိရွိၿပီး

အဲဒီထဲမွာ(၃)ပြဲက စပါးအသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာျပဳလုပ္ခဲ့တာျဖစ္သလို ၂၀၁၄၊ ဒီဇင္ဘာလတုန္းက ခ်ယ္လ္ဆီးတိုက္စစ္မႉးဒေရာ့ဘာ(အသက္၃၆ႏွစ္၊ ၂၆ရရက္)ေနာက္ပိုင္း

ပရီးမီးယားလိဂ္ပြဲစဥ္တစ္ပြဲမွာ ဂိုးသြင္း၊ဂိုးဖန္တီးမႈလုပ္ခဲ့တဲ့အသက္အႀကီးဆုံးကစားသမားအျဖစ္မွတ္တမ္းဝင္ခဲ့ပါတယ္။

ဒါ့အျပင္ ၂၀၁၀၊ ၾသဂုတ္လတုန္းက နယူးကာဆယ္နဲ႔ပြဲမွာ ေပါလ္စခိုးလ္+႐ိုင္ယန္ဂစ္တို႔ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ အသက္(၃၄)ႏွစ္နဲ႔အထက္ ကစားသမားႏွစ္ဦးရဲ႕တြဲလုံးကေန ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းအတြက္ တတိယေျမာက္ဂိုးကိုေတာ့ ပြဲၿပီးခါနီးမွာ မာတစ္ရဲ႕ထိုးေပးမႈကေန ရပ္ရွ္ဖို႔ဒ္က သြင္းယူခဲ့တာျဖစ္ၿပီး ဒီရာသီၿပိဳင္ပြဲစုံ(၄)ပြဲမွာ ရပ္ရွ္ဖို႔ဒ္အတြက္(၃)ဂိုးေျမာက္လည္းျဖစ္ခဲ့ပါတယ္။

အခုပြဲအႏိုင္ရခဲ့လို႔ ဆိုးလ္ရွားအတြက္ ဖိအားအနည္းငယ္ေလ်ာ့သြားေပမယ့္ ေရွ႕လာမယ့္ပြဲေတြက အတၱလန္တာ၊ မန္စီးတီးတို႔နဲ႔ကစားရမွာျဖစ္တာေၾကာင့္ ဆိုးလ္ရွားရဲ႕ ရင္ခုန္စရာေန႔ရက္ေတြက မၿပီးဆုံးေသးပါဘူး။