အတ္တကြီးလွန်းတာကြောင့် ရော်နယ်ဒိုမန်ယူကိုစွန့်ဖို့ ဆုံးဖြတ်လာခြင်းဖြစ်ကြောင်း သုံးသပ်လိုက်တဲ့ တိုနီကက်စ်ကာရီနို

စီရော်နယ်ဒိုဟာ သူ့ရဲ့ချန်ပီယံလိဂ်သွင်းဂိုးစံချိန်ကို ကာကွယ်လိုတာကြောင့်မန်ယူက ထွက်ချင်

နေတာလို့ ပရီးမီးယားလိဂ်တိုက်စစ်မှုးဟောင်းတစ်ယောက်က သုံးသပ်လိုက်ပါတယ်။ သူ့စံချိန်

ကို ပြိုင်ဘက်မက်ဆီကကျော်တွက်သွားမှာကို စီရော်နယ်ဒိုက စိုးရိမ်နေတာလို့ တိုနီကက်စ်ကာ

ရီနိုကယုံကြည်နေတာပါ။ စီရော်နယ်ဒိုဟာ ချန်ပီယံလိဂ်သမိုင်းမှာ ဂိုးအများဆုံးသွင်းထားသူဖြစ်

ပြီး စုစုပေါင်း ၁၄၁ ဂိုးသွင်းယူထားပါတယ်။ဒါ့အပြင် သူဟာ ချန်ပီယံလိဂ်မှာ ၅ ကြိမ်ဗိုလ်စွဲထား

ပြီး မန်ယူနဲ့ ၁ ကြိမ်၊ရီးရဲလ်နဲ့ ၄ ကြိမ်ရရှိခဲ့တာပါ။ နောက်ပြီး သူဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ၃ ခု

မှာဂိုးသွင်းနိုင်တဲ့ တစ်ဦးတည်းသော ကစားသမားလည်း ဖြစ်ပါတယ်။ယူနိုက်တက်က ပရီးမီး

ယားလိဂ်မှာ အဆင့် ၆ သာရခဲ့လို့ လာမယ့်ရာသီမှာတော့ စီရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ဝင်ကန်

ရမှာ မဟုတ်ပါဘူး။ဒီအချိန်မှာ မက်ဆီက ပီအက်စ်ဂျီနဲ့အတူ ချန်ပီယံလိဂ်ဆက်ကစားရမှာဖြစ်

ကာ စီရော်နယ်ဒိုကို လိုက်မီဖို့ ၁၆ ဂိုးသာ လိုတော့တာပါ။အဲဒါဟာ မန်ယူကကနေ စီရော်နယ်

ဒိုထွက်ချင်နေတဲ့အကြောင်းအရင်းလို့ကက်စ်ကာရီနိုက သံသယရှိနေပါတယ်။ ”စီရော်နယ်ဒို

ဟာ အမြဲတမ်းအတ္တကြီးတဲ့ကစားသမားတစ်ယောက်ပါ။ သူကစားခဲ့တဲ့အသင်းတွေကလည်း

အောင်မြင်ခဲ့တဲ့အသင်းတွေပါ။ တကယ်လည်း သူဟာ ဂိုးသွင်းကောင်းတဲ့အကြီးကျယ်ဆုံးက

စားသမားတွေထဲက တစ်ယောက်ပါ။အနိုင်မရချိန်မှာတော့ ပြသနာရှိလာနိုင်ပါတယ်။ ကျွန်

တော်သံသယဝင်မိတာကသူဟာ ချန်ပီယံလိဂ်မှာ ၁၄၁ ဂိုးရထားပြီး မက်ဆီက ၁၂၅ ဂိုးရထား

တာပါ။သူဟာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးဂိုးသွင်းသူဖြစ်ချင်တာကြောင့်

ချန်ပီယံလိဂ်မကစားရတာကို လိုချင်မှာ မဟုတ်ပါဘူး။အဲဒါကပဲ သူ့ရဲ့အကြောင်းပြချက်ဖြစ်

မှာပါ”လို့ ကက်စ်ကာရီနိုက သုံးသပ်ခဲ့တာပါ။

စီေရာ္နယ္ဒိုဟာ သူ႔ရဲ႕ခ်န္ပီယံလိဂ္သြင္းဂိုးစံခ်ိန္ကို ကာကြယ္လိုတာေၾကာင့္မန္ယူက ထြက္ခ်င္

ေနတာလို႔ ပရီးမီးယားလိဂ္တိုက္စစ္မႈးေဟာင္းတစ္ေယာက္က သုံးသပ္လိုက္ပါတယ္။ သူ႔စံခ်ိန္

ကို ၿပိဳင္ဘက္မက္ဆီကေက်ာ္တြက္သြားမွာကို စီေရာ္နယ္ဒိုက စိုးရိမ္ေနတာလို႔ တိုနီကက္စ္ကာ

ရီႏိုကယုံၾကည္ေနတာပါ။ စီေရာ္နယ္ဒိုဟာ ခ်န္ပီယံလိဂ္သမိုင္းမွာ ဂိုးအမ်ားဆုံးသြင္းထားသူျဖစ္

ၿပီး စုစုေပါင္း ၁၄၁ ဂိုးသြင္းယူထားပါတယ္။ဒါ့အျပင္ သူဟာ ခ်န္ပီယံလိဂ္မွာ ၅ ႀကိမ္ဗိုလ္စြဲထား

ၿပီး မန္ယူနဲ႔ ၁ ႀကိမ္၊ရီးရဲလ္နဲ႔ ၄ ႀကိမ္ရရွိခဲ့တာပါ။ ေနာက္ၿပီး သူဟာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ ၃ ခု

မွာဂိုးသြင္းႏိုင္တဲ့ တစ္ဦးတည္းေသာ ကစားသမားလည္း ျဖစ္ပါတယ္။ယူႏိုက္တက္က ပရီးမီး

ယားလိဂ္မွာ အဆင့္ ၆ သာရခဲ့လို႔ လာမယ့္ရာသီမွာေတာ့ စီေရာ္နယ္ဒိုဟာ ခ်န္ပီယံလိဂ္ဝင္ကန္

ရမွာ မဟုတ္ပါဘူး။ဒီအခ်ိန္မွာ မက္ဆီက ပီအက္စ္ဂ်ီနဲ႔အတူ ခ်န္ပီယံလိဂ္ဆက္ကစားရမွာျဖစ္

ကာ စီေရာ္နယ္ဒိုကို လိုက္မီဖို႔ ၁၆ ဂိုးသာ လိုေတာ့တာပါ။အဲဒါဟာ မန္ယူကကေန စီေရာ္နယ္

ဒိုထြက္ခ်င္ေနတဲ့အေၾကာင္းအရင္းလို႔ကက္စ္ကာရီႏိုက သံသယရွိေနပါတယ္။ ”စီေရာ္နယ္ဒို

ဟာ အၿမဲတမ္းအတၱႀကီးတဲ့ကစားသမားတစ္ေယာက္ပါ။ သူကစားခဲ့တဲ့အသင္းေတြကလည္း

ေအာင္ျမင္ခဲ့တဲ့အသင္းေတြပါ။ တကယ္လည္း သူဟာ ဂိုးသြင္းေကာင္းတဲ့အႀကီးက်ယ္ဆုံးက

စားသမားေတြထဲက တစ္ေယာက္ပါ။အႏိုင္မရခ်ိန္မွာေတာ့ ျပသနာရွိလာႏိုင္ပါတယ္။ ကြၽန္

ေတာ္သံသယဝင္မိတာကသူဟာ ခ်န္ပီယံလိဂ္မွာ ၁၄၁ ဂိုးရထားၿပီး မက္ဆီက ၁၂၅ ဂိုးရထား

တာပါ။သူဟာ ခ်န္ပီယံလိဂ္သမိုင္းတစ္ေလွ်ာက္ အႀကီးက်ယ္ဆုံးဂိုးသြင္းသူျဖစ္ခ်င္တာေၾကာင့္

ခ်န္ပီယံလိဂ္မကစားရတာကို လိုခ်င္မွာ မဟုတ္ပါဘူး။အဲဒါကပဲ သူ႔ရဲ႕အေၾကာင္းျပခ်က္ျဖစ္

မွာပါ”လို႔ ကက္စ္ကာရီႏိုက သုံးသပ္ခဲ့တာပါ။